ကလေးတယောက်ရဲ့ ရှင်သန်ရာ


ဒီပိုစ်လေးကိုတော့ လက်တလောကမှ အဖိုးသေဆုံးသွားတဲ့ အကီနိုတူကလေးအတွက် ရည်ရွယ်ပြီးရေးပေးတာပါ။ ဒီရက်ပိုင်းမှာ အကီနို ကျောင်းမှာဘွဲ့ဖောင်သွားတင်ရမှာရောBCY ကိစ္စအတွက်ရောကွန်ပျူတာတက္ကသိုလ်ကိုသွားဖို့ရှုပ်နေပါတယ်။ ကျောင်းက ပြန်လာချိန်မှာတော့ အကီနို ဦးလေးဆုံးတယ် သတင်းကြားတာနဲ့ နာရေးအတွက်သွား ကူညီစရာရှိတာ သွားကူ၊ဘုရားစာလေးကူဖတ်နဲ့ သွားလုပ်ပေးရပါတယ်။ အဲဒီအချိန်မှာ အကီနိုမျက်စိထဲ အရင်ဆုံးမြင်မိတာ အကီနိုတူကလေး ဖိုးသောကြာပါ။ ဖိုးသောကြာလေးဟာ သူမွေးမွေးချင်းမှာသူ့အဖေဆုံးသွားတယ်။ အသက် ၁၂နှစ်အထိ အကီနိုအမ ကမုဆိုးမအနေနဲ့ရှာဖွေကျွေူးမွေးခဲ့ပါတယ်။ မနှစ်ကတော့ သူ့အမေကပါ တခါထပ်ဆုံးသွားတော့ သူမှာ အားကိုးစရာဆိုလို့အကီနိုတို့ဦလေးပဲကျန်ပါတော့တယ်။ အခုသူ့အဖိုးပါဆုံးတော့ သူအတွက်စိတ်မကောင်းမိပါဘူး။ ငွေကြေးအရတော့ အကီနိုတို့ဘက်ကဖြည့်စည်းပေးနိုင်ပေမဲ့ သူလိုအပ်တဲ့မေတ္တာ ၊နွေးထွေးတဲ့စောင့်ရှောက်မှုကိုတော့ အကီနိုတို့မပေးနိုင်ခဲ့ပါဘူး။အကီနိုတွေးမိတာက ကလေးရဲ့ ရင်ထဲကစိတ်ကလေးကိုပါ။ အကီနိုက အဖေအမေကွဲခဲ့တယ်ဆိုပေမဲ့ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့အကီနိုအမေကြောင့် အကီနိုဘ၀က ကြီးကြီးမားမားမပြောင်းလဲခဲ့ပါဘူး။ ငွေကြေးမပြည့်တာကလွဲရင် အကီနိုမေတ္တာမငတ်ခဲ့ပါဘူး။ ဒီကလေးလေးကျတော့ သူအားငယ်လာချိန်မှာ
ဘယ်သူကိုသူသွားတိုင်ပင် ချွဲနွဲ့ရမလဲ။ ဒီလိုပဲ ကလေးပေါင်း များစွာဘယ်လောက်ရှိမလဲ။ ကလေးတယောက်ရဲ့ အရေးကြီးဆုံးချိန်ဟာ ဆယ်ကျော်သက်အရွယ်ပါ။ဆယ်ကျော်သက် အရွယ်ဟာ ခန္ဓာကိုယ်ပြောင်းလဲ လာတာနဲ့ အမျှ စိတ်ဓာတ်ပါပြောင်းလဲလာပါတယ်။ မိန်းကလေးတယောက်အနားမှာ မိခင် ၊ယောကျာင်္းလေးတယောက် အနားမှာဖခင်ရှိကိုရှိနေသင့်တဲ့အချိန်ပါ။ ဒါမှ မမှားသင့်တာ မမှားအောင် သိသင့်တာ သိအောင် ဆုံးမပေးနိုင်မှာပါ။ အကီနိုအရွယ်ရောက်ချိန်မှာ အဖေမဲ့ခဲ့ပေမဲ့ အကီနိုအမေကြောင့် အကီနိုဟာ
လူလောကကိုဆက်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလိုချိန်မှာသာ လမ်းကြောင်းလွဲမှားယွင်းခဲ့မယ်ဆို ဘ၀ဟာ တဆစ်ချိုးပြောင်းလဲသွားမှာပါ။ အကီနိုအဖေရှိတုန်းကဆို၁၀နှစ်အရွယ် သမီးကို ဟိုလူကြည့်မှာ ဒီလူကြည့်မှာ သူသိပ်စိုးရိမ်ပါတယ်။ ၀တ္ထုဆိုတာလဲ အကီနို ၁၀တန်းအောင်မှဖတ်ဖူးတယ်။ ရုပ်ရှင်ကြည်ရင် ကာတွန်းကားကြည့်တာက အစသူဘေးနားထိုင်ကြည်တယ်။ အခွေဌားလည်း သူပါမှ ဌားရတယ် ။ အကီနို ငြိမ်သွားပြီဆို တိတ်တိတ်ကလေးလာချောင်းတတ်တယ်။ အခုချိန်ထိ တူတူမတွေရချိန်မှာတောင်အကီနိုဝမ်းကွဲ အကိုတွေကအစ အကီနိုကို စိတ်မချတုန်း။ အခု ဖိုးသောကြားလေး အရွယ်ရောက်ချိန်မှာ သူ့အဖိုးမရှိတော့ သူ့အနားမှာ အနီးကပ်အသေးစိတ် အကီနိုကလည်းအဒေါ်ဖြစ်နေတော့ ပြောလို့မရပါဘူး။ ကိုယ်ကကောင်းချင်တဲ့စိတ်နဲ့ပြောလဲ သူ့စိတ်ထဲမှာ ငါမိဘမဲ့လို့ဆိုတဲ့အတွေးမျိုးဝင်မှာကြောက်မိပါတယ်။ အကယ်၍ သူကို အလိုလိုက်ထားပြန်လဲပျက်စီးသွားမှာ စိုးရိမ်တယ်။ အကီနို သတိထားမိသလောက် မိဘများကလဲ ကလေးတွေဆယ်ကျော်သက်အရွယ်ဆို နားလည်တတ်ပြီ လက်လွှတ်ရပြီဆိုပြီး ပေါ့လျော့တတ်ပါတယ်။၁၀တန်းကျောင်းသူ အကီနိုညီမက ချက်တင်ကိုကောင်းကောင်းတတ်ပြီး မနှစ်က အကီနို စာသင်ပေးရတဲ့ ၁၀တန်းကျောင်းသား အကီနိုမောင်က ၁၀တန်းအောင်တော့ ဘာဖြစ်မှာလဲတဲ့။ကိုယ်ကလဲ သူတို့နဲ့ အရွယ်က မတိမ်းမယိမ်းမို့ကိုယ်ပြောတာ သူတို့ မလေးစားကျဘူး။ တကယ်တန်းလဲ ၁၀တန်းလည်းကျရော အမ မျက်နှာလာကြည့်တယ်။
ဒါကြောင့် အကီနိုပြောတာ ကိုယ်တိုင်ကြိုးစားကြည့်တွေကြုံပြီးမှ ရလာတဲ့ ရလာဒ်တခု အပေါ်မြည်းစမ်းကြည့်စေချင်ပါတယ် ဆိုတာပေါ့။ အကီနိုတုန်းကတော့ ရှေ့ဆောင်လမ်းပြ အကီနိုအမေကြောင့် ကြိုသိရှောင်ရှားနိုင်ပေမဲ့ သူတို့ကျတော့ စိတ်ဓာတ်တက်ကြွနေတဲ့ အချိန်ဆိုတော့ ပြောမနိုင်ဆိုမနိုင်ပေါ့။သူတို့လဲ အခုချိန်မှာ စာတပုဒ်ဖတ်ဖို့ထက် ဂိမ်းကစားဖို့ လျောက်လည်ကျဖို့ပဲစိတ်ဝင်စားနေကျတဲ့ အချိန်ကိုး။ အကီနိုကတော့ တတ်နိုင်သမျှ ကိုယ်လုပ်ပေးနိုင်သလောက်တော့ကိုယ်ဖိရင်ဖိ ပြောဆိုရအုံးမှာပါ။

