CMS
အကီနို သင်္ကြန်တွင်းအိမ်မှာနေပြီး စာအုပ်တွေဖတ်မယ်ဆိုလို့ အကီနိုအကိုတစ်ယောက်က စာအုပ်တွေ အများကြီးပဲပေးထားပြီး သင်္ကြန်တွင်းငြိမ်ဆေး ပေးထားခဲ့ပါတယ်။ စာအုပ်တွေအများကြီးထဲက အကီနိုကြိုက်နှစ်သက်ပြီး အလုပ်အသစ်ကြောင့် မလုပ်ရတာကြာပြီဖြစ်တဲ့ CMS(Joomla)ကိုဖတိရင်းနဲ့တနေရာထဲမှာ တစုတစည်းထဲလေးဖြစ်ချင်တာရယ် အကီနိုကိုယ်တိုင်ပြန်လည်လုပ်ကြည့်လိုတာကြောင့် ဒီစာအုပ်ကလေးကိုရေးလိုက်ပါတယ်။ ရေးနေတုန်းတန်းလန်း အမတယောက်ကလည်း သင်္ကြန်မလည်ပဲ စာလုပ်နေတာ Joomla အကြောင်းအကီနိုသိတယ်ဆိုလို့ ဖုန်းဆက်မေးတော့ စာဖတ်ပြီးရေးနေတာထက်စာရင်တယောက်ယောကိကိုပြန်ရှင်းပြရတဲ့ ပုံစံမျိုးက ပိုနားလည်လွယ်တာမို့ရှင်းပြတဲ့ ပုံစံမျိုးပဲရေးလိုက်ပါတယ်။ကျောင်းတုန်းထဲက အကီနိုကစာရှင်းပြရတာ စာကျက်ရတာ အရမ်းဝါသနာပါပါတယ်။စာမေးပွဲနီးလို့တော့ အကီနိုနားမှာ လူအုံနေပါပြီ။ တယောက်ယောက်ကို စာရှင်းပြလိုက်တာ၊ တယောက်ယောက်ကရှင်းပြလို့ ရသွားတဲ့စာဟာ ဆရာမစာရှင်းပြတာထက်စာရင် အကီနိုအတွက်တော့ ပိုရပါတယ်။အကီနိုက သူများတွေ စိတ်မပါတဲ့ ကျက်စာကို တွက်စာထက်ပို စိတ်ဝင်စားတယ် ပိုလည်းကျက်ဖြစ်တယ်။စာလေးတွေကို notesလေးတွေထုတ်ပြီးကျက်မယ် ၊ကိုယ်ရသွားလို့ကတော့ ဘေးနားက သူငယ်ချင်းတွေကို မရရအောင် နှုတ်တိုက်လိုက်ရှင်းပြမယ်။ကွန်ပျူတာတက္ကသိုလ်ရဲ့ ထုံးစံကတော့ စာတွေကို စာမေးပွဲနီးမှ ကျက်ထားတာအကောင်းဆုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ စာမေးပွဲနီးမှ စာတွေဖျက်ပေး ကျက်ရမဲ့ အပိုင်းတွေရွေးပေးနဲ့ အသင့်ကျက်ရုံပါပဲ။သူများတွေ စာနည်းလို့ပျော်နေချိန်မှာတော့ အကီနိုတို့ ငိုပွဲပဲ။ ကျက်ထားတဲ့ စာတွေ အကုန်ပါသွားလို့ပါပဲ။အဲဒီလိုကို စာကျက်တာကို ၀ါသနာပါတာ။တစုံတယောက်က သင့်ရဲ့ ၀ါသနာကဘာလဲလို့မေးရင် စာဖတ်ခြင်းလို့ပဲ ပြန်ဖြေမိမှာပါ။ ငယ်ငယ်တုန်းကတော့ မာမီကြောင့် တာဝန်ဝတ္တာရားအရ ကျက်ရပေမဲ့ စာမဖတ်ရင် မနေနိုင်တော့အောင် ၀ါသနာပါခဲ့ပါတယ်။အခုနောက်ပိုင်းလည်း သူများရေးထားတာတွေ ကိုလိုက်ဖတ်လိုက်လုပ်ရင်းနဲ့ တဖြည်းဖြည်းလုပ်တတ်လာတာပါ။ စလုပ်ကာစတော့ သူများရေးထားတဲ့အတိုင်းဖြစ်အောင် လိုက်လုပ်ရင်းနဲ့ နောက်တဖြည်းဖြည်း ဘာကြောင့်ဖြစ်တာလဲ၊ဘာကြောင့် မဖြစ်တာလဲတွေကိုပါ စဉ်းစားတတ်လာပြီ။ အခုနောက်ဆုံးအနေနဲ့ ကိုယ်တိုင်ရေးကြည့်ခြင်းပါပဲ။ ဒီစာအုပ်ကလေးကတော့ အကီနိုရဲ့ ပထမဆုံးရေးသားတဲ့ စာအုပ်သေးသေးလေးပါ။ လိုအပ်သည်များလည်းရှိနေပါအုံးမယ်။ အတတ်နိုင်ဆုံးနားလည်နိုင်အောင်လည်း ရှင်းပြထားပါတယ်။အကီနိုကတော့ Theory အပိုင်းနဲ့ Install လုပ်ပုံအပိုင်းကို အသေးစိတ်ရေးပေးထားပါတယ်။Design ပိုင်းတို့ Admin အပိုင်းတို့ကတော့ ကိုယ်လုပ်ဆောင်တဲ့ Website ပေါ်မှာမူတည်ပြီး ပြောင်းရေးရုံပါပဲ။အခြေခံသဘောတရားကတော့ အတူတူပါပဲ။ဒီလောက်ထိရေးထားလို့ အကီနိုကဆရာကြီးတော့ မဟုတ်ပါဘူး။ ခုမှလေ့လာသင်ယူနေတုန်းပါပဲ။အကီနိုသိထားသမျှကို ပြန်လည်ဖော်ပြပေးရုံပါ။စာအုပ်ကလေးရဲ့လိပ်စာပါ
http://ifile.it/m3s2j1y
Add comment April 17, 2009
Challenging
စကားသားလေးက လှသလောက် အဓိပ္ပာယ်ပြည့်ဝလှတဲ့ Challenging ဆိုတဲ့ စကားလုံးလေးက အကီနိုဘ၀မှာ တော်တော်လေး အရေးပါတဲ့ စကားလုံးလေးပါ။
အကီနိုဘ၀မှာ မကြိုးစားပဲ၊မယှဉ်ပြိုင်ပဲရလာတဲ့ အရာဆိုတာ မရှိပါဘူး။စိန်ခေါ်မှုဆိုတာတွေရှိမှ အရည်အချင်းတွေလည်းတိုးတက်လာမှာ။ အကီနိုကတော့ စိန်ခေါ်မှုတွေကို သဘောကျတယ်။ အကီနိုဘ၀က စိန်ခေါ်မှုတွေနဲ့ပဲ တဆင့်ပြီးတဆင့်တက်ခဲ့ရတယ်။ အခုရက်ပိုင်းမှာ အကီနို အိပ်ချိန်၆နာရီပြည့်အောင်တောင်မနည်း ကြိုးစားနေရတယ်။ အကီနို အခု အလုပ်အသစ်မှာ languageအသစ်အတွက် project အသစ်ကိုရေးနေရပါတယ်။ ရေးနေကျလူတွေအတွက် အဆင်ပြေပေမဲ့ အကီနိုကတော့ ကိုယ့်ကိုကိုယ် web သမားလို့ ခံယူထားတော့window တွေရေးရတာဟာ စိန်ခေါ်မှုတခုပါပဲ။ နေရာတနေရာရယ်၊ အတွေ့အကြုံရယ်၊ပညာရယ်ကြောင့် ဒီအလုပ်ကိုရွေးခဲ့ပေမဲ့ ဒီproject မှမရေးပေးနိုင်ရင် programming ရေးမနေနဲ့တော့လို့ ပြောခံရတာကြောင့် မရရအောင်ရေးခဲ့ပါတယ်။ ပြိုင်ပွဲပြီးတော့ ကိုယ့်အတွက် language တခုတတ်သွားတာ အမြတ်ရသလို၊ကိုယ့်ကိုကိုယ်လည်း confidant ရှိလာပါတယ်။
နောက်တခုကတော့ အလုပ်ဝင်နေရတဲ့ အချိန်မှာ ကျောင်းမှာလဲ paper ခေါ် ပြီး စာအုပ်တင်ဖို့လုပ်ရပါတယ်။ အဲဒီတော့ ကျောင်းသွားရမဲ့နေ့တွေ အတွက် မနက်ပိုင်းခွင့်ယူပြီး
