Apple Iphone


လာမည့်နွေရာသီမှာ Appleကသူရဲ့ နာမည်ကြီး ဖြစ်တဲ့ iphoneကိုဈေးကွက်ထဲမှာ ဈေးနှုန်း99ဒေါ်လာထိ နှိပ်ချ ယှဉ်ပြိုင်ရောင်းချတော့မဲ့ အကြောင်း RBC Capital Markets မှ ဆန်းစစ်သူ မိုက်ခ်အေ ဘရမ်စကီးကပြောကြားသွားကြောင်း အင်တာနက်ဂျာနယ်မှာာ ဖတ်ရှုလိုက်ရပါတယ်။အတိုင်းမသိဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ အကီနိုအခုတလော အရူးထနေရတဲ့ ဖုန်းကတော iphone့ ဖြစ်နေခြင်းဖြစ်ပြီးဈေးနှုန်းကလည်း ခြောက်သိန်းကျော် ဆိုတော့ အမေ့ကို ပူစာရမှာ အားနာနေတာကြောင့် ငြိမ်နေရပြီး ထိုသတင်းက အကီနို အတွက် ၀မ်းမြောက်ဖွယ် သတင်းတစ်ပုဒ်ပင်ဖြစ်သည်။ အခုလက်ရှိ အကီနိုကိုင်နေသည့် ဖုန်းကလေးမှာ Sony Ericsson ရဲ့ W300i ကလေးပါ။ ၀ယ်ကစတော့ နောက်ဆုံးပေါ် လည်းဖြစ် walkman စီးရီးဆိုတော့ သီချင်းနားထောင်ကောင်းတာရယ်၊ camera ရော ဖုန်းတွင်း memoryအသင့်အတင့်ပါတဲ့ ခေါက်ဖုန်းလေးဆိုတော့ လက်ကမချတမ်းရူးမိပါတယ်။ အခုနောက်ပိုင်းမှာတော့ ကြာလာလို့ ရိုးလာတာ မဟုတ်ပေမဲ့ အသစ်အဆန်းအနေနဲ့ရော အမြင်ပိုင်းနေနဲ့ရောiphone ကိုသဘောကျနေပါတယ်။ အကီနိုကလည်း အစွဲအလမ်းတမျိုးပါ အကီနို ဖုန်းအရမ်းရူးနေတဲ့ အချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ Nokia ဖုန်းကို ဌားဆက်မိလို့ ပြောခံလိုက်ရပြီးထဲက Nokiaဆိုလုံးဝမကိုင်ချင်တော့ပါ။အဲဒါပြီးတော့ အကီနိုအမေက့ချက်ချင်း ကိုဝယ်ပေးခဲ့တဲ့ Sony Ericsson လေးကို အခုချိန်ထိချစ်နေတုန်းပါတယ်။ အခုတလော ကဒ်ဖုန်းတွေပေါ်လာတာကြောင့်ပဲလား၊ လိုင်းတွေပဲကျပ်နေလို့လား မသိပါ အိမ်ရှေ့ကအော်လည်း မကြားရ၊နောက်ဖေးကအော်လည်း မကြားရနဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီကြားထဲ ဖုန်းကလည်း မှားလိုက်တာ ခဏခဏပဲ။တခါတလေများ ကိုယ့်ဖုန်းကိုပွားခံရပြီးလို့တောင်တွေးမိပါတယ်။ ဒါပေမဲ့လည်းမဖြစ်နိုင်ပါဘူး အကီနိုဖုန်းက တလနေမှ ၃၀၀၀လောက်ပဲကျတာ။အကီနိုကဖုန်းဆို အ၀င်ပဲလက်ခံတယ် ကိုယ်ဆက်ရင်လိုရင်းတိုရှင်း ဒါပဲ(ကပ်စီးနည်းတာ)။သူများကခေါ်ပြီဆိုရင်တော့ သူခေါ်သလားကိုယ်ခေါ်သလား မှားရအောင် စကားကိုယ်ရေပက်မ၀င်ပြောပါတယ်။အကီနိုအတွက် အကီနိုဖုန်းကလေးက can’t live without things ထဲမှာတခုအပါဝင်ပါပဲ။ဖုန်းမပါပဲ ဘယ်မှမသွားဖူးဘူး။လိုင်းမမိလည်း သီချင်းနားထောင်တယ်၊ဓာတ်ပုံရိုက်တယ်၊ အကီနိုခွေးကလေးတွေကို videoရိုက်တယ် အသုံးမ၀င်တာမရှိပါဘူး။ပြီးတော့ အကီနိုက ဖုန်းring toneကို အကီနိုကြိုက်တဲ့ သီချင်းလေးတွေပေးရတာကြိုက်တယ်။အခုလောလောဆယ်ပေးထားတာ Lionel Richieရဲ့ Hello ပါ။အခုတော့ Appleရဲ့ကြေငြာချက်သာ အမှန်အကောင်အထည်ဖော်ဖြစ်ခဲ့ရင် အကီနို မွေးနေ့အမီ အမေ့ကိုဝယ်ပေးဖို့ ပူဆာရတော့မယ်။

Advertisements

5 thoughts on “Apple Iphone

  1. အကီနို 3G iPhone ကိုမြန်မာမှာ ကိုင်မှာလား? ဒါဆိုရင်တော့ iPhone ရဲ့ Beauty လို့ပြောလို့ ရတဲ့ apple store ရဲ့ application အလန်းလေးတွေကို ခံစားလို့ ရမယ်မထင်။

  2. မြန်မာမှာပဲ ကိုင်မှာပါ ကိုzackရေ..
    ကိုzackကော iphoneသုံးနေပါသလား။သုံးလို့ရတာနဲ့တန်အောင်တော့ သုံးရတော့မှာပေါ့။
    လိုချင်တာကိုရေးထားတာပါ။

  3. အကီနို
    ဒီ post လေးကိုလာ ဖတ်ပြီးမှ iPhone ကိုဝယ်ဖို့ စဉ်းစားပါလို့

  4. ကိုzackရေ
    ဒီပုံတိုင်းဆိုရင်တော့ အကီနို သိပ်မကြိုက်ဘူး။ အဓိကကတော့ ringtoneသုံးလို့မရတာပဲ။သူ့မှာပါတဲ့ ကောင်းတဲ့ အချက်တွေကလဲ ဒီမှာ သိပ်အသုံးမ၀င်ဘူးလေ။မထူးပါဘူး အဟောင်းလေးပဲကောင်းပါတယ်။ အခုလိုပြောပြပေးတာကျေးဇူးပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s