Let’s with Drupal


Content Management System ဆို Joomla နဲ့ စခဲ့တဲ့ အကီနို အဖို့တော့ Durpal ကို စတင်ပြောင်းဖို့ရာ အင်မတန်တော့ ခက်ခဲတဲ့ ကိစ္စတခုပါ Technical ပိုင်း အရမပြောင်းနိုင်တာ မဟုတ်ပေမဲ့ egoအပိုင်းရ ရော Joomla Conference ကြီးတောင် တတ်ထားပြီး ပြန်ရောက်တာ တလလောက်တောင် မပြည့်မသေးတဲ့အချိန်မှာ အလုပ်ရဲ့ လို အပ်ချက်အရ မပြောင်းမဖြစ်ပြောင်းခဲ့ရပါတယ်။  အဲဒီတုန်းက လက်ရှိ Joomla project ကမပြတ်သေးတော့ ၉နာရီကနေ ညနေ ၄နာရီထိ Joomla လုပ် ၁နာရီကိုလေ့လာချိန်ထားပြီး ညပိုင်းတောက်လျောက် Drupal ကို စမ်းရင်းနဲ့ တခါတည်း project  စခဲ့ရတာပါ။ အဲဒီတုန်းက yoma က သူငယ်ချင်းကတော့ တော်တော်လေး အကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ထုံးစံ အတိုင်း အမြဲတမ်း google ကနေ self learning နဲ့ စရတာပေါ့။မှတ်မှတ်ရရ စစချင်း error တက်တာ drupal 7 ကို စသုံးတဲ့ အကီနို က  joomla 1.5 ကြောင့် xampp version အမြင့်မသုံးထားတော့ error တက်တာပေါ့။ ဒီ error လေးကြောင့် ဘာပဲစလုပ်လုပ် system requirement ကို စဖတ်ဖြစ်တော့တယ်။ စစချင်းမှာ joomla ရဲ့ concept တွေကြောင့် drupal ဟာ ကိုယ့် အတွက်တော်တော်ကြီး ကို အဆင်မပြေတဲ့ သတ္တ၀ါလို့ ခံစားမိတယ် နောက်တော့ ဒီပုံတိုင်းသွားရင် မဖြစ်တော့ဘူး ဆိုပြီး Joomla ကို မေ့ အသစ်တယောက်က စလေ့လာ သလိုမျိုးလေ့လာမှ တော်တော်လေး ခရီးရောက်တော့တာပါ။ နောက်ပိုင်းတော့လည်း projects တွေက ဆက်တိုက် drupal ကြီးဖြစ်နေတာမို့ ခုတော့ ကိုယ်ကို project တခုမှာ စိတ်ကြိုက် CMS နဲ့ ရေးပါဆို Drupal ပဲရေးဖြစ်တော့မယ် ။ မန်းလေး ဘားကမ့်တုန်းကလည်း သံယောဇဉ်မင်း၊ဝေလွင် တိုနဲ့ trial drupal session တောင် လုပ်ဖြစ်တဲ့ အထိကို စွဲသွားတာ။ ဒီလောက် တရှည်တလျားကြီးပြောပြနေတာ ဘာကြောင့် အကီနို drupal လုပ်ဖြစ်တယ်ဆိုတာပြောပြထားတာပါ။  တော်တော်များများက အကီနိုကို ဆို Joomla အနေနဲ့ သိထားတော့ Drupal ထရေးတော့ အပြောင်းအလဲမြန်တယ် ထင်နေမှာစိုးလို့ပါ။

ကဲစပြီးတော့ Drupal ကို ကိုယ့်ရဲ့ localhost လေးပေါ်မှာ စမ်းကြည့်ရအောင်နော် ။ ဒီပိုစ်က လုံးလုံး၀၀ beginnre အဆင့်ဖြစ်တာမို့ သိပြီးသား သူတွေ ကျော်သာဖတ်သွားပါ။

What we need for Drupal?

