The elixir of life(အသက်ရှည်ဆေးကြီး)


ကိုလပြည်ရဲ့ မောင်ရွေရိုးကိုသဘောကျတာနဲ့ သင်တန်းမှာ လှုပ်ရှားတဲ့ တခန်းရပ်ပြဇာတ်လေးတခုကိုပြန်ရေးလိုက်တာပါ။ဇာတ်လမ်းလေးကတော့
တခါတုန်းက ဘုရင်ကြီးတယောက်က အသက်ရှည်ဆေးကို မှီဝဲသုံးစွဲလာတာ အသက် ၁၀၀ ကျော် အထိကျန်းကျန်းမာမာ နေထိုင်နေပါတယ်။ အဲဒီဆေးကို တနှစ်မှ ၁၀စက်ပဲသောက်ရပါတယ်။သူဟာ သူ့ဆေးအစွမ်းကို လျှို့ဝှက်ထိန်းသိမ်းထားရာ တခုသော ညနေခင်းမှာ အရက်သောက်ရင်း သူ့ဆေးအကြောင်းကို သူ့မိတ်ဆွေတွေကိုပြောမိပါလေရော။ အဲနောက်နှစ်ကုန်တော့သူ့သောက်မယ်ဆိုပြီး အဲဒီအသက်ရှည်ဆေးဘူးထားရာ လျှို့ဝှက်ခန်းထဲလဲရောက်ရော ဆေးဟာကုန်ခန်းနေပါတယ်။ ဒါနဲ့သူလဲ သူ့ပြောမိတဲ့ သူ့မိတ်ဆွေတွေကို အကုန်ခေါ်
အပြစ်ကိုဝန်ခံရင်ခံ  မခံရင်သတ်မယ်နဲ့ ကြိမ်းမောင်းပါတော့တယ်။အဲဒီမှာ သူ့မိတ်ဆွေတွေဖြစ်တဲ့မိဖုရားကြီးရယ်၊ စစ်သူကြီးရယ်၊၀န်ကြီးရယ်၊ သမားတော်ကြီးရယ်၊ ပန်းချီဆရာကြီးရယ်၊ဓာတုဗေဒပညာရှင်ကြီးရယ်က ယောက်တပေါက်ငြင်းကျပါလေရော။
အကီနိုက မိဖုရားခေါင်ကြီးနေရာ ကျပါတယ်။တ၀ိုင်းကို လူ ၇ ယောက်နဲ့ စပါတယ်။ သနားစရာ ဘုရင်ကြီးက ယောကျာင်္းရှားပါးလို့ သင်တန်းကကောင်မလေးပဲ ပြန်ဖြစ်ပါတယ်။ ဒါပေမဲ့
သူက စကားပြောရတာ တော်တော်လက်ပေါက်ကပ်ပါတယ်။ ကဲစပြီး ငြင်းကျတော့ဆိုတာနဲ့ “မောင်တော်ရယ် ဘယ်နှယ့်လုပ်ပြောပါလိမ့် နှမတော်က မောင်တော်နားတချိန်လုံးရှိနေတာဘယ်ချိန်များ သွားခိုးယူရပါ့မလဲ…“(ချွဲထားရတယ်လေ တော်ကြာ သူကကိုယ်ကိုသတ်မှာကိုး..အမှန်ကတော့ အားလုံး ၁၀စက်ဆီခိုးကျတာပါ)ကိုယ့်အပြစ်ကို ငြင်းပြီးရင် တခြားတယောက်အပြစ်ပုံချ
ဆိုတာနဲ့ တန်းထိုးတာပဲ သမားတော်ကြီးကို …သူလဲ အပြစ်လွတ်အောင်  အမျိုးမျိုးဖာထေးပေါ့(သူကတော့ သူအသက်ရှည်မှ တိုင်းပြည်သူ ပြည်သားတွေရဲ့ ကျန်းမာရေးစောင့်လျောက်နိုင်မယ်ဆိုတာပဲ…)စစ်သူကြီးကျတော့လဲ တိုက်ပွဲတွေထွက်နေရတာနဲ့ မအားပါဘူးပေါ့( သူအသက်ရှည်မှ ပြည်သူပြည်သားတွေကို ကာကွယ်နိုင်မှာတဲ့)ဓာတုဗေဒပညာရှင်ကျတော့လဲ ဒီဆေးကို စမ်းသပ်ပြီးအောင်မြင်ခဲ့မယ်ဆိုရင်တော့ တိုင်းသူပြည်သားတွေကို မျှဝေမယ်ပေါ့ (လောလောဆယ်တော့ သူသောက်ထားတယ်..)ပန်းချီပညာရှင်ကြီးကလဲ သူ့ ပန်းချီကြောင့် ပြည်သူတွေစိတ်ချမ်းသာအောင် လုပ်ပေးဖို့အသက်ရှင်ဖို့လိုပါတယ်တဲ့
ဝန်ကြီး(နိုင်ငံရေးသမား)ကတော့ သူရှိမှ တိုင်းရေးပြည်ရာတွေ ဆောင်ရွက်နိုင်မယ်ပေါ့။(အဲဒီလိုပြောမှပဲ မသောက်သင့်ဆုံးသူက ဘုရင်ကြီးပြန်ဖြစ်နေတယ်..:))…အဲဒီလိုနဲ့တယောက်ပြီးတယောက်လက်ညှိုးထိုးလို့လဲဝရော..အပြစ်ဝန်ခံကျဆိုတာနဲ့ ..မျက်နှာထားကိုပြန်ပြင် ခုနက အတင်းငြင်းပြီး ချီနေတဲ့ရုပ်ကနေ သနားစဖွယ်ပြောင်း(လူကတော့ ရီချင်နေတာ တပိုင်းကိုသေလို့)”နှမတော်မှားမိပါတယ် မောင်တော်ရယ် …ဒီဆေးလေးများသောက်လိုက်လို့ နှမတော်
အသက်ပိုရှည်သွားတဲ့ အခါ မောင်တော့်နားမှာ ပြုစုချင်လို့ပါ”
(အမှန်တော့ ကိုယ့်ဟာကို လှချင်လို့သောက်တာပါ)”နှမတော်ရဲ့ အသက်ကိုချမ်းသာပေးပါ” ပြီးတာနဲ့ တခြားတယောက်ကိုလဲစစ်ကူကြိုခေါ်ထားဆိုတာနဲ့ ဘယ်ရမလဲ စစ်သူကြီးကိုပြေးကပ်တာပေါ့ “မောင်တော်ရယ် စစ်သူကြီးကိုတော့ မသတ်ပါနဲ့ သူမှာတိုက်ပွဲပေါင်းများစွာတိုက်ပြီး တိုင်းပြည်အတွက်အသက်ကိုပေးထားခဲ့တာ စစ်သူကြီးကိုတော့ မသတ်သင့်ပါဘူး“။ အဲဒီမှာ ကျန်တဲ့ လူတွေက စပြောတယ် မိဖုရားကြီးနဲ့ စစ်သူကြီးဖောက်ပြန်နေကျတယ်တဲ့ စွပ်စွပ်စွဲစွဲ မိန်းမဆိုလို့ ကိုယ်ပဲပါတော့
ပြောကျတာပေါ့။ အဲဒီလိုနဲ့ အုပ်စုလိုက်ငြင်းကျပြီးတဲ့နောက် ဆရာမက ကဲ ဘုရင်တပါးထစမ်းဆိုတော့ (ရေကျောင်းတက္ကသိုလ်ကကောင်လေးထပါတယ် )
ဘယ်သူအရင်သတ်မလဲဆိုတော့ “မိဖုရားကြီး”တဲ့ ။စတာပဲ မိဖုရားကြီးသတ်ပြီး နောက်မိန်းမယူချင်တာ နာမယ်။ ဆရာမက ကဲကဲ မိဖုရားကြီးတွေကိုယ်ကိုသတ်တော့မယ် ဘယ်သူထမလဲဆိုတော့ မရဘူး မိဖုရားကြီးထတော့တာပေါ့ တတန်းလုံးရဲ့ မျက်လုံးတွေ အကုန်ဝိုင်းလာပြီ..