သူများနားတဲ့ လပြည့်နေ့နဲ့၊တပ်မတော်နေ့တောင် အချိန်ပိုဆင်းခဲ့ရတယ်။ ကျောင်းကိစ္စကလည်း ကျောင်းသွားစရာမလိုတော့တဲ့ နေရာတွေဆို ညနေပိုင်းအလုပ်ကပြန်လာရင်တန်းသွား၊ အိမ်ပြန်ရောက်ရင် စာအုပ်အတွက် ပြန်ပြင်ဆိုတာတွေပြင်ဆင်ရင်းနဲ့ တခါတလေ ည၉နာရီအထိတောင် ဒီနေ့ အိမ်မှာ ဘာဟင်းချက်လဲတောင် မသိတော့ပါဘူး။ ဒီကြားထဲ ပြစ်ထားတဲ့ ကိုယ့်အိမ်ကလေးကို လာလည်ပေးတဲ့ သူငယ်ချင်းတွေကိုအားနာတာကြောင့် ပြန်ပြင်၊စာတွေဖတ်သင့်တာဖတ်နဲ့ Connection ကျနေတဲ့ ကြားက အားကြိုးမာန်တတ်ရေးခဲ့ပါတယ်။ အခု အကီနို အိမ်ကလေးကို အကီနိုကိုယ်တိုင် ကျော်ခွပြီးပြန်ဝင်နေရတာကြောင့် အိမ်သစ်ကလေး တလုံးဆောက်လိုက်ပါတယ်။ အိမ်အသစ်ကလေးကိုလဲ အိမ်ဟောင်းကလေးလိုလာလည်တဲ့ သူတွေများအောင် သေချာပြန်ပြင်ဆင်နေရပါတယ်။ အိမ်အသစ်ကလေးရဲ့လိပ်စာကတော့ www.ahkeno.co.cc\blog ဖြစ်ပါတယ်။ ဒီလောက်မအားလက်တဲ့ကြားက နှစ်တိုင်းခံလာရတဲ့ ဧပရယ်ဖူးကို ကိုယ်ကဦးအောင် အရူးလုပ်လိုက်ပါသေးတယ်။ ကျောင်းသွားခါနီး သူငယ်ချင်းနှစ်ယောက်ကို ဖုန်းခေါ် တစ်ယောက်
တမျိုးစီစပြီး ဒီနှစ်အတွက်တော့ ကိုယ်ကိုအရူးလုပ်မဲ့သူမရှိတော့ပါဘူး။နောက်ထပ်ခေါ်စရာ သူငယ်ချင်းအားလုံးကတော့ နိုင်ငံခြားရောက်နေလို့ ဂျီတော့ကနေပဲ စတော့ သိပ်မယုံကြပါဘူး။
မယုံတော့လဲ ဟဲဟဲ Alpril Fool ပေါ့။အကီနို ကြိုက်တဲ့စာသားလေးတခုလိုပေါ့ တက်ကြွအောင်မြင်နေတဲ့ သူတွေမှာ ..လုပ်စရာ အလုပ်တွေရှိတယ်။
မျှော်လင့်ရမဲ့ အိမ်မက်တွေရှိတယ်။ ချစ်ရမဲ့ ချစ်သူရှိတယ်။နောက်ဆုံးတခုကလွဲရင် အကီနိုတော်တော်ပြည့်စုံနေပါပြီ။
Add comment April 6, 2009
အချစ်ကြီးသူ
အကီနို တနေ့ကဖတ်ရတဲ့ စာအုပ်ထဲမှာရေးသားထားတဲ့ စာသားလေးကို သဘောကျတာနဲ့ ဒီပိုစ်လေးကိုရေးလိုက်တာပါ။ စာသားလေးကတော့ ချစ်ကြီးသူတဲ့။မိန်းကလေးတယောက်က
သူ့ချစ်သူကို အချစ်အကုန်ချစ်ပြရင် တန်ဖိုးများကျမလားတဲ့။တကယ်တော့ အချစ်မှာ တန်ဖိုးနည်းတာ၊များတာ တွက်ချက်လို့မရပါဘူး။ တန်ဖိုးဆိုတာ တန်ဖိုးထားတတ်သူ
အပေါ်မှာသာမူတည်ပါတယ်။အချစ်ကြောင့်တော့ တန်ဖိုးမကျပေမဲ့ အချစ်ခံယူသူရဲ့ တန်းဖိုးထားမှုပေါ်မှာသာမူတည်ပါတယ်။ဆရာမ စာသင်သလိုပေါ့ စာကို အတန်းသားအားလုံးကို တပြေးညီပေးလိုက်ပေမဲ့ လက်ခံယူသူရဲ့ လိုချင်မှုပေါ်မှာ မူတည်ပြီး စာမေးပွဲအောင်တာ၊ကျတာတွေဟာဖြစ်လာတာပါ။အချစ်ဆိုတာလည်း တန်ဖိုးထားတတ်သူလက်ထဲရောက်သွားတဲ့ အခါပျော်ရွှင်သာယာတဲ့ ချစ်ခြင်းဖြစ်ပေါ်လာ သလို၊တန်းဖိုးမထားတတ်တဲ့သူလက်ထဲ ရောက်သွားခဲ့ရင်တော့ အသည်းကွဲခြင်း တွေဖြစ်ပေါ်လာပါတယ်။တကယ်တော့ လူတစ်ယောက်ကို အလွန်အကျွံချစ်ခြင်းဟာ အဲဒီလူရဲ့လောင်းရိပ်အောက်ရောက်သွားခြင်းပါတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော လွမ်းမိုးမှုခံလာရပါတယ်။ချစ်တတ်လွန်းသူတိုင်းရဲ့ နှလုံးသားတိုင်းဟာ တနေ့မှာ ကွဲအပ်ရတတ်ပါတယ်။ တခုပဲကွာခြားတာကတော့ ကိုယ့်ချစ်သူက ငဲ့ညာတတ်တဲ့ စာနာတတ်တဲ့သူဆိုရင်တော့ ခံသာတာပေါ့။ ဒီလိုမှ မဟုတ်ရင်တော့ ရေဆုန်မြောရောပဲ။့ 