၁.အားလုံးရဲ့ အစပထမ Localhost မှာ database တခုဆောက်ပါ။အကီနိုကတော့ Database ဆောက်တဲ့ အဆင့်ကိုအရင်လုပ်ပါတယ်။ ဒါမှ durpal install လုပ်တဲ့ အခါ step by step clickသွားနိုင်အောင်လို့ပါ။

၂. စစချင်း install လုပ်တဲ့ အခါ standard နဲ့ minimal ကိုမေးပါတယ်။ Standard ကတော့ core drupal ကဟာတွေနဲ့ အဓိကသုံးမှာတွေ ပါပြီးသားပေါ့။ minimal ကတော့ modules အနည်းအကျဉ်းနဲ့ပေါ့ပေါ့ပါးပါး ဘလော့လို ဆိုဒ်လောက်တွေအတွက်ပါ။ အကီနိုကတော့ standard ပဲရွေးလိုက်ပါတယ်။

၃.နောက်တော့ Choose language,Verify requiments တွေကို Next click သာနှိပ်လိုက်ပါ။

၎.Set up database မှတော့ ကိုယ်ဆောက်ထားတဲ့ database name,passwords တို့ ကိုဖြည့်ပါ။

၅.၆.ကတော့ profile နဲ့ site တို့ရဲ့ အချက် အလက်လေးတွေကို ဖြည့်တာပါ။ ဒီအဆင့်တွေမှာ ထည့်ပြီးသားစာတွေ ပြင်ချင်ရင်နောက်ပိုင်း ဆိုဒ် ဆောက်ပြီးမှ ပြင်လည်းရပါတယ်။
အားလဲုးပြီးသွားတဲ့ အခွ ကိုယ့်ရဲ့ drupal ဆိုဒ်ကလေးရပါပြီ။

ခု အကီနို Weclome to My Drupal World ဆိုတဲ့ ပုစ်လေးကို စတင်ကြည့်ရအောင်။ပထမဆုံး Content meu လေးကို သွားပါ ၊browser link ကနေသွားရင် http://localhost/your porject name/admin/content ပါ။ဘာမှမတင်ရသေးတဲ့ အတွက်ဒီလို ရှင်းရှင်းလေးမြင်ရပါလိမ့်မယ်။

Choose Add Content>Article ကိုရွေးပါ။ ဘာကြောင့် article ကိုရွေးရတယ် ကိုယ် project အလိုက် လိုအပ်ချက်ကြီးရင် ကြီးသလို Content type တွေ  မျိုးမျိုးဆောက်သွားတဲ့အကြောင်းကို နောက်ပိုင်း ပိုစ်တွေမှာ ထပ်မံရှင်းပြသွားမှာပါ။ ခုတော့ Article ကနေ post လေးတင်လိုက်ပါ။

 

ကိုယ်ရဲ့ post လေးကို ဒီလိုမြင်ရမှာပါ။

ဒီမှာ Article မှာ ပါဝင်တဲ့ content type တွေကတော့

title,image,blog post,tag တိုပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ projects တွေ ပြောင်းပြောင်း Blog post တင်ဖို့အတွက်မရှိမဖြစ် Content type တွေ့ကို Drupal က default အနေနဲ့ တည်ဆောက်ပေးထားပါတယ်။

ဥပမာ အားဖြင့် Drupal နဲ့ တည်ဆောက်ထားတဲ .net magazine က ပိုစ်တခုကိုပဲ ဥပမာကြည့်ကြည့်ရအောင်။  ညာဘက်ခြမ်းက block တွေမပါပဲရိုးရိုး blog post အရ Title,Image,Blog post ရယ်နဲ့ ရေးတဲ့ author,date တွေကိုပဲဖော်ပြပေးသွားတာ တွေ့ရပါမယ်။

ခုဆိုရင် အကီနို တို့ “Weclome to My Drupal World ” Blog post တခုကို စတင် တင်ပြီးသွားပါပြီ။နာက်နေ့ ပိုစ်မှာအဲဒီ post တွေ နေရာချ အသက်ဝင်အောင် ပြောင်းရွှေ့ပေးမဲ့ View အကြောင်း ဆက်လက်ရေးသားမှာ မို့ မှာ Download ကြို ချထားပေးပါ။

ဆက်လက်ရေးသားသွားပါမယ်။

Advertisements

One thought on “Let’s with Drupal

  1. ပို့စ်က တင်ထားတာ ကြာပြီဖြစ်ပေမယ့် Drupal စသုံးတဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ ကျေးဇူးပါ။ အခု ကျနော်လည်း Drupal ကို မဖြစ်မနေ ပြောင်းနေရပါပြီ။ ကိုယ်တိုင်မလုပ်တတ်တော့လည်း နိုင်ငံခြား company တခုကို ငှားပြီး လုပ်နေရတာပေါ့။ Drupal နဲ့ ပတ်သက်ပြီး ရင်ဖွင့်ဖော် တယောက်ရသလိုဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s