“Oh my dear darling!! I was made it because of love. You know everything can be replaced …
In our country full of soldiers instead of General.. , so many doctors, artists, chemists, politicians…so they can be replaced. But Love, Love cant be replaced…
Please Forgive me!!!”

ပြောလို့လဲပြီးရော မောင်တော်ဖုရားက သူ elixir မလိုတော့ဘူးတဲ့ ..တတန်းလုံးလဲ ပွဲကျသွားပါလေရော။ ဆရာမပြောခိုင်းတဲ့ထဲမှာ အကီနိုပြောတာ မပါပါဘူး။ ဆရာမတောင်ကြောင်သွားပါတယ်။နောက်မှ လက်ခုပ်တီးပြီး တခြားသူတွေဆီဆက်ပြောကျတော့တာပဲ။ ဗမာလိုရေးရင် အကီနိုပြောတာ မပီပြင်မှာဆိုးလို့ သင်တန်းမှာပြောတဲ့ အတိုင်းပဲ ပြန်ရေးလိုက်တာပါ။
Grammer တော့မမှန်ပါဘူး။

Advertisements

6 thoughts on “The elixir of life(အသက်ရှည်ဆေးကြီး)

  1. အဲ့လို သင်တန်းမှာ ငြင်းရခုန်ရတာ သိပ်သဘောကျဖို့ကောင်းတယ်နော်
    မမတို့တုန်းက သင်္ဘောနစ်တဲ့အချိန် အသက်ကယ်လှေပေါ်တက်ရဖို့ကို ပြောရတာလေ မမက မုဆိုးမလုပ်ရတယ် ကလေးတပြုံတောင်နဲ့လေ နောက်ဆုံးတော့ လှေပေါ်တက်လိုက်နိုင်တယ် ဟိ
    နောက်တော့ ကိုယ့်ကို Old Widow လို့ချည်းပဲ ခေါ်တော့တယ်
    ဘယ်လောက်ပီပြင်သလဲဆို 😛
    ညီမလေး ပြောဖို့ စဉ်းစားတဲ့အချိန်မှာ ဒီလောက် ရိုမန်တစ်ဖြစ်အောင် ပြောနိုင်တာ တကယ်သဘောကျတယ် 🙂
    ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေးနဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေနော်
    စာမေးပွဲပီးပေမဲ့ ဘတ်ဂျတ်ပိတ်တော့ အလုပ်တွေ တအားရှုပ်နေသေးတယ် ညီမလေးရယ် 😦

  2. ညီမလးရဲ့ ပြဇတ်လေး လာဖတ်ပြီး ပြုံးသွားတယ်နော်။ အလျှောက် ကောင်းတော့ အထောင်းသက်သာတဲ့လေ။ အဲလိုပဲပေါ့။း)
    မိဘုရားကြီးက တကယ့်ကို ရိုမက်တစ် ဆန်ဆန်လေး ပြောသွားတာပဲနော်။း)

    ခင်မင်လေးစားလျှက်

  3. အဲဒါပေါ့ မူးရင်ကျွဲခိုးပေါ်တယ်ဆိုတာ ဘုရာခမျာ ကိုယ့်ဒေါသနဲ့ကိုယ် တိုင်ပါတ်ပြီပေါ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s