မိန်းကလေးအများစုဟာ သဘာဝအရရော၊ခံစားချက်အရရော ယောကျာင်္သားများထက် ပိုမိုနုနယ်တဲ့အတွက် ဘ၀ကိုရေစုန်မျောတတ်ကျတယ်။ အကီနိုဖြစ်ချင်တာကတော့ ဘ၀မှာဖြစ်ဖို့ကံပါလာပြီးတဲ့နောက်မှာ ကိုယ့်ဘ၀ကို ရေဆုန်မမျောစေချင်ပါဘူး။လဲကျတာဟာ အားငယ်စရာမဟုတ်ပါဘူး၊ ပြန်ထနိုင်တာဟာသာ ဘ၀ရဲ့ အနှစ်သာရပါ။ အကီနိုတို့ အသက်အရွယ်တွေအရတော့ အချစ်ဆိုတာ ဘ၀တစ်ခုဖြစ်ပေမဲ့ တကယ်တော့အချစ်ဆိုတာ စိတ်ခံစားမှုပါပဲ။ အသည်းကွဲနေတဲ့ အချိန်မှာ လုပ်စရာ အကောင်းဆုံးကတော့ အိမ်သန့်ရှင်းရေးလုပ်တာပါပဲ။ ခံစားလာသမျှ၊နာကျင်လာသမျှ ကို အညစ်အကြေးတွေကို တွန်းတိုက်တဲ့နေရာမှာ အားထုတ်လိုက်တော့ မောလာတဲ့အခါ အိမ်လည်းပြောင် လူလည်းနေသာထိုင်သာရှိသွားတယ်လို့ထင်ပါတယ်။ အကီနို အိမ်ဆိုအမြဲတောက်ပြောင်နေတာ အသည်းကွဲလို့တော့
မဟုတ်ပါဘူး အိမ်ရှင်းရတာဝါသနာပါလို့ပါပဲ။အကီနိုပြောချင်တာက လူတစ်ကိုချစ်သင့်သလောက်ပဲချစ်ပါ။ကိုယ့်ရဲ့မျှော်လင့်ချက် ၊အိမ်မက်၊ဘ၀အားလုံးကို ပုံမပေးပါနဲ့။ဖြစ်ချင်တာ ဖြစ်မလာတဲ့အခါကိုယ်ပဲ လဲကွဲရမှာပါ။ လူတစ်ယောက်ဆီမှာ သီးသန့်မျှော်လင့်ချက်၊ အိမ်မက်ဆိုတာကတော့ရှိသင့်ပါတယ်။ ကိုယ့်မျှော်လင့်ချက်၊ ရည်မှန်းချက်ကို ဘယ်သူတစ်ဦး တစ်ယောက်ကြောင့်မှ အပျက်စီးမခံပါနဲ့။ အကီနို သိပ်ကြိုက်တဲ့ စာသားလေးတခုက တန်ဖိုးရှိတဲ့ဘ၀ကို ပိုင်ဆိုင်ချင်ရင် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ရမယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါနဲ့ တချိန်မှာတော့ သာယာတဲ့ ဘ၀တစ်ခုရလာမှာပါ။
1 comment March 6, 2009
Apple Iphone
လာမည့်နွေရာသီမှာ Appleကသူရဲ့ နာမည်ကြီး ဖြစ်တဲ့ iphoneကိုဈေးကွက်ထဲမှာ ဈေးနှုန်း99ဒေါ်လာထိ နှိပ်ချ ယှဉ်ပြိုင်ရောင်းချတော့မဲ့ အကြောင်း RBC Capital Markets မှ ဆန်းစစ်သူ မိုက်ခ်အေ ဘရမ်စကီးကပြောကြားသွားကြောင်း အင်တာနက်ဂျာနယ်မှာာ ဖတ်ရှုလိုက်ရပါတယ်။အတိုင်းမသိဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ အကီနိုအခုတလော အရူးထနေရတဲ့ ဖုန်းကတော iphone့ ဖြစ်နေခြင်းဖြစ်ပြီးဈေးနှုန်းကလည်း ခြောက်သိန်းကျော် ဆိုတော့ အမေ့ကို ပူစာရမှာ အားနာနေတာကြောင့် ငြိမ်နေရပြီး ထိုသတင်းက အကီနို အတွက် ၀မ်းမြောက်ဖွယ် သတင်းတစ်ပုဒ်ပင်ဖြစ်သည်။ အခုလက်ရှိ အကီနိုကိုင်နေသည့် ဖုန်းကလေးမှာ Sony Ericsson ရဲ့ W300i ကလေးပါ။ ၀ယ်ကစတော့ နောက်ဆုံးပေါ် လည်းဖြစ် walkman စီးရီးဆိုတော့ သီချင်းနားထောင်ကောင်းတာရယ်၊ camera ရော ဖုန်းတွင်း memoryအသင့်အတင့်ပါတဲ့ ခေါက်ဖုန်းလေးဆိုတော့ လက်ကမချတမ်းရူးမိပါတယ်။ အခုနောက်ပိုင်းမှာတော့ ကြာလာလို့ ရိုးလာတာ မဟုတ်ပေမဲ့ အသစ်အဆန်းအနေနဲ့ရော အမြင်ပိုင်းနေနဲ့ရောiphone ကိုသဘောကျနေပါတယ်။ အကီနိုကလည်း အစွဲအလမ်းတမျိုးပါ အကီနို ဖုန်းအရမ်းရူးနေတဲ့ အချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ Nokia ဖုန်းကို ဌားဆက်မိလို့ ပြောခံလိုက်ရပြီးထဲက Nokiaဆိုလုံးဝမကိုင်ချင်တော့ပါ။အဲဒါပြီးတော့ အကီနိုအမေက့ချက်ချင်း ကိုဝယ်ပေးခဲ့တဲ့ Sony Ericsson လေးကို အခုချိန်ထိချစ်နေတုန်းပါတယ်။ အခုတလော ကဒ်ဖုန်းတွေပေါ်လာတာကြောင့်ပဲလား၊ လိုင်းတွေပဲကျပ်နေလို့လား မသိပါ အိမ်ရှေ့ကအော်လည်း မကြားရ၊နောက်ဖေးကအော်လည်း မကြားရနဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီကြားထဲ ဖုန်းကလည်း မှားလိုက်တာ ခဏခဏပဲ။တခါတလေများ ကိုယ့်ဖုန်းကိုပွားခံရပြီးလို့တောင်တွေးမိပါတယ်။ ဒါပေမဲ့လည်းမဖြစ်နိုင်ပါဘူး အကီနိုဖုန်းက တလနေမှ ၃၀၀၀လောက်ပဲကျတာ။အကီနိုကဖုန်းဆို အ၀င်ပဲလက်ခံတယ် ကိုယ်ဆက်ရင်လိုရင်းတိုရှင်း ဒါပဲ(ကပ်စီးနည်းတာ)။သူများကခေါ်ပြီဆိုရင်တော့ သူခေါ်သလားကိုယ်ခေါ်သလား မှားရအောင် စကားကိုယ်ရေပက်မ၀င်ပြောပါတယ်။အကီနိုအတွက် အကီနိုဖုန်းကလေးက can’t live without things ထဲမှာတခုအပါဝင်ပါပဲ။ဖုန်းမပါပဲ ဘယ်မှမသွားဖူးဘူး။လိုင်းမမိလည်း သီချင်းနားထောင်တယ်၊ဓာတ်ပုံရိုက်တယ်၊ အကီနိုခွေးကလေးတွေကို videoရိုက်တယ် အသုံးမ၀င်တာမရှိပါဘူး။ပြီးတော့ အကီနိုက ဖုန်းring toneကို အကီနိုကြိုက်တဲ့ သီချင်းလေးတွေပေးရတာကြိုက်တယ်။အခုလောလောဆယ်ပေးထားတာ Lionel Richieရဲ့ Hello ပါ။အခုတော့ Appleရဲ့ကြေငြာချက်သာ အမှန်အကောင်အထည်ဖော်ဖြစ်ခဲ့ရင် အကီနို မွေးနေ့အမီ အမေ့ကိုဝယ်ပေးဖို့ ပူဆာရတော့မယ်။
5 comments February 18, 2009
တောင်းပန်ခြင်း
