The Pursuit of Happyness


 
This weekend I had watched great movie call “The Pursuit of Happyness “. That’s movie remind me last 12 years of my life.Yes! it appeared at my eyes images of little Ahkeno and her mom run away from her dad’s home and started the life with struggle.
 
We sleep under the floor without bed, eat food without plate.There are no more TV,no more furniture. We leave everything behind with Dad. Cause “He want these.He don’t want us”.That’s only three little things we bring.That’s our dogs.By words I write “Dogs”  but they are much more than our family members.
 
It been long story to write how we passed that struggle time. But only things I noticed with this movie and in our life the same thing is WE not give up. Yes! especial my mom she fed us (me and three dogs) and gave the place to live,earn money for life,gave strength to pass life even she broke up her husband .She has no time to cry, no time to depress.She moves on and on …Happy Mother’s day mom! Thank for bring me here,gave me stregth to live.Thank for everything.
 
Here is  post wirtten to my mom! Sorry about this was Burmese Version.

ဒီနေ့ဟာ အမေများနေ့မဟုတ်သလို အမေရဲ့မွေးနေ့ ထူးခြားတဲ့အထိမ်းအမှတ်ရှိတဲ့နေ တနေ့လည်းမဟုတ်ပါဘူး။ဒါပေမဲ့ အမေဟာ အကီနိုအတွက်တော့ အမြဲတမ်း အမှတ်တရရှိတဲ့ နေ့ကလေးတွေကို ဖန်ဆင်းပေးပါတယ်။ဒီအမေရဲ့ ရင်ကနေဖြစ်ပြီး ဒီအမေရဲ့ သမီးတယောက်ဖြစ်ခွင့်ရတဲ့  အတွက် အကီနို ဘုရားသခင်ကို အထူးပဲကျေးဇူးတင်မိပါတယ်။
ဘာသာမတူတဲ့ လူတယောက်ကို ယူမိလို့ အသိုင်းအ၀ိုင်းရဲ့ စွန့်ပယ်ခြင်းကို အသက် ၂၂ အရွယ် အမေတယောက် ရင်စည်းခံခဲ့ရတယ်။ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပဲ အချစ်တခုပဲ မျက်နှာလိုက်ခဲ့မိတယ်။ အိမ်ထောင်သက် ၂နှစ်ကျော်လာတဲ့ အခါမှာတော့ တည်ထောင်ပြီးသား
အိမ်ထောင်တခုကို မဖျက်ဆီးချင်တာကြောင့်ရော ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မဲ့စကားသံတွေကို ကြောက်တာကြောင့်ရော ကျိတ်မှိတ်ပေါင်းနေခဲ့တဲ့ ဒီအိမ်ထောင်ရေးထဲမှာ အနားမှာ တယောက်ယောက်လိုအပ်လာမိတယ်။ ချစ်စဖွယ် သမီးလေးသာဆို ငါဘယ်သွားသွားတုတ်ကောက်ကလေးလို ကပ်ညှိပါနေမှာဆိုပြီး   ဘုရားသခင်ဆီမှာ သမီးလေးတယောက်ရဖို့တောင်းခံမိတယ်။ သမီးလေး ကိုယ်ဝန်နေ့စေ့ လစေ့မှာပဲ  သဘောင်္ထွက်သွားတဲ့အိမ်ထောင်ဖက်ကြောင့် ကိုယ်မွေးဖို့ ကိုယ်တိုင် အထုပ်ပြင် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ထားခဲ့ရတယ် ။ ကိုယ်ဝန်ကြီး တကားကားနဲ့
မိဘအိမ်ပြန်ကပ်နေတဲ့ အခါ မိဘညူစူမှာဆိုးလို့ အလုပ်တွေမနိုင်မနင်းလုပ်ခဲ့ရတယ်။ ခါးသီးမှုတွေ ဘယ်လောက်များများ သမီးလေးမျက်နှာမြင်လိုက်ရတဲ့
