Experience of my works


အကီနို Internet ကို စသိခဲ့တာ ၂၀၀၇ခုနစ်နောက်ပိုင်းမှပါ အဲဒီချိန်မှာမှ ခေတ်စားနေတဲ့ Google Mail ကို စတင်သုံးခဲ့တာပါ။တကယ်တော့ အဲဒီချိန်က Master first year ကိုပြီးထားတဲ့ကျောင်းသူတယောက်အနေနဲ့ အင်တာနက်ကိုသိတာအရမ်းနောက်ကျလွန်းနေပါတယ်။ တခါကြည့် တနာရီ ၆၀၀ ကျပ်ဆိုတဲ့ ဈေးနှုန်းရယ် ကိုယ်ပိုင် Computer မရှိတာရယ်ကြောင့် ကိုင်ဖို့ စမ်းဖို့ကြောက်တဲ့ စိတ်ကြောင့် အသိနောက်ကျခဲ့တာ ။ နောက်တခါ ကျောင်း ရယ် ကျောင်းစာရယ်မှာပဲနှစ်မြှပ်ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေခဲ့တယ် ။ကျောင်းပြီးလို့ Thesis ရေးဖို့ သူငယ်ချင်းက သင်တန်းလေးတခုတတ်ထားမယ်ဆိုပြီး နာမည်ကြီးသင်တန်းတခုမှာ Asp.Net သွားတတ်ဖူးတယ် ။ သင်တန်းသာပြီးသွားတယ် ဘာသင်လိုက်မှန်းမသိဘူး။ ကိုယ်ညံတာရော သင်တဲ့နည်းစနစ်မကောင်းတာရောပါမှာပါပေါ့လေ။ အဲဒီထဲက .net နဲ့ အကျိုးမပေးတာ။ နောက် web design သွားတတ်တော့ Html page တွေကို Table သုံးပြီး အမုန်းဆွဲခိုင်းခဲ့တယ် ။ သင်တန်းတော်တော်များများက ပိုက်ဆံရဖို့ရယ် မြန်မြန်ပြီး မြန်မြနနောက်တတန်းဖွင့်ဖို့ရယ်ပဲ စိတ်ထဲရှိကျတော့ ကျောင်းသားတွေက သင်တန်းပြီးလည်း တတ်မလာဘူးဖြစ်နေတယ်။ နောက်ကလေးဘ၀ထဲက အရိုးဆွဲနေတဲ့ ကျောင်းကစာကျောင်းမှာပြီး ကျူရှင်ကစာကျူရှင်မှာမေ့နဲ့ တကယ့်လုပ်ငန်းခွင်ထဲလည်းဝင်ရော အားလုံးအစက ပြန်စရတော့ ကွန်ပျူတာတက္ကသိုလ်က ကျောင်းသားတွေဘာမှ မတတ်ဘူးဖြစ်တာပေါ့။ အကီနို အလုပ်ထဲစရောက်တော့ HTML ကို Dream weaver သုံးပြီးရေးမိလို့ဘေးက Designer ကရီတာခံရဖူးထဲက Notepad နဲ့ရေးတတ်အောင်ကြိုးစားခဲ့တယ်။ တကယ်တော့ လုပ်ငန်းခွင်ကဆိုတာ ကျောင်းတော်ပါ။ အလုပ်ကြောင့် အကီနိုတတ်သွားခဲ့တာ တတ်လာခဲ့တာတွေများပါတယ်။ ဒါပေမဲ့ VB မရေးတတ်လို့ IT လောကမှာ လုပ်မစားနဲ့လို့ ပြောခံရဘူးတယ်။ ကိုယ်ရေးတဲ့ Code ကို ကိုယ်ပြန်သိမ်းဖို့ stick ထိုးခွင့်မပေးတာကြုံဖူးတယ်။ နောက် programmer ကို Data Entry သွင်းခိုင်းပြီး အထုပ်မသယ်ပေးမိလို့ Manager စောင်းမြောင်းတာခံရတယ်။ ကိုယ့်အားချိန်မှာ စာဖတ်နေလို့ ဘယ်တော့မှ မဆုံးတဲ့ IT နည်းပညာအကြောင်းလိုက်နေလို့တော့ ပြီးမှာမဟုတ်ဘူးလို့ပြောတဲ့ Boss မျိုးကြုံဖူးတယ်။ Programmer ဌားထားပြီး Internet မပေး Ebooks မပေးပဲ ဒီတိုင်းရေးလိုချင်တာ ပါးစပ်ကရွတ်ပြတဲ့ Boss မျိုးလည်းရှိတယ်။ ဒါတွေဟာ ဘာတွေကြောင့်လဲ IT နဲ့ Business ရောထွေးနေတယ်။ ပညာရှင်ကို blue column worker အဖြစ်သတ်မှတ်ပြီး ငွေပေးတယ် လုပ်အားပြန်ပေးဆိုတာမျိုး ဆက်ဆံကျတယ်။ တကယ်တော့ အကီနိုတို့အလုပ်က စိတ်နဲ့ ဦးနှောက်နဲ့လုပ်ရတဲ့ အလုပ်ပါ စိတ်မပါဘဲ ဘယ်လောက်တွန်းအား (pressure) ပေးပေး ဘာမှထွက်မလာပါဘူး။ သူတို့စိတ်ထဲ ဒီနေ့တနေ့လုံးနေပြီးမှ Coding လေး တမျက်နှာတောင်မထွက်လာရင် စိတ်မကြည့်လင်ကျဘူး။ အကီနိုတို့ဘက်ကလည်း ဒီ Coding တကြောင်းစာအတွက် ဖတ်လိုက်ရတဲ့စာတွေ ကြည့်လိုက်ရတဲ့ Internet တွေ ရှာလိုက်ရတဲ့ Reference တွေအများကြီးပေးခဲ့ရတာပါ။နောက် Internet ကွန်ပျုတာသမားမှန်ရင် Internet က Essential ပါ။ စာရင်းကိုင်သမားမှာ Calculator လိုသလို အကီနိုတို့ ကွန်ပျူတာသမားတိုင်း Internet ကအသက်ပါ။ အင်တာနက်တတ်ထားတိုင်း ချက်နေမယ်လို့ ဘာကြောင့်များ အလုပ်ရှင်တွေတွေးထင်နေရတာလဲ။ အကီနိုတို့လည်း လုပ်ငန်းခွင်ထဲ ၀င်နေတဲ့ အရွယ်ရောက်ပြီးသား လူတွေပါ။ Personal နဲ့ Work ကိုတော့ ခွဲခြားတတ်ပါတယ်။ ကိုယ်ရှာမရ ဖြေရှင်းမရတဲ့ Error တွေကို Chat ထဲကဆင့် Forum ထဲကတဆင့်ရလာတဲ့ Result တွေအများကြီးပါ။ အဲဒီ ပြသနာတွေကို အကီနိုလိုပဲ ပညာရှင်တော်တော်များများခံစားနေကျရပါလိမ့်မယ်။ ဒါတွေကို ပြင်ဆင်ဖို့ လိုအပ်တာတွေကို ညှိနှိုင်းဖို့ အကီနိုတို့ ဘာလုပ်သင့်လဲ။

Advertisements

ကလေးတို့အနာဂတ်


အကီနို အခုရက်ပိုင်းအတွင်း စာတောင် မရေးနိုင်အောင်ပင်ပန်းနေပါတယ်။ ကလေးတွေကို စာသင်ရတာ လူကတော့ မပင်ပန်းပါဘူး အဓိကပင်ပန်းတာ စိတ်ပင်ပန်းတာပါ။ စသင်ခါစ ရက်တွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့လိုက်နိုင်ပေမဲ့ စာလုံးပေါင်းလည်း ခေါ်ရော မရတဲ့သူတွေတွေ့ရပါတယ်။ နှစ်တန်းဖြေထားတဲ့ ကျောင်းသားတယောက်က The Body လောက်တော့ ရသင့်ပါတယ်။ ဒါတွေမရပဲ သူတို့အတန်းကို ဘယ်လိုအောင်မြင်လာကြလဲ။ တချို့ကလေးတွေက ဥာဏ်ရည်အရကိုမရတာထားလိုက်ပါ။ အကီနိုသူတို့ကိုဆွဲခေါ်တယ်။ စိတ်ဓာတ်မကျအောင် ထက်ခါထက်ခါပြောပြီး ဆွဲခေါ်တယ်။ အဓိကက ဂိမ်းကျတော့ရတယ် စာကျတော့မရတဲ့ကလေးတွေပါ။ သူတို့ဥာဏ်ရည်တွေကို အကီနိုသိတယ် လုပ်ရင် လုပ်သလောက်ဖြစ်တယ်။ ဒါပေမဲ့ တွန်းအားပေးမဲ့သူ အနားကလိုက်လုပ်ပေးမဲ့သူတွေမရှိတော့ ကလေးတွေက ဖြစ်ချင်သလောက် ဖြစ်မလာဘူး။ အဲဒီလို အမှတ်များမရရင်တော့ မိဘတွေက မျက်နှာမကောင်းကျဘူး။ တကယ်တော့ အိမ်ပြန်ရောက်ရင် ကိုယ့်ကလေးကို ဘာတွေသင်လဲ ဘာတွေအိမ်စာပေးလဲ ဆိုတာ ပြန်မေးပြီး တခေါက်လောက်တော့ပြန်နွေးပေးသင့်တယ်။ မိဘတယောက်ကဆိုပြောသေးတယ် ဒီမှာ ကျောင်းထားမှာမဟုတ်ဘူး မြန်မာစာကို ရည်းစားစာရေးတတ်ရုံတော်ပြီတဲ့။ အကီနိုရင်ထဲအောင့်တတ်သွားတယ်။ သူအဲဒီလိုပြောတဲ့ စကားကို ကလေးက မျက်လုံးလေးတောက်ပြီးနားထောင်နေတာ အကီနိုစိတ်မကောင်းဘူး။ကလေးစိတ်ထဲမှာ ဒီစာတွေငါတတ်စရာမလိုဘူး ငါတတ်လဲ ဘာမှသုံးစားလို့မှမရတာလို့တွေးထင်သွားရင် ကလေးကို ဘယ်လိုသင်သင်တတ်လာမှာမဟုတ်ဘူး။ ကိုယ်ဘယ်လောက်ကြီးပဲ ချမ်းသာပါစေ မြန်မာပြည်ကိုတသက်လုံး ပြန်မလာလို့မြန်မာစာမသင်လဲရတယ်။ ဒါပေမဲ့ ပညာတခုကိုတော့ မစော်ကားပါနဲ့။ မဖျက်ဆီးပါနဲ့။ နောက်ပြီး အကီနိုတခါပြောဖူးသလို ဒီကဘွဲ့ဘာလုပ်ရမှာလဲ ဆိုတဲ့စကားပါ။ ကိုယ့်ဆီမှာ အလွယ်တကူနဲ့ရတဲ့ ဘွဲ့ကိုတောင် ရအောင်မဖြေပဲနဲ့ နိုင်ငံခြားက ပညာကိုကော အလွယ်တကူရနိုင်မလား။ အကီနိုကတော့ ကိုယ့် လူမျိုး ကိုယ့်စာစကားကိုတန်ဖိုးထားတယ်။ ဘယ်ကြောင့်ပဲဖြစ်ဖြစ်ကိုယ်မကြိုက်တောင် မစော်ကားဘူး။ အကီနို မိတ်ဆွေ ဂျွန်(အမေရိကားနိုင်ငံသား)တောင် မြန်မာစာလုံးဝိုင်းဝိုင်းလေးတွေကိုလှလို့ဆိုပြီး