Advertisements

4 thoughts on “ကလေးတယောက်ရဲ့ ရှင်သန်ရာ

  1. အဲဒီ ကိုးတန်း ဆယ်တန်း အရွယ်လောက်ကနေ ဒုတိယနှစ်လောက်ထိ လိုတယ်ထင်တယ်နော် ….. ပြောရမှာကလည်း ကိုယ့်ဝတ္တရားဆိုတော့ ပြောရမှာပဲနော်… 🙂

  2. ညီမလေးရေ…
    ဟုတ်တယ်..အစ်ကိုလည်းကြုံခဲ့ဖူးတယ်…။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းကပေါ့…။ အိမ်နားက..ချာတိတ်တစ်ယောက်ကို ဆယ်တန်းအောင်စေချင်လို့ စာကြိုးစာဖို့ပြောတော့ သူက ဆယ်တန်းမအောင်ရင်လည်း ဘာဖြစ်မှာလည်းတဲ့လေ…။ ဟုတ်တယ်…သူပြောတာမှန်တယ်…။ အခုထက်ထိ အဲ့ဒီကောင်လေး ဘာမှမဖြစ်ခဲ့ရှာဘူး…။

    ခင်မင်တဲ့
    ဏီလင်းညို

  3. အကီနိုရေ..ပြန်လာတယ်ဆိုလို့ လာကြည့်တာ.. template ပါ ပြောင်းထားတာကိုး သည်ပို့စ်လေးကောင်းတယ်.. ကလေးတွေရဲ့ အရေးကြီးတဲ့အချိန်မှာ အတွေးမမှားဖို့တော့ အတတ်နိုင်ဆုံး လမ်းပြရမှာပါ..

  4. ကံဆိုးမသွားရာ.. အဲလေ.. ကံဆိုးထီးသွားရာမိုးလိုက်လို့ ရွာဆိုသလိုပါပဲဗျာ အဖြစ်ကလဲ… ဖိုးသောကြာလေးအတွက် ကံဆိုးခြင်းတွေ အမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s