အခိုက်အတန့်လေးမှာပဲ အမေအတွက် အားတွေဖြစ်ခဲ့တယ်။ သမီးလေးဟာ သူဆုတောင်းသလို ကိုယ်လက်အင်္ဂါပြည့်စုံနဲ့ ဖြူဖြူ၀၀ကစ်ကစ်ကလေးမို့အားလုံးက ဆေးရုံမှာ ကလေးမှားသလားလို့ စနောက်ကျတယ်။ ခဏခဏ ချူချာလွန်းတဲ့ သမီးလေးကြောင့် ရင်ပူခဲ့ရတာတယ် စိတ်မောခဲ့ရတယ် သမီးလေးများ အမေ့နားကထွက်ခွာသွားမလား။ တဖြည်းဖြည်းကြီးပြင်းလာတဲ့  သမီးလေးရဲ့ အနာဂတ်အတွက် ဒီအိမ်ထောင်ရေးကြောင့် ရလာမဲ့ အမည်းစက်တွေကို သမီးလေးစိတ်မှာ မစွန်းထင်းလိုတာကြောင့် အားလုံးကိုစွန့်လွတ်ပြီး သမီးကလေးရယ် မွေးထားခဲ့တဲ့ ခွေးကလေးတွေရယ်ကိုခေါ်ပြီးအ၀တ်တထည်ကိုယ်တခုနဲ့ လက်ထဲမှာရှိတဲ့ ငွေကြေးအနည်းငယ်နဲ့ ဘုရားသခင်နာမည်တပြီး ဘ၀တခုစခဲ့တယ်။ အမေရဲ့ နောက်ကို ယုံကြည်အားကိုးစွာနဲ့
လိုက်ပါလာခဲ့တဲ့ သမီးလေးတို့တွေကြောင့် အမေမှာ အနာဂတ်ကိုဆက်လျောက်ဖို့ အားရခဲ့တယ်။သမီးလေးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ စီးပွားရေးဖက်ကိုပဲ လုံးပမ်းမိချိန်မှာ အမေသတိမပြုမိတာက
သမီးလေးဟာ စိတ်ကစားတတ်တဲ့အရွယ်ကိုရောက်နေတာပဲ။ အမေသတိထားမိချိန်မှာ အမေနားက သမီးလေးကထွက်ခွာသွားချင်နေပြီ အမေအချစ်တွေက သမီးလေးအတွက်
အချုပ်အနှောင်ဖြစ်လို့နေပြီ။ကောင်လေးတွေရဲ့အကြည့်မှာ သမီးလေးစိတ်ကစားတတ်နေပြီ စာကျက်ချိန်အစား အလှပြင်ချိန်တွေများခဲ့ပြီ ငယ်ငယ်က ဆရာမဖြစ်ချင်တဲ့ သမီးလေးက
အခုတော့ Model ဖြစ်ချင်နေပြီ အချစ်သီချင်းလေးတွေ ဆိုညည်းတတ်နေပြီ။ ဒါပေမဲ့လည်း သမီးလေးရယ် ရှေ့ဆက်လျောက်ရမဲ့ လမ်းတွေအများကြီးအတွက် အမေလူကြမ်းကြီးလုပ်ခဲ့ရတယ်။
ကျောင်းသွားကျောင်းပြန်ကအစ အမေလိုက်ပို့ခဲ့တယ်။ စာကျက်ချိန်ဘေးမှာစောင့်လို့ ထမင်းစားချိန်ခွန့်ကျွေးပြီး သမီးရဲ့ပညာရေးလမ်းကြောင်း မပြောင်းလဲအောင် အမေ တည်မတ်ပေးခဲ့ရတယ်။
အမေ့ကို အစကထဲကချစ်ခင်နားလည်တတ်တဲ့ သမီးက အမေစကားနားထောင်ပြီး ပညာတွေနဲ့ အမေကိုကျေးဇူးဆပ်ခဲ့တယ်။ အမေဘ၀မှာ ပျော်ရွှင်ခြင်း ဂုဏ်ယူရခြင်းတွေဟာ သမီးလေးကြောင့်သာ
ရရှိခဲ့တယ်ဆိုတဲ့ အမေစကားလေးတခွန်းကြောင့် သမီးဟာ အမေဂုဏ်ယူရမဲ့ အမေစိတ်ချမ်းသာရမဲ့ ပျော်ရွှင်ခြင်းတွေကို ဖန်ဆင်းပေးခဲ့တယ်။ အမေ တယောက် အိမ်ထောင်ရေး ကံမကောင်းခဲ့ပေမဲ့
သားသမီးကံကောင်းလိုက်တာ အမေ့သမီးလေးကလိမ္မာလိုက်တာ ဆိုတဲ့ စကားသံတွေကြားတိုင် ပြုံးပြီး ပိတီဖြစ်နေတတ်တဲ့ အမေမျက်နှာကြောင့် သမီးလေး ပိုပြီး ကြိုးစားပြခဲ့တယ် ။
ျ ပညာတွေစုံလို့ သူများတွေ အိမ်ထောင်ပြုချိန် ပြည်ပကိုထွက်ခွာသွားချိန်မှာတောင် သမီးလေးက
အမေနားနေရင်း အမေနဲ့ထမင်းဟင်းဝိုင်းကူးချက်ရင် အမေပျော်အောင်သီချင်းဆိုပြရင်း အမေဘေးနားရှိနေပေးခဲ့တယ်။ တခါတလေတော့လဲ တွေးမိတယ် သမီးရဲ့တက်လမ်းတွေ
အမေများချုပ်ကိုင်ထားမိသလားဆိုပြီး သမီးလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ မေးကြည့်မိတော့ အမေ့ဘေးနားမှာနေပြီး အမေနဲ့ပဲကုန်လွန်ဖြတ်သန်းချင်တာကြောင့် ကျေးဇူးတင်မိပါတယ် သမီးရယ်။(မာမီနဲ့ပတ်သတ်ပြီး Blogရေးမယ်ဆိုပြီး အကီနိုပြောတော့ မာမီက သူပြောချင်တဲ့စကားလေးတွေထည့်ပေးလိုက်တဲ့အတွက်ကြောင့် အကီနိုအနေနဲ့ မရေးပဲ မာမီရဲ့ ခံစားချက်အနေနဲ့ ပြန်ရေးပေးထားတဲ့ ပိုစ်လေးပါ။ကမ္ဘာပေါ်မှာ အကီနို အသက်ထက် ပိုချစ်ရတဲ့သူဟာ အကီနိုအမေပါပဲ။ဘယ်တော့မှပြောင်းလဲခြင်း လျော့ပါးခြင်း အခြားတယောက်ပြောင်းချစ်ခြင်း မရှိတာ မိဘရဲ့ချစ်ခြင်းမေတ္တာပါ )

 15.12010
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s