အကီနိုရဲ့ အိမ်လေးလည်းတင်ထားတာကြာလာတဲ့ အမျှလာကြည့်တဲ့ ဧည့်သည်တွေများပြားလာတဲ့အတွက် ကျေနပ်မိပါတယ်။ အကီနိုတခုလောက်တောင်းပန်ခြင်တာကတော့ အကီနိုအရင်ကတော့ အလုပ်လုပ်တော့ အလုပ်မှာ အချိန်ပြည့် အင်တာနက်ရတော့ သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိပါတယ်။အခုကတော့ အလုပ်ကလည်းမလုပ်တော့ အင်တာနက်ကို တနာရီ ၅၀၀ကျပ်ပေးပြီး သုံးစွဲရတော့ ပေးရတာနဲ့ တန်အောင် အကီနိုမှာ လုပ်စရာ အလုပ်တွေ အရမ်းများပြားပါတယ်။ အကီနိုမှာလည်း နိုင်ငံပေါင်းစုံမှာရှိတဲ့ သူငယ်ချင်းတွေကလည်း တွေရတဲ့ အခိုက်မှာ မေးချင်ပြောချင်ကြတာတွေကို တခါတလေ အကီနို လုပ်စရာတွေများပြားသွားလို့ မဖြေဖြစ် မပြောဖြစ်တာ ရှိရင်ခွင့်လွှတ်ပေးကြပါလို့။ စာကတော့ လာသမျှပြန်နိုင်အောင် Auto Reply လုပ်ပေးထားပါတယ်။ သူငယ်ချင်းတွေက အကီနို အိမ်လေးနဲ့ပတ်သတ်ပြီး အကြံဥာဏ်တွေပေးတာ၊မေးခွန်းလေတွေမေးတာကျေးဇူးတင်ပါတယ်။ အကီနိုလည်းတတ်နိုင်သလောက် ကြိုးစားပြီးဖြေပေးပါမယ်။ မေးခွန်းလေးတွေမေးရင် chat ကနေမမေးပဲ စာလေးရေးပေးပါလို့ အကီနိုတောင်းပန်ချင်ပါတယ်။ အကီနိုကလည်း တစ်ယောက်ကနှစ်ယာက် မေးလာရင် chat ကိုမဖြေတတ်တော့ပါဘူး။ အဲဒါကြောင့် တခါတလေ သူငယ်ချင်းတွေ စိတ်အနှောက်ဖြစ်တတ်ပါတယ်။ စာကိုတော့ အကီနိုက notepad နဲ့သိမ်းသွားပြီး အိမ်ရောက်တော့မှ အေးဆေးပြန်ဖတ်၊ ဖြေသင့်တာတွေကိုလည်းဖြေနဲ့ အခုပိုစ်လေးကိုလဲ notepad နဲ့ရေးပြီးတင်ထားတာပါ။မေးပေးတဲ့ သူငယ်ချင်းတွေ ကိုလည်းကျေှးဇူးတင်ပါတယ်။ မေးခွန်းတွေမေးပေးတဲ့ အတွက် အဖြေတွေကြိုးစားပြီးရှာရတဲ့ အတွက် အကီနိုမှာလည်း တိုးတက်မှုရှိပါတယ်။
Add comment February 10, 2009
ကွန်ပျူတာ နှစ်လုံးကို Network ချိတ်ဆက်ခြင်း
ကွန်ပျူတာ နှစ်လုံးကို Network ချိတ်ဆက်ခြင်း
အကီနို Third seminar တုန်းက Window Xpနဲ့ Vista ကိုချိတ်ဆက်ပုံလေးကိုတင်ပြလိုက်ပါတယ်။
Window Vista မှာ server ထားပြီးWindow Xp မှာclient ထားပြီး runထားတာပါ။
့ Network card တပ်ဆင်ထားတဲ့ ကွန်ပျူတာ ၂-လုံး၊ ယင်း ကွန်ပျူတာ ၂-လုံးတည်းကိုပဲ အပြန်အလှန် ချိတ်ဆက်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာဆိုင်ကနေ crossover network cable
တစ်ချောင်း ဝယ်ပါ… ၂-လုံးထက် ပိုမယ် ဆိုရင်တော့ switch/hub ပါ ဝယ်စရာ လိုအပ်ပါတယ်…
ကွန်ပျူတာမှာ Network card သို့မဟုတ် Network cable ကြိုးထိုးမယ့် အပေါက် မပါသေးဘူး ဆိုရင် Network Card (NIC – Network Interface Card) ဝယ်ပြီး ကွန်ပျူတာမှာ တပ်ဆင်ပါ…
အကီနိုယူသွားတာကLaptop ဆိုတော့ Network cable ပါပြီးသားပါ။
၁. Start » Control Panel ထဲဝင်ပါ…
၂. Network Connections ဆိုတာ တွေ့အောင်ရှာပြီး double-click ခေါက်ပြီး ဖွင့်ပါ…
၃. Local Area Connection ဆိုတာ တွေ့ရင် ထပ်ပြီး double-click ခေါက်ပြီး ဖွင့်ပေးပါဦး…
၎. Properties button ကို ကလစ်နှိပ်ပေးပါ…
၅. Internet Protocol (TCP/IP) ဆိုတာကို click ခေါက်ပြီး select လုပ်ပါ… ပြီးရင် Properties button ကို click ခေါက်ပါ…
၆. Internet Protocol (TCP/IP) Properties ဆိုပြီး နောက်ထပ် dialog box ထပ်ပေါ်လာပါလိမ့်မယ်… အဲဒီထဲက Use the following IP address ကို click ခေါက်ရွေးပြီး…
၇. IP Address မှာ 192.168.0.1 ရိုက်ထည့်ပြီး Tab ခလုတ်နှိပ်လိုက်ပါ… အောက်မှာ ရှိတဲ့ subnet mask ထဲမှာ သူ့ဘာသာသူ 255.255.255.0 ဆိုပြီး ပေါ်လာပါလိမ့်မယ်… မပြင်ဘဲ ဒီအတိုင်း ထားလိုက်ပါ…
၈. ပြီးရင် OK button တွေကို click နှိပ်ပြီး ထွက်ပါ…
နောက်ထပ် ကွန်ပျူတာ ၁-လုံးအတွက်ကတော့ အပေါ်က အဆင့်တွေ အတိုင်း အဆင့်-၁ ကနေ အဆင့်-၆ အတိုင်း ပြန်သွားပါ… အဆင့်-၇ ရောက်ပြီဆိုရင်တော့
IP address မှာ 192.168.0.2 လို့ ရိုက်ထည့်ပေးပါ… 192.168.0.1 လို့တော့ ထပ်မထည့်ပါနဲ့… အဲဒါဆို ဒီ ကွန်ပျူတာ ၂-လုံး အပြန်အလှန် ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး…
ဒီလို… network ၁-ခုတည်းမှာ ကွန်ပျူတာတွေ အတူတူ အပြန်အလှန် ဆက်သွယ်လို့ ရစေချင်တယ်ဆိုရင် IP address မှာ “.” လေးတွေနဲ့ ခြားထားတဲ့
ဂဏန်း ထည့်လို့ရတဲ့ နေရာ ၄-ခု ရှိတယ် မဟုတ်လား… အဲဒီလိုပဲ Subnet mask မှာလည်း ၄-ခု ရှိတယ်…
IP Address : 192 . 168 . 0 . 1
Subnet Mask : 255 . 255 . 255 . 0
အပေါ်က စာကြောင်း ၂-ကြောင်းမှာ subnet mask ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 255.255.255 ရှိပြီး နောက်ဆုံးနေရာမှာ 0 ဆိုပြီး ရှိနေတယ်နော်… IP address ရဲ့ ပထမ ရှေ့ ၃-နေရာမှာ
192.168.0 ဆိုပြီး ရှိနေတယ် မဟုတ်လား… ကွန်ပျူတာတွေကို network တစ်ခုတည်းမှာပဲ ရှိနေချင်တယ်ဆိုရင် (တစ်နည်းအားဖြင့် အပြန်အလှန် ဆက်သွယ်လို့ ရချင်တယ်ဆိုရင်)
ကွန်ပျူတာတိုင်းရဲ့ IP address ပထမရှေ့ ၃-နေရာဟာ 192.168.0 ဖြစ်စရာလိုအပ်ပါတယ်… နောက်ဆုံး ၄-နေရာကတော့ မတူညီတဲ့ ဂဏန်းတန်းဖိုး တစ်ခုစီ ထားပေးရပါမယ်…
ဒီမှာ အကွက် တစ်ခုချင်းစီ ထဲမှာ 1 ကနေ 254 အထိ ထည့်လို့ရတယ်ဆိုတော့ ကွန်ပျူတာ ၂၅၄-လုံးအထိ ပါဝင်တဲ့ network တစ်ခု တည်ဆောက်နိုင်ပါတယ်…
serverကို 192.168.0.1ပေးထားပြီး clientကိုတော့ 192.168.0.2လို့ပေးထားပါတယ်
တစ်ခု မှတ်ထားဖို့က 192.168.0.1 ကို ကွန်ပျူတာ ၁-လုံးမှာ အသုံးပြုပြီးသားဆိုရင် နောက် ကွန်ပျူတာတွေမှာ ထပ်ပေးလို့ မရပါဘူး…
ထပ်ပေးမိတယ်ဆိုရင် IP conflict ဖြစ်ပြီး သက်ဆိုင်ရာ ကွန်ပျူတာတွေ network အသုံးပြုလို့ မရတော့ပါဘူး…
ပြီးရင်တော့ စက်အချင်းချင်း connection ရမရသိချင်ရင်
->run> cmdမှာ
ping 192.168.0.1
ping 192.168.0.2
လို့ အပြန်အလှန်ရိုက်ကြည့်ပါ Reply for…. တက်လာရင်တော့ ကိုယ်ပိုင် Network တခုတည်ဆောက်နိုင်ပါပြီ။
Add comment February 8, 2009
အိုဘားမားဗိုင်းရပ်စ်
ဒီမိုကရက်တစ်ပါတီမှ အိုဘားမားအား သမ္မသစ်အဖြစ် ရွေးချယ် တင်မြှောက်အပြီး နာရီပိုင်း အနည်းငယ် အကြာတွင် အိုဘားမား၏ ဓာတ်ပုံပါဝင်သည့် Spam အီးမေးလ်များ ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့ကြောင်းနှင့် ဗြိတိန်အခြေစိုက် Sophos အဆိုအရ ဗုဒ္ဓဟူးနေ့တွင် တွေ့ရသော
ထို အီးမေးလ်များ၏ ၆၀ ရာခိုင်နှုန်းမှာ အိုဘားမားနှင့် ဆက်နွယ်နေကြောင်း သိရသည်။ထို Spam အီးမေးလ်တွင် အိုဘားမား၏ အောင်ပွဲခံမိန့်ခွန်း ဗီဒီယိုကို ကြည့်နိုင်သည့် လင့်ခ်တစ်ခု ပါရှိကာ ထို အီးမေးလ်လင့်ခ်မှ တဆင့် ကြည့်မည်ဆိုလျှင် သင်၏ Flash Player ကို အဆင့်မြှင့်ရန် သတိပေးသည့် အင်တာနက်စာမျက်နှာ တစ်ခုဆီသို့ ခေါ်ဆောင်သွားမည် ဖြစ်ကာ ထိုအတုအယောင် Flash Player အား
သင်၏ ကွန်ပျူတာအတွင်းသို့ ထည့်သွင်းလိုက်သည်နှင့် သင်၏ ကွန်ပျူတာအတွင်းသို့ Trojan ဗိုင်းရပ်စ်တမျိုး ၀င်ရောက်သွားမည် ဖြစ်သည်။
ထိုဗိုင်းရပ်စ်အား Trojan Mal/Behav-027 ဟု တမျိုး W32/Papras.CL. ဟု တဖုံ ခေါ်ဝေါ်ကြကြောင်း သိရသည်။အခြား အီးမေးလ်ဗိုင်းရပ်စ် တစ်ခုမှာ သမ္မတသစ် အိုဘားမားနှင့် [One of the spam messages using Obama's election to entice people to download malware] အင်တာဗျူးလုပ်ထားခြင်းကို ပေးပို့သည့် အီးမေးလ်ကဲ့သို့ ပုