ကွန်ပျူတာတက္ကသိုလ်ရဲ့ မဟာတန်း


အကီနိုThird seminar အတွက်ကျောင်းသွားတုန်းက Hons:ကညီမတစ်ယောက်က မဟာတန်း ဆက်တတ်သင့် မတတ်သင့် လာမေးတာကို ပြန်ဖြေရင်းနဲ့ဘလော့ထဲမှာလည်း သိချင်တဲ့ ညီမလေးတွေ၊ မောင်လေးတွေရှိမှာပဲလို့ တွေးမိလို့ ဒီပိုစ့်လေးကိုရေးလိုက်တာပါ။ကွန်ပျူတာ မဟာတန်းဟာ Final ဆိုတဲ့ စာသင်နှစ် တစ်နှစ်ရယ် Thesisရယ်နှစ်ခုပေါင်းပြီး မှ ကွန်ပျူတာ မဟာဘွဲ့ကိုရရှိတာပါ။ ကျောင်းတတ်ရတဲ့ Final
ကတော့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား/သူတွေ အတွက် ကျောင်းခေါ်ချိန်ပြည့်အောင်တက်ပြီး စာမေးပွဲနှစ်ကြိမ်ဖြေဆိုရုံနဲ့ အဆင်ပြေစွာ ပြီးဆုံးနိုင်ပါတယ်။စာမေးပွဲကတော့ Hons:တန်းလောက် မခက်ခဲပါဘူး။အကီနိုက ကျက်စာသမားဆိုတော့ စာများများကျက်ရတဲ့ Master(Final)ဟာ Hons: ထက်ပိုလွယ်ကူပါတယ်။ဒါပေမဲ့ အခုနောက်ပိုင်း ကွန်ပျူတာတက္ကသိုလ်မှာ အရေအတွက်ထက်အရည်အချင်းကို ဦးစားပေးလာပြီး ကျရှုံးနှုန်းတွေများလာတာမို့ Master(Final)ဟာလည်း ဂရုတစိုက် ဖြေဆိုချင်ပါတယ်။
စာမေးပွဲမဖြေခင် Second semester လောက်မှာ proposal တောင်းပါတယ်။အထူးအကြံပေးလိုတာက Proposal ဟာနောင်နှစ်မှာ ကိုယ်ရေးမဲ့
Thesis အတွက် Supervisor ချဖို့အတွက် အခုထဲကခေါင်းခဉ်တောင်းတာပါ။Language တွေTheoryတွေ မပါဝင်ပေမဲ့ ကိုယ်ရေးမဲ့ အထူးပြုဘာသာ တော့ပါဝင်တယ်။ကျောင်းသားတွေဟာ မိမိစိတ်ဝင်စားမဲ့ဘာသာ၊အကျွမ်းကျင်ဆုံးဘာသာကိုရွေးချယ်ပြီးတော့ တင်ပေးပါ။နောက်ပိုင်းမှာ ခေါင်းစဉ်ပြောင်းလို့ရတယ်ဆိုပေမဲ့ ကိုယ်ကျတဲ့ဆရာမ/ဆရာကတော့ ပြောင်းလို့မရတော့ပါဘူး။ဥပမာ Data Mining ကျွမ်းတဲ့ဆရာမဆီမှာ AAရေးချင်တဲ့သူသွားကျရင် ကိုယ်ရေးချင်တာကိုအထောက်အကူမပြုပဲဖြစ်မှာမို့ စာသင်နှစ်ထဲက
ကိုယ်ဘယ်ဘာသာရပ်မှာ စိတ်ဝင်စားလည်းဆိုတာပါတခါတည်း လေ့လာထားသင့်ပါတယ်။အကီနိုကတော့ ကံကောင်းပါတယ် Third Yearထဲ Database ကိုကြိုက်နှစ်သက်လို့ Master ရောက်တော့ Distributed ပေါင်းလိုက်တော့ Distributed Database ကို ကိုယ်သဘောကျတဲ့ဆရာမနဲ့ပဲကျပါတယ်။စာမေးပွဲပြီး သွားရင်တော့ အရင်ဆုံးလုပ်သင့်တဲ့ အရာကတော့ ကိုယ့် Thesis မှာရေးမဲ့ Language ကိုကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားဖို့ပါပဲ။ တတ်စရာရှိတဲ့သင်တန်းတွေလည်း လိုအပ်မယ်ဆိုကြိုတင်ပြီးတော့တတ်ထားပါ။ Supervisor ကျပြီလို့ ကျောင်းကကြေငြာတာနဲ့ ကိုယ်ကအဆင်သင့်ဖြစ်ရင် Seminar ပေးလို့ရပါပြီ။ First Seminar ကတော့စာရွက်ပဲဖတ်ပြရမှာဖြစ်ပြီး Second Seminar မှာတော့ စာရွက်နဲ့ Power Point ။Third Seminarမှာတော့ Power Pointရော Program ရော စာရွက်ပါပါရပါမယ်။
Seminar အတိုင်းအတွက် စာရွက်ရေးနည်းကတော့ အခြေခံ ၆မျိုးအဓိကပါပါတယ်။အဲဒါတွေကတော့
Abstract
Objectives
Introduction
Theory
System Flow
Conclusion တို့ဖြစ်ပါတယ်။
အားလုံးပြီးစီးသွားလို့ Supervisor ကလည်းသဘောကျကြိုက်နှစ်သက်ရင်တော့ သင်တန်းမှူးဆီမှာ ရက်ချိန်းတောင်း
ဌာနအလိုက်ဆရာ/မတွေကိုလိုက်ဖိတ် ကျောင်းမှာကြော်ငြာကပ် စာရွက်တွေကို ကော်ပီကူးပြီး အသင့်ပြင်ဆင်ပြီး Seminarပေးနိုင်ပါပြီ။
Second နဲ့ Third ဆိုရင်တော့ projectorလိုတာမို့ ကျောင်းရောက်တာနဲ့ သွားဌားပြီး Seminar roomမှာ ကြိုပြင်ဆင်ထားပါ။ အကီနိုလည်းအခုမှ Third Seminar ပဲရှိသေးတာမို့ Paper တင်တာရယ် နောက်ဆုံးအပိုင်းအောင်စာရင်းထွက်တဲ့ ဒီဖရန့် ကိုတော့ နောက်မှပဲ ဆက်ရေးပါတော့မယ်။ဒီထက်အသေးစိတ်သိချင်ရင်တော့ အကီနိုကိုမေလ်းပို့ပြီးမေးနိုင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s