ရန်ကုန်ကွန်ပျုတာတက္ကသိုလ်သို့ တခေါက်(Our University Changing)


မနေ့က BarCamp Yangon အကြောင်း ရန်ကုန်ကွန်ပျုတာတက္ကသိုလ် မှာကြော်ငြာ သွားကပ်ဖို့ အတွက်ကျောင်းကိုရောက်ဖြစ်ခဲ့တယ်။ကျောင်းရောက်တော့မှ ကျောင်းမှာ PSC (Parallel and Soft Computing) 2009 Conference ရှိတာသိရတယ်။ အကီနိုက စာရွက်ထုတ်ပြီးမှ ကျောင်းကိုရောက်တော့ ဆရာမကြီး စကားပြောတာရယ် ကော်ဖီချိန်ရယ်လွတ်သွားတယ်။ အစီအစဉ်က 8.30-9.00 Am မှာ ဒေါက်တာဒေါ်နီလာသိန်း(ပါမေက္ခာချုပ်ရန်ကုန်ကွန်ပျုတာတက္ကသိုလ်) ဖွင့်အမှာစကား ပြောကြားပါတယ်။ နောက် MCPA က U Zaw Moe Tun က Professional IT Career Development and U Tun Khine က Experiences on Software Outsourcing အကြောင်းတို့ကို ပြောကြားသွားကြပါတယ်။ နောက်မှာတော့ စာတမ်းဖတ်မဲ့ သူများက သက်ဆိုင်ရာ အခန်းကိုယ်စီမှာကိုယ့်စာတမ်းကို ဖတ်ကြားရမှာပါ။ အကီနိုကြားသိခဲ့ရတာကတော့ စာတမ်းပေါင်း ၄၀၀ ကျော်တယ်ဆိုပါပဲ။Seminar မှာ ကျောင်းသားဟောင်း ဦးထွန်းခိုင်ပြောခဲ့တဲ့စကားလေးကို အကီနိုအတော်ပဲသဘောကျခဲ့ပါတယ်။ “ကျောင်းကပေးတဲ့ သီအိုရီတွေ ပညာတွေဟာ အလကားမဖြစ်ပါဘူး တချိန်မှာ သူများနဲ့ ပြန်ယှဉ်တဲ့ အခါကိုယ်ကတပန်းသာနေမှာပါ။ ကျောင်းကပေးတဲ့ အသိတွေဟာ ရေရှိရာကိုနေရာညွန်ပြပေးပြီး ရေတူးဖို့ကတော့ ကိုယ့်ကြိုးစားအားထုတ်မှုပါပဲ” လို့ ပြောခဲ့ပါတယ် ။ ဒီစကားကို ကျောင်းကထွက်သွားတဲ့ သူတိုင်း ခဏခဏပြောနေကျစကားပါ။ ပြီးတဲ့နောက်မှာ တက်ရောက်လာတဲ့ လူကြီးတွေကို နေလည့်စာ ထမင်းကျွေးမွေးပါတယ်။ စားရကံကြုံတဲ့ အကီနိုကကပ်ပြီးလိုက်စားခွင့်ရပါတယ်။တသက်နဲ့တကိုယ်ကျောင်းကကျွေးတဲ့ထမင်း ဒါပထမဆုံးစားရတာပါ။ အထူးသဖြင့် ဆရာမကြီးရယ် MCPA ကလူကြီးတွေရယ် ကျောင်းက ဆရာမပါမေက္ခာတွေနဲ့ အတူတူစားခွင့်ရလို့ပါ။ အကီနိုတို့က ထမင်းထည့်ပေးတာလဲ ဆရာမတွေဖြစ်နေတာနဲ့ အရမ်းပဲ အားနာခဲ့ရပါတယ် (အားနာလို့ ထမင်းကို ၂ပန်းကန်ပဲစားခဲ့ပါတယ်)။ ပွဲကိုတက်ရောက်လာတဲ့ ကျောင်းသားတွေကို Lunch Box ရယ် Coffeeရယ် ကျွေးမွေးခဲ့ပါတယ်။ သာမာန်ကျောင်းသားဆို ၀င်ကြေး ၃၅၀၀ကျပ် ဖြစ်ပြီးတော့ စာတမ်းဖတ်မဲ့ကျောင်းသားတွေက စာတမ်းကြေး ၁၅၀၀၀ကျပ် ပေးသွင်းပြီး နားထောင်ခွင့်ရကြပါတယ်။ အရင်ရင်နှစ်တွေတုန်းက ဆီဒိုးနာ ဟိုတယ်မှာ ပြုလုပ်နေကျဖြစ်ပြီး ဒီနှစ်ကျမှ ကျောင်းမှာ ပြုလုပ်ခဲ့တာပါ။ အကီနိုကတော့ ကျောင်းမှာ ပြုလုပ်တာကို ပိုသဘောကျခဲ့ပါတယ် ။ဒါမှလည်း ကျောင်းသားတွေ အသိပညာဗဟုသုတတွေကြွယ်ဝလာစေမှာပါ။ထမင်းစားပြီးချိန်မှာ ကျောင်းမှာရှိတဲ့ Workshop room ရယ် Lab room ရယ်ကို လူကြီးတွေနဲ့အတူသွားကြည့်ဖြစ်ခဲ့တယ်။ အဲဒီမှာ အကီနိုတွေ့ခဲ့တာ Computer တွေအကုန်လုံးဟာLCD တွေဖြစ်နေပြီး ကျောင်းသားတွေအပြည့် Lab အခန်းထဲ မှာ C++ ကိုလေ့ကျင့်နေကျတာပဲ ။ဆရာမတွေကလဲ ဘေးမှာလိုတာကိုလိုက်ပြောပြ ပေးနေကျပါတယ်။ အခုခေတ်ကျောင်းသားတွေ အရမ်းကံကောင်းပါတယ် အကီနိုတို့တုန်းက ကွန်ပျူတာတွေ မကောင်းတာနဲ့ မေးမဲ့ ကူညီမဲ့ဆရာမတွေမရှိတာနဲ့ Lab ချိန်ဆို အားချိန်လို့တောင်သတ်မှတ်ခဲ့ရပါတယ်။ နောက်တခု အကီနိုသိခဲ့တာက ကျောင်းမှာ wireless စနစ်နဲ့ အင်တာနက်ကိုသုံးခွင့်ရတော့မှာပါ။ နောက် Workshop room မှာပြထားတဲ့ Project တွေဟာအရမ်းပဲကောင်းမွန်သေသပ်လှပြီး ကျောင်းသားတွေကို လက်တွေ့ရှင်းပြ ကြည့်ရှုစေခဲ့ပါတယ်။ အကီနို သိခဲ့ရတာကတော့ အခုပြထားတဲ့ Projectတွေကို PHD ဆရာမတွေ India သင်တန်းမှာရေးခဲ့တဲ့ project တွေဖြစ်ပါတယ် ။ ဆရာမတွေ ကိုယ်တိုင်ကလည်း သီအိုရီနဲ့ လက်တွေ့ တခါတည်း ပေါင်းပြီး ရှင်းလင်းပြသ ပေးခဲ့ပါတယ်။ လာကြည့်တဲ့ကျောင်းသား တွေကလဲတက်တက်ကြွကြွနဲ့ သိလိုစိတ် ပြင်းပြစွာ မေးမြန်းစူးစမ်းနေကျပါတယ်။ နောက်ပိုင်းမှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ ပွဲတွေထက်ပြီးတော့ ပြုလုပ်ပေးသွားမယ်လို့ ဆရာမကြီးဆီက သိရပါတယ်။နှစ်တိုင်း စာမေးပွဲနီးလာလျင် တရားပွဲ ။ ဇန်န၀ါရီလာမှာ စုပေါင်းသွေးလှူဒါန်းပွဲတွေကိုလဲ ပြုလုပ်ပေးနေကျပါ။အကီနို ကျောင်းကိုမတတ်တော့တဲ့ တနှစ်အတွင်းမှာတော်တော်လေးပြောင်းလဲတိုးတတ်လာခဲ့ပါတယ်။ကိုယ်ကိုကိုယ်တိုင်အနေနဲ့ လည်း ကျောင်းအတွက် တဖက်တလမ်းက ကူညီနိုင်မဲ့ အစီအစဉ်တခုမှာ ကျောင်းသားဟောင်းတယောက်အနေနဲ့ ကျောင်းကိုပြန်ရောက်ခဲ့တဲ့အတွက် အရမ်းကိုပိတီဖြစ်မိပါတယ်။ ကွန်ပျုတာတက္ကသိုလ်ကထွက်ပြီး ပညာရှင်တွေ လုပ်ငန်းရှင်ကြီးတွေ အများအပြားဟာ ကျောင်းကိုပြန်လည် အကျိုးပြုနေတာကို အကီနို သွားခဲ့တဲ့ အတွေ့အကြုံကလေးကနေပြောပြချင်ပါတယ်။

Advertisements

3 thoughts on “ရန်ကုန်ကွန်ပျုတာတက္ကသိုလ်သို့ တခေါက်(Our University Changing)

  1. ၀မ်းသာစရာပဲ အကီနိုရေ။ မှတ်ချက်လေးက တကယ်အကျိုးရှိတဲ့ မှတ်ချက်လေးပါ။ ဂျူနီယာလေးတွေ နားလည်နိုင်ပါစေလို့ ဆုတောင်းပြီး အားလုံး အတူလက်တွဲအောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

  2. joomla မမ ရေ
    ခင်ဗျား မသိလို့နော် စာတန်းဖတ်တဲ့နေရာတွေမှာ အားနည်းချက်တွေရှိတယ်
    သေသေချာချာ မရှင်းပြနိုင်ကြ ဘူး

    1. သေချာရှင်းပြတဲ့ Seminar ကို ငါ့မောင်လေးမှ မတတ်ဘူးတာ။တို့များက ကွန်ပျူတာ ၃လုံးနဲ့တောင်ပြဖို့ကြိုးစားတာ Professor တွေက ရပါတာ အဲဒီလောက်မလိုပါဘူးပြောလို့ရပ်လိုက်တာ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s