သူ့ကွန်ပျူတာထဲမှာ မြန်မာစာဖောင့်သွင်းထားသေးတယ်။ ကိုယ့်စာစကားကိုသူများကလေးစားနေချိန်မှာ ကိုယ်ကဘာကြောင့်ဖျက်ဆီးနေတာလဲ။ သူတို့ဖျက်ဆီးနေတာ စာပေတခုထဲမဟုတ်ဘူး ကလေးတွေရဲ့ စိတ်ဓာတ်ပါပါသွားတယ်ဆိုတာ မိဘတွေမသိဘူး။ ကလေးတွေစိတ်ထဲမှာ ဒီစာလုပ်စာမလိုဘူး ဒီစာကအပိုပါနဲ့ အရာရာကို ပေါ့ပျက်တဲ့ အတွေးတွေဝင်သွားပြီး အရာရာကို အလွယ်လမ်းလိုက်သွားလိမ့်မယ်။ သားသမီးကိုချစ်ရင် အလိုမလိုက်သင့်ပါဘူး။ ကလေးဘ၀ထဲက စည်းနဲ့ဘောင်နဲ့ထားမှ ကြီးလာတဲ့အခါ စည်းကမ်းလိုက်နာတတ်တဲ့သူတယောက်ဖြစ်လာမှာပါ။ ကျေးဇူးပြုပြီး ကလေးတယောက်ရဲ့ အနာဂတ်ကို မဖျက်ဆီးကျပါနဲ့။နောက်ပြီးကလေးတွေကို မနှိမ်ပါနဲ့ မမြှောက်ပါနဲ့ ။ ဆုပေးဒဏ်ပေးစနစ်ကိုကျင့်သုံးပါ။ ကလေးတယောက်ကမြှောက်ပေးလွန်းအားကြီးရင် ကြီးရင်ဘာကိုမှမကြောက်တတ်တဲ့ လူဆိုးလေးဖြစ်သွားပါမယ်။ နှိမ်လွန်းအားကြီးရင်လဲ ငါဘာလုပ်လုပ် မအောင်မြင်ဘူးဆိုတဲ့ ကြောက်စိတ်ကြီးဝင်ပြီး လူကြောက်တယောက်ဖြစ်သွားပါလိမ့်မယ်။ မှန်တဲ့အခါ ဆုပေးမှားတဲ့အခါ ဒဏ်ပေးပြီး ဘာကြောင့်ဆုရတယ် ဘာကြောင့်ဒဏ်ရတယ်ဆိုတာကို သူ့တိုစိတ်ထဲစွဲနေပါစေ။ အကီနိုငယ်ငယ်က ပန်းကန်ခွဲမိလို့ မုန့်ဖိုးထဲက ဖြတ်ပြီး ပြန်လျော်ပေးပြီးကထဲက နောက်ပန်းကန်မကွဲအောင်ဂရုစိုက်တတ်လာပြီး ပိုက်ဆံကို တန်ဖိုးထားတတ်လာအောင် အကီနိုအမေသင်ပေးခဲ့ပါတယ်။ ကလေးတွေကို ငယ်သေးတယ် ဘာမှမသိဘူးဆိုပြီး သူတို့ရှေ့မှာဆဲဆိုတာတို့မပြုမူသင့်ပါဘူး။ တကယ်တော့ ကလေးတွေဟာ မှတ်ဥာဏ်အရမ်းကောင်းပါတယ်။ အခုချိန်မှာ မြင်မြင်သမျှက သူတို့အတွက်သင်ယူစရာတွေကြီးပဲမို့ ကလေးတွေကို အတတ်ကောင်းတွေမသင်မိပါစေနဲ့။အကီနိုမှာ ကလေးလေးမရှိသေးပါဘူး ဒါပေမဲ့ ကလေးလေးတွေရဲ့ ဘက်ကနေ၀င်ပြီး ရေးပေးထေားတဲ့ပိုစ်လေးပါ။တကယ်တော့ ကလေးလေးတွေဟာ အပြစ်ကင်းစင်ပါတယ်။ အပြစ်ကင်းတဲ့ကလေးတွေ အနာဂတ်ကိုဆက်တဲ့အခါ အရိပ်ဆိုး အမြင်ဆိုးကြီးတွေ စိတ်ထဲကပ်မပါသွားအောင် မိဘတွေနဲ့ အနီးကပ်ဆုံးဆရာတွေကကျိုးစားပြီး ပြုပြင်လမ်းပြုပေးကြပါ။