Web developer Tools at Firefox Aurora 10


Web developer/designer တွေအတွက်မရှိမဖြစ် tools ဖြစ်တဲ့ firebug ကို အားလုံးသိကြမှာပါ။ ဒီလိုပဲ web developer tools ကို လည်းသုံးဖူးကြမယ်
ထင်ပါတယ်။ ခုချိန်မှာ Firefox ရဲ့ Aurora 10 မှာ built in အဖြစ်ထည့်သွင်းပေးလိုက်ပါပြီ။ ဒီတော့ ဒီပိုစ်လေးကို မဖတ်ခင်မှာပဲ Firefox ရဲ့ Aurora
 ကို download ချထားလိုက်ပါ။

Web developer Tool ကိုအသုံးပြုတော့မယ်ဆိုရင် Menu > Tools> WebDeveloper ဒါမှမဟုတ် Ctrl+Shift+I တိုကို တွဲနှိပ်ပေးပါ။ ပြီးရင်တော့ ကိုယ်ရဲ့ webpage ပေါ်မှာ inspect element နဲ့ ကိုယ်လိုချင်တဲ့ element တခုစီကိုထောက်ပြီး inspect လုပ်နိုင်ပါတယ်။Overlay လေးပေါ်နေတဲ့ကိုယ်ရွေးချယ်ထားတဲ့ အပိုင်းလေးတခုစီကို tag,ID,classes တွေအလိုက် ဖော်ပြပေးပါတယ်။ ဥပမာ ဒီပုံလေးကို ထောက်လိုက်ရင် သူ့ရဲ့ tag,html code တွေနဲ့ CSS properties တွေအထိကို အသေးစိတ်ဖော်ပြပေးတယ်။window ရဲ့ အောက်ဆုံးမှာရီတဲ့ ညာဘက်ဒေါင့်စွန်ဆုံးက HTML နဲ့ Style button လေးကိုလည်း ပြောင်းပြီး ကစားနိုင်တယ်။Style buttonလေးကို နှိပ်လိုက်ရင်တော့ Rules ရယ် Computed ရယ် ဆိုတဲ့ buttons လေးနှစ်ခုကို ထပ်မြင်နိုင်မှာပါ။ Rules မှာတော့ ကိုယ်ရွေးချယ် inspect လုပ်ထားတဲ့ element မှာ သုံးထားတဲ့css rule တွေကိုဖော်ပြပေးထားတယ်။ Computed ကတော့ သူ့ရဲ့ properties လေးတွေံကို ဖော်ပြပေးထားတာပါ။

အလွယ်တကူပြန်ထွက်နိုင်တဲ့ short cut လေးကတော့ Esc လေးပါပဲ။ Rule မှာရှိတဲ့ style တွေကို လည်း ကိုယ်စိတ်ကြိုက် css တွေကို ပြုပြင်ပြီး စိတ်ကျေနပ်မှာ ကိုယ့်ရဲ့ project က style ကိုပြုပြင်ပေးခြင်းအားဖြင့် အပြန်အပြန် အလှန်လှန် webpage ဖွင့်ကြည့်လိုက် project က ဒီဇိုင်းကို ပြုပြင်လိုက်လုပ်ခြင်းကြောင့် ကြာမြင့်တဲ့အချိန်တွေ သက်သာသွားပါတယ်။

HTML Inspector/CSS Inspector
ဥပမာ နဂိုမူလက မီးခိုးရောင်လေးရှိနေတံ့ အကီနို ဘလော့က title လေးကို အရောင်ပြောင်းကြည့်ရအောင်title ကို inspect လုပ်ပါ။

ပြီးရင် ညာဘက်ဒေါင့်မှာရှိတဲ့ style button လေးကိုနှိပ်လိုကပါ် ။ Rules ထဲမှာ color: red; လိုက်ရိုက်လိုက်တာနဲ့ title လေးဟာ အနီရောင် ပြောင်းသွားပါတယ်။ဒီတော့ ကိုယ်လိုချင်တဲ့ desgin ရတဲ့အထိ css ကို ဒီပေါ်မှာ ကစားပြီး မှာ တကယ့် project ထဲ သွား ပြုပြင် (edit)လိုက်ရုံပါပဲ။

Scratpatch
သူကတော့ javascript developer သမားတေံ စိတ်ကြိုက်ဖြစ်စေမဲ့ tools လေးပါ။ အကီနို အရိုးရှင်းဆုံး js code လေးပဲရေးပြလိုက်ပါတယ်။ 🙂 code ရေးပြီးရင်တော့ scratchpad menu ပေါ် က execute > run ကို နှပပေးပြီး ကိုယ့်ရဲ့ js code တွေကို စမ်းသပ်နိုင်ပါတယ်။

Web Console
Web console ကတော့ Network requests,CSS error Messages,JavaScript error Message တွေနဲ့ web developer messages တွေကို ဖော်ပြပေးတယ် ။

web developer တွေ အတွက် ဒီ web developer tools ဟာ ဒီထက်မကတဲ့ အားသာချက်တွေအများကြီးရှိပါသေးတယ်။ဒီပိုစ်မှာရှင်းလင်းပြောပြသွားတာတွေဟာ အခြေခံအဆင့်လောက်သာဖြစ်ပြီး ကိုယ့် project တွေရဲ့ လိုအပ်ချက်တွေ အလိုက် ကောင်းစွားအသုံးချ တတ်မယ်ဆိုရင် လုပ်ငန်းပိုင်းမှာ ပိုမိုလျင်မြန် လွယ်ကူပြီးတော့ အချိန်ကုန် သက်သာစေတဲ့ Development Tools ဖြစ်ကြောင်း ရည်ညွန်း ဖော်ပြအပ်ပါတယ်။

Refer: http://hacks.mozilla.org/2011/11/developer-tools-in-firefox-aurora-10/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s