အဖေဘယ်မှာလဲ


င့ါဒုက္ခမြစ်ရေ အသည်းအသန် စီးနေချိန်
အဖေဘယ်မှာလဲ
ငါ့မိသားစု အပူမီးတွေဝိုင်းနေချိန်
အဖေဘယ်မှာလဲ
သူများမိသားစုတွေကြည့်ြ့ပီး ငါသိမ်ငယ်ချိန်မှာ
အဖေဘယ်မှာလဲ
သမီးအတွက်စိုးရိမ်တတ်တဲ့ သောက
ဘယ်မှာလဲ
ဘ၀မှာမနေချင်တော့လောက်အောင် စိတ်ပျက်အားငယ်ချိန်
အဖေဘယ်မှာလဲ
သတိရပေးပါလို့
မတောင်းဆိုချင်ပေမဲ့
သတိရသင့်တယ် အဖေ
သမီးတယောက်ရဲ့ ရပ်တည်မှုကိုပေါ့
ဖခင်တယောက်ရဲ့
အားပေးစောင့်ရှောက်မှု
ရရှိမှ ရှင်သန်ကြီးထွားရမယ်ဆို
ငါ့ဘ၀သစ်ပင်
အမြဲညှိုးခြောက်သွေ့နေရဲ့
(ဒုတိယနှစ်လောက်က အရာရာကိုစိတ်ဓာတ်ကျနေချိန်မှာရေးထားတဲ့ ကဗျာလေးပါ အခုချိန်မှာတော့ အဖေကိုအပြစ်မတင့်တော့ပဲ ပျော်ရွှင်သာယာနေစေချင်ပါတယ်)

မှန်


နင်ပျော်နေရင်
ငါပြုံးနေရမယ်
နင်ဝမ်းနည်းနေရင်
ငါငိုနေရမယ်
ငါဟာ နင့်မျက်နှာပေါ်မှာ
ဖြစ်တည်နေရတဲ့
မှန်တချပ်ပါ
ဒါပေမဲ့
မင်းကတော့
အလင်းပြန်မှုမဲ့တဲ့
အရိပ်မဲ့လူသားပါ
(၂၀၀၄ခုနစ်ကရေးခဲ့တဲ့ ကဗျာလေးပါ)

ချစ်သူ့မျက်နှာ


ချောင်းကြည့် ခိုးကြည့်
ပြောင်ပြောင်တင်းတင်းကြည့်
ရုတ်တရက်ကြည့်ကြည့်
လျှက်တပြတ်ကြည့်ကြည့်
မတော်တဆကြည့်ကြည့်
ကြည့်ချင်သလိုကြည့်
အမှတ်တမဲ့ကြည့်ကြည့်
အမှတ်တရကြည့်ကြည့်
သေသေချာချာကြည့်ကြည့်
တမင်တကာပဲကြည့်ကြည့်
ဘယ်လိုကြည့်ကြည့်
အပြစ်ကင်းစင်ပြီး
ချစ်ဖို့ကောင်းတဲ့ မျက်နှာ
ကွန်ပျုတာတက္ကသိုလ်ကိုစရောက်ရောက်ချင်း လာရောင်းတဲ့ ကဗျာစာအုပ်ကလေးထဲက ကဗျာလေးပါ(၂၀၀၃လောက်ကဖြစ်မယ်ထင်ပါတယ်)

ပြိုကွဲသွားတဲ့ အိပ်မက်


ပြိုကွဲသွားတဲ့ ငါ့အိပ်မက်တွေကို
ဇူလိုင်မိုးသဲသဲတွေက သိတယ်
အတောင်အလက်မစုံတဲ့ ငှက်ငယ်ကလေးတွေကသိတယ်
ငါမျက်ရည်တွေကိုအဖော်ပြုနေရတဲ့ ခေါင်းအုံးကလေးကသိတယ်
ငါ့ခံစားချက်တွေကို နားလည်တဲ့ ဒိုင်ယာရီလေးက သိတယ်
အထပ်ထပ်ရစ်ဖွင့်လွန်းတဲ့ မျိုးကျော့မြိုင်ရဲ့ အချစ်သီချင်းတပုဒ်ကသိတယ်
ငါ့ရင်ထဲက ပန်းတွေရဲ့အရောင်အဆင်းကို ချစ်တတ်တဲ့သူတိုင်းသိတယ်
ဒါပေမဲ့ ငါချစ်တဲ့ ကောင်လေးကဖြင့်…မသိဘူး
၂၀၀၁လောက်က အကီနိုကြိုက်နှစ်သက်တဲ့ကဗျာတပုဒ်ပါ(ဆယ်တန်းတုန်းကပေါ့)

လက်ညှိုးတချောင်း


မဆိုင်ဘူးဆို ငါဘေးကပ်ပေးမယ်
နေရာဝင်မလုဘူး လာပြန်တော့မခေါ်နဲ့
မလိုဘူးဆို ငါမလာတော့ဘူး
ကိုယ်အတ္တနဲ့ကိုယ်နေသားကျနေပြီသား
စကားအများကြီးပြောနေကျမဲ့ အစား
လက်တွေ့လေးများများလုပ်ပြကျပါလား
စာကြီးပေကြီး အလွတ်ကျက်အော်နေမဲ့ အစား
ကိုယ့်နိတီကိုယ်ကိုတိုင် လိုက်နာနိုင်အောင်ကြိုးစားကြည့်
သူများအပြစ်လက်ညှိုးထိုးကြည့်မဲ့ အစား
လောင်းရိပ်အောက်ကလွတ်အောင် ထွက်လိုက်ပါ
သူများဆီက ယူမဲ့ ပိုက်ဆံအစား
မင်းအိပ်ထဲက ပိုက်ဆံအရင်ပေးကြည့်အုံး
မင်းကြောင့် ငိုခဲ့တဲ့ မျက်ရည်တွေ ပြန်ဖြည့်ဆည်းပေးလိုက်ပါ…
အားလုံးပြင်ဆင် ပြီးသွားမှ
သူငယ်ချင်း မင်းနဲ့ငါပြန်တွေ့မယ်

The elixir of life(အသက်ရှည်ဆေးကြီး)


ကိုလပြည်ရဲ့ မောင်ရွေရိုးကိုသဘောကျတာနဲ့ သင်တန်းမှာ လှုပ်ရှားတဲ့ တခန်းရပ်ပြဇာတ်လေးတခုကိုပြန်ရေးလိုက်တာပါ။ဇာတ်လမ်းလေးကတော့
တခါတုန်းက ဘုရင်ကြီးတယောက်က အသက်ရှည်ဆေးကို မှီဝဲသုံးစွဲလာတာ အသက် ၁၀၀ ကျော် အထိကျန်းကျန်းမာမာ နေထိုင်နေပါတယ်။ အဲဒီဆေးကို တနှစ်မှ ၁၀စက်ပဲသောက်ရပါတယ်။သူဟာ သူ့ဆေးအစွမ်းကို လျှို့ဝှက်ထိန်းသိမ်းထားရာ တခုသော ညနေခင်းမှာ အရက်သောက်ရင်း သူ့ဆေးအကြောင်းကို သူ့မိတ်ဆွေတွေကိုပြောမိပါလေရော။ အဲနောက်နှစ်ကုန်တော့သူ့သောက်မယ်ဆိုပြီး အဲဒီအသက်ရှည်ဆေးဘူးထားရာ လျှို့ဝှက်ခန်းထဲလဲရောက်ရော ဆေးဟာကုန်ခန်းနေပါတယ်။ ဒါနဲ့သူလဲ သူ့ပြောမိတဲ့ သူ့မိတ်ဆွေတွေကို အကုန်ခေါ်
အပြစ်ကိုဝန်ခံရင်ခံ  မခံရင်သတ်မယ်နဲ့ ကြိမ်းမောင်းပါတော့တယ်။အဲဒီမှာ သူ့မိတ်ဆွေတွေဖြစ်တဲ့မိဖုရားကြီးရယ်၊ စစ်သူကြီးရယ်၊၀န်ကြီးရယ်၊ သမားတော်ကြီးရယ်၊ ပန်းချီဆရာကြီးရယ်၊ဓာတုဗေဒပညာရှင်ကြီးရယ်က ယောက်တပေါက်ငြင်းကျပါလေရော။
အကီနိုက မိဖုရားခေါင်ကြီးနေရာ ကျပါတယ်။တ၀ိုင်းကို လူ ၇ ယောက်နဲ့ စပါတယ်။ သနားစရာ ဘုရင်ကြီးက ယောကျာင်္းရှားပါးလို့ သင်တန်းကကောင်မလေးပဲ ပြန်ဖြစ်ပါတယ်။ ဒါပေမဲ့
သူက စကားပြောရတာ တော်တော်လက်ပေါက်ကပ်ပါတယ်။ ကဲစပြီး ငြင်းကျတော့ဆိုတာနဲ့ “မောင်တော်ရယ် ဘယ်နှယ့်လုပ်ပြောပါလိမ့် နှမတော်က မောင်တော်နားတချိန်လုံးရှိနေတာဘယ်ချိန်များ သွားခိုးယူရပါ့မလဲ…“(ချွဲထားရတယ်လေ တော်ကြာ သူကကိုယ်ကိုသတ်မှာကိုး..အမှန်ကတော့ အားလုံး ၁၀စက်ဆီခိုးကျတာပါ)ကိုယ့်အပြစ်ကို ငြင်းပြီးရင် တခြားတယောက်အပြစ်ပုံချ
ဆိုတာနဲ့ တန်းထိုးတာပဲ သမားတော်ကြီးကို …သူလဲ အပြစ်လွတ်အောင်  အမျိုးမျိုးဖာထေးပေါ့(သူကတော့ သူအသက်ရှည်မှ တိုင်းပြည်သူ ပြည်သားတွေရဲ့ ကျန်းမာရေးစောင့်လျောက်နိုင်မယ်ဆိုတာပဲ…)စစ်သူကြီးကျတော့လဲ တိုက်ပွဲတွေထွက်နေရတာနဲ့ မအားပါဘူးပေါ့( သူအသက်ရှည်မှ ပြည်သူပြည်သားတွေကို ကာကွယ်နိုင်မှာတဲ့)ဓာတုဗေဒပညာရှင်ကျတော့လဲ ဒီဆေးကို စမ်းသပ်ပြီးအောင်မြင်ခဲ့မယ်ဆိုရင်တော့ တိုင်းသူပြည်သားတွေကို မျှဝေမယ်ပေါ့ (လောလောဆယ်တော့ သူသောက်ထားတယ်..)ပန်းချီပညာရှင်ကြီးကလဲ သူ့ ပန်းချီကြောင့် ပြည်သူတွေစိတ်ချမ်းသာအောင် လုပ်ပေးဖို့အသက်ရှင်ဖို့လိုပါတယ်တဲ့
ဝန်ကြီး(နိုင်ငံရေးသမား)ကတော့ သူရှိမှ တိုင်းရေးပြည်ရာတွေ ဆောင်ရွက်နိုင်မယ်ပေါ့။(အဲဒီလိုပြောမှပဲ မသောက်သင့်ဆုံးသူက ဘုရင်ကြီးပြန်ဖြစ်နေတယ်..:))…အဲဒီလိုနဲ့တယောက်ပြီးတယောက်လက်ညှိုးထိုးလို့လဲဝရော..အပြစ်ဝန်ခံကျဆိုတာနဲ့ ..မျက်နှာထားကိုပြန်ပြင် ခုနက အတင်းငြင်းပြီး ချီနေတဲ့ရုပ်ကနေ သနားစဖွယ်ပြောင်း(လူကတော့ ရီချင်နေတာ တပိုင်းကိုသေလို့)”နှမတော်မှားမိပါတယ် မောင်တော်ရယ် …ဒီဆေးလေးများသောက်လိုက်လို့ နှမတော်
အသက်ပိုရှည်သွားတဲ့ အခါ မောင်တော့်နားမှာ ပြုစုချင်လို့ပါ”
(အမှန်တော့ ကိုယ့်ဟာကို လှချင်လို့သောက်တာပါ)”နှမတော်ရဲ့ အသက်ကိုချမ်းသာပေးပါ” ပြီးတာနဲ့ တခြားတယောက်ကိုလဲစစ်ကူကြိုခေါ်ထားဆိုတာနဲ့ ဘယ်ရမလဲ စစ်သူကြီးကိုပြေးကပ်တာပေါ့ “မောင်တော်ရယ် စစ်သူကြီးကိုတော့ မသတ်ပါနဲ့ သူမှာတိုက်ပွဲပေါင်းများစွာတိုက်ပြီး တိုင်းပြည်အတွက်အသက်ကိုပေးထားခဲ့တာ စစ်သူကြီးကိုတော့ မသတ်သင့်ပါဘူး“။ အဲဒီမှာ ကျန်တဲ့ လူတွေက စပြောတယ် မိဖုရားကြီးနဲ့ စစ်သူကြီးဖောက်ပြန်နေကျတယ်တဲ့ စွပ်စွပ်စွဲစွဲ မိန်းမဆိုလို့ ကိုယ်ပဲပါတော့
ပြောကျတာပေါ့။ အဲဒီလိုနဲ့ အုပ်စုလိုက်ငြင်းကျပြီးတဲ့နောက် ဆရာမက ကဲ ဘုရင်တပါးထစမ်းဆိုတော့ (ရေကျောင်းတက္ကသိုလ်ကကောင်လေးထပါတယ် )
ဘယ်သူအရင်သတ်မလဲဆိုတော့ “မိဖုရားကြီး”တဲ့ ။စတာပဲ မိဖုရားကြီးသတ်ပြီး နောက်မိန်းမယူချင်တာ နာမယ်။ ဆရာမက ကဲကဲ မိဖုရားကြီးတွေကိုယ်ကိုသတ်တော့မယ် ဘယ်သူထမလဲဆိုတော့ မရဘူး မိဖုရားကြီးထတော့တာပေါ့ တတန်းလုံးရဲ့ မျက်လုံးတွေ အကုန်ဝိုင်းလာပြီ..

“Oh my dear darling!! I was made it because of love. You know everything can be replaced …
In our country full of soldiers instead of General.. , so many doctors, artists, chemists, politicians…so they can be replaced. But Love, Love cant be replaced…
Please Forgive me!!!”

ပြောလို့လဲပြီးရော မောင်တော်ဖုရားက သူ elixir မလိုတော့ဘူးတဲ့ ..တတန်းလုံးလဲ ပွဲကျသွားပါလေရော။ ဆရာမပြောခိုင်းတဲ့ထဲမှာ အကီနိုပြောတာ မပါပါဘူး။ ဆရာမတောင်ကြောင်သွားပါတယ်။နောက်မှ လက်ခုပ်တီးပြီး တခြားသူတွေဆီဆက်ပြောကျတော့တာပဲ။ ဗမာလိုရေးရင် အကီနိုပြောတာ မပီပြင်မှာဆိုးလို့ သင်တန်းမှာပြောတဲ့ အတိုင်းပဲ ပြန်ရေးလိုက်တာပါ။
Grammer တော့မမှန်ပါဘူး။

ကလေးတယောက်ရဲ့ ရှင်သန်ရာ


ဒီပိုစ်လေးကိုတော့ လက်တလောကမှ အဖိုးသေဆုံးသွားတဲ့ အကီနိုတူကလေးအတွက် ရည်ရွယ်ပြီးရေးပေးတာပါ။ ဒီရက်ပိုင်းမှာ အကီနို ကျောင်းမှာဘွဲ့ဖောင်သွားတင်ရမှာရောBCY ကိစ္စအတွက်ရောကွန်ပျူတာတက္ကသိုလ်ကိုသွားဖို့ရှုပ်နေပါတယ်။ ကျောင်းက ပြန်လာချိန်မှာတော့ အကီနို ဦးလေးဆုံးတယ် သတင်းကြားတာနဲ့ နာရေးအတွက်သွား ကူညီစရာရှိတာ သွားကူ၊ဘုရားစာလေးကူဖတ်နဲ့ သွားလုပ်ပေးရပါတယ်။ အဲဒီအချိန်မှာ အကီနိုမျက်စိထဲ အရင်ဆုံးမြင်မိတာ အကီနိုတူကလေး ဖိုးသောကြာပါ။ ဖိုးသောကြာလေးဟာ သူမွေးမွေးချင်းမှာသူ့အဖေဆုံးသွားတယ်။ အသက် ၁၂နှစ်အထိ အကီနိုအမ ကမုဆိုးမအနေနဲ့ရှာဖွေကျွေူးမွေးခဲ့ပါတယ်။ မနှစ်ကတော့ သူ့အမေကပါ တခါထပ်ဆုံးသွားတော့ သူမှာ အားကိုးစရာဆိုလို့အကီနိုတို့ဦလေးပဲကျန်ပါတော့တယ်။ အခုသူ့အဖိုးပါဆုံးတော့ သူအတွက်စိတ်မကောင်းမိပါဘူး။ ငွေကြေးအရတော့ အကီနိုတို့ဘက်ကဖြည့်စည်းပေးနိုင်ပေမဲ့ သူလိုအပ်တဲ့မေတ္တာ ၊နွေးထွေးတဲ့စောင့်ရှောက်မှုကိုတော့ အကီနိုတို့မပေးနိုင်ခဲ့ပါဘူး။အကီနိုတွေးမိတာက ကလေးရဲ့ ရင်ထဲကစိတ်ကလေးကိုပါ။ အကီနိုက အဖေအမေကွဲခဲ့တယ်ဆိုပေမဲ့ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့အကီနိုအမေကြောင့် အကီနိုဘ၀က ကြီးကြီးမားမားမပြောင်းလဲခဲ့ပါဘူး။ ငွေကြေးမပြည့်တာကလွဲရင် အကီနိုမေတ္တာမငတ်ခဲ့ပါဘူး။ ဒီကလေးလေးကျတော့ သူအားငယ်လာချိန်မှာ
ဘယ်သူကိုသူသွားတိုင်ပင် ချွဲနွဲ့ရမလဲ။ ဒီလိုပဲ ကလေးပေါင်း များစွာဘယ်လောက်ရှိမလဲ။ ကလေးတယောက်ရဲ့ အရေးကြီးဆုံးချိန်ဟာ ဆယ်ကျော်သက်အရွယ်ပါ။ဆယ်ကျော်သက် အရွယ်ဟာ ခန္ဓာကိုယ်ပြောင်းလဲ လာတာနဲ့ အမျှ စိတ်ဓာတ်ပါပြောင်းလဲလာပါတယ်။ မိန်းကလေးတယောက်အနားမှာ မိခင် ၊ယောကျာင်္းလေးတယောက် အနားမှာဖခင်ရှိကိုရှိနေသင့်တဲ့အချိန်ပါ။ ဒါမှ မမှားသင့်တာ မမှားအောင် သိသင့်တာ သိအောင် ဆုံးမပေးနိုင်မှာပါ။ အကီနိုအရွယ်ရောက်ချိန်မှာ အဖေမဲ့ခဲ့ပေမဲ့ အကီနိုအမေကြောင့် အကီနိုဟာ
လူလောကကိုဆက်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလိုချိန်မှာသာ လမ်းကြောင်းလွဲမှားယွင်းခဲ့မယ်ဆို ဘ၀ဟာ တဆစ်ချိုးပြောင်းလဲသွားမှာပါ။ အကီနိုအဖေရှိတုန်းကဆို၁၀နှစ်အရွယ် သမီးကို ဟိုလူကြည့်မှာ ဒီလူကြည့်မှာ သူသိပ်စိုးရိမ်ပါတယ်။ ၀တ္ထုဆိုတာလဲ အကီနို ၁၀တန်းအောင်မှဖတ်ဖူးတယ်။ ရုပ်ရှင်ကြည်ရင် ကာတွန်းကားကြည့်တာက အစသူဘေးနားထိုင်ကြည်တယ်။ အခွေဌားလည်း သူပါမှ ဌားရတယ် ။ အကီနို ငြိမ်သွားပြီဆို တိတ်တိတ်ကလေးလာချောင်းတတ်တယ်။ အခုချိန်ထိ တူတူမတွေရချိန်မှာတောင်အကီနိုဝမ်းကွဲ အကိုတွေကအစ အကီနိုကို စိတ်မချတုန်း။ အခု ဖိုးသောကြားလေး အရွယ်ရောက်ချိန်မှာ သူ့အဖိုးမရှိတော့ သူ့အနားမှာ အနီးကပ်အသေးစိတ် အကီနိုကလည်းအဒေါ်ဖြစ်နေတော့ ပြောလို့မရပါဘူး။ ကိုယ်ကကောင်းချင်တဲ့စိတ်နဲ့ပြောလဲ သူ့စိတ်ထဲမှာ ငါမိဘမဲ့လို့ဆိုတဲ့အတွေးမျိုးဝင်မှာကြောက်မိပါတယ်။ အကယ်၍ သူကို အလိုလိုက်ထားပြန်လဲပျက်စီးသွားမှာ စိုးရိမ်တယ်။ အကီနို သတိထားမိသလောက် မိဘများကလဲ ကလေးတွေဆယ်ကျော်သက်အရွယ်ဆို နားလည်တတ်ပြီ လက်လွှတ်ရပြီဆိုပြီး ပေါ့လျော့တတ်ပါတယ်။၁၀တန်းကျောင်းသူ အကီနိုညီမက ချက်တင်ကိုကောင်းကောင်းတတ်ပြီး မနှစ်က အကီနို စာသင်ပေးရတဲ့ ၁၀တန်းကျောင်းသား အကီနိုမောင်က ၁၀တန်းအောင်တော့ ဘာဖြစ်မှာလဲတဲ့။ကိုယ်ကလဲ သူတို့နဲ့ အရွယ်က မတိမ်းမယိမ်းမို့ကိုယ်ပြောတာ သူတို့ မလေးစားကျဘူး။ တကယ်တန်းလဲ ၁၀တန်းလည်းကျရော အမ မျက်နှာလာကြည့်တယ်။
ဒါကြောင့် အကီနိုပြောတာ ကိုယ်တိုင်ကြိုးစားကြည့်တွေကြုံပြီးမှ ရလာတဲ့ ရလာဒ်တခု အပေါ်မြည်းစမ်းကြည့်စေချင်ပါတယ် ဆိုတာပေါ့။ အကီနိုတုန်းကတော့ ရှေ့ဆောင်လမ်းပြ အကီနိုအမေကြောင့် ကြိုသိရှောင်ရှားနိုင်ပေမဲ့ သူတို့ကျတော့ စိတ်ဓာတ်တက်ကြွနေတဲ့ အချိန်ဆိုတော့ ပြောမနိုင်ဆိုမနိုင်ပေါ့။သူတို့လဲ အခုချိန်မှာ စာတပုဒ်ဖတ်ဖို့ထက် ဂိမ်းကစားဖို့ လျောက်လည်ကျဖို့ပဲစိတ်ဝင်စားနေကျတဲ့ အချိန်ကိုး။ အကီနိုကတော့ တတ်နိုင်သမျှ ကိုယ်လုပ်ပေးနိုင်သလောက်တော့ကိုယ်ဖိရင်ဖိ ပြောဆိုရအုံးမှာပါ။