ဖေဖော်ဝါရီ ၁၄


ဖေဖော်ဝါရီလရဲ့ ချစ်သူများနေ့တောင်နီးလာပါပြီ နေရာတိုင်းမှာ ချစ်သူများနေ့ အထိမ်းအမှတ်ပို့စကတ်လေးတွေ၊သီချင်းလေးတွေ့ပြင်ဆင်ရောင်းချနေကြပါပြီ။သူငယ်ချင်းတစ်ယောက်ကပို့ပေးလိုက်တဲ့ချစ်သူများနေ့မှာပျော်ရွှင်ပါစေဆိုတဲ့
Emailလေးကိုရလို့ အကီနိုပြုံးမိလာပါတယ်။ချစ်သူများနေ့ဟာလည်း အကီနို့အတွက်တော့ သာမာန်နေ့တနေ့ပါပဲ ထူးပြီးတော့ ပျော်ရွှင်စရာလည်းမရှိပါဘူး။သူများတွေအတွက်တော့ အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်လဲ မသိပေမဲ့ အကီနိုအတွက်တော့ အချစ်ဆိုတာကို ပေးဆပ်ခြင်းလို့ပဲသတ်မှတ်ပါတယ်။အချစ်ဆိုတာ ချစ်သူတစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ အကီနိုချစ်တဲ့ လူသားတိုင်း၊အရာတိုင်းကို အကီနိုနဲ့ ပတ်သတ်ရင်ပျော်ရွှင်နေတာ စိတ်ချမ်းသာနေတာကိုပဲ မြင်စေချင်တာပါ။ အကီနို ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်မဆင်းရဲစေချင်သလို ဘယ်သူကြောင့်မှလည်း အကီနိုရဲ့ စိတ်ကိုမညစ်နွမ်းစေချင်ပါဘူး။
အကီနိုတို့ ဘာသာအရ အကီနိုတို့ ဟာ ဒီလူ့လောကကြီးမှာ ခဏလာနေရတဲ့ ဧည့်သည်တွေပါပဲ။ ခဏတာလာရတဲ့ အချိန်လေးအတွင်းမှာ ကိုယ့်ကြောင့်သူများ
ပျော်ရွှင်နေတာ စိတ်ချမ်းသာနေတာကိုမြင်ရရင် အကီနိုကျေနပ်ပါတယ်။ အချစ်ဆိုတာကိုလည်း အကီနိုသိပ်မသိပါဘူး။ အကီနိုသတ်မှတ်ထားတဲ့ ချစ်သူဆိုတာ
တစ်ယောက်အပ်ါတစ်ယောက် နားလည်မှုရှိရမယ်…စာနာရမယ်…တန်ဖိုးထားတတ်ရမယ်…
သစ္စာရှိရမယ်…ကာကွယ်တတ်ရမယ်…စောင့်ထိန်းနိုင်ရမယ်…အဲဒါတွေနဲ့ပြည့်စုံမှ ချစ်သူလို့ သတ်မှတ်တာ…ဒါပေမဲ့ အခုထိမတွေ့သေးပါဘူး။ဒါပေမဲ့ လောကမှာလူဆိုတာ ကိုယ့် အတ္တအတွက် ကိုယ်အသက်ရှင်ကြတာဆိုတော့ အရမ်းချစ်တတ်တဲ့သူမှာသာ အပြစ်ရှိတာပါ။အဓိကတော့ အချစ်ထက်မေတ္တာထားတာ အအေးချမ်းဆုံးပါပဲ။ ကိုယ်ချစ်တဲ့သူပျော်ရွှင်နေမယ်ဆို ကိုယ့်အတွက်လည်းအေးချမ်းပါတယ်။ အသည်းကွဲနေရတဲ့သူတွေ စွန့်ပြစ်ခံရတဲ့ သူတွေကို အကီနို အရမ်းစာနာပါတယ်၊ အားလည်းပေးပါတယ် သူတောင်စွန့်ပစ်ရက်လို့စွန့်ပစ်သွားနိုင်သေးတာ ကိုယ်လည်းနေနိုင်အောင်နေရမှာပေါ့ မဟုတ်ဘူးလား။ အကီနို သူငယ်ချင်းတော်တော်များများလည်း အသည်းကွဲတာကို မြင်ဘူးပါတယ် ကိုယ့်ချစ်သူက အခြားတစ်ယောက်ပြောင်းချစ်သွားတာ၊ ကိုယ်ချစ်သလောက်ပြန်မချစ်တာတွေဟာ လောကမှာ အပူလောင်ဆုံးလို့ထင်ပါတယ်။ အကီနိုဆို ကီနိုအဖေကိုစွန်လွှတ်ရတဲ့အချိန်ဟာ အကီနိုအသက်အရွယ်နဲ့ မမျှအောင်ခံစားခဲ့ရပါတယ်။ဒါကြောင့် သူငယ်ချင်းတွေ အသည်းကွဲတာမြင်ရင် အတတ်နိုင်ဆုံးပျော်အောင်ထားပေးပါတယ်။ ကိုယ်ငိုနေတဲ့အချိန်မှာ သူပျော်နေတာကို မြင်ရရင် ငိုနေတဲ့ နင့်မျက်ရည်တွေ တိတ်လိုက်ပါတော့လို့ အားပေးပါတယ်။အကီနိုကတော့ လွန်ခဲ့တဲ့ ချစ်သူများနေ့မှာ စိုင်းစိုင်း ရှိုးပွဲကို အမေနဲ့သွားပြီး သီချင်းတွေအားရပါးရအော်ဆိုဘူးတယ် အမေ၀ယ်ကျွေးတဲ့ ချောကလက်ကို အ၀စားပြီး ပျော်ဘူးပါတယ်။ အကီနိုအတွက်တော့ ဘ၀ဆိုတာနေတတ်ရင်ပျော်စရာပါပဲ၊ ချစ်သူများနေ့မှာ ချစ်သူနဲ့လျောက်မလည်ပဲ အမေနဲ့ပဲလျာက်လည်ပစ်လိုက်တယ် ပိုတောင်ပျော်ဖို့ကောင်းသေးတယ်။ ဘယ်သှူဆီကမှ မရနိုင်တဲ့အချစ်ကို ကိုယ့်အမေဆီက အပြည့်အ၀ရထားမှတော့ အကီနိုဘ၀ဟာပြည့်စုံနေပါပြီ။ ဘာပဲဖြစ်ဖြစ် ချစ်သူများနေ့မှာ ချစ်သူတိုင်းပျော်ရွှင်ကျပါစေ……အကီနိုချစ်တဲ့သူတိုင်းလည်း ပျော်ရွှင်ပါစေ….…။

Advertisements

One thought on “ဖေဖော်ဝါရီ ၁၄

  1. I personally tend to go along with all the things
    that has been authored within “ဖေဖော်ဝါရီ
    ၁၄ Ahkenos Blog”. I am grateful for all the actual details.
    I appreciate it-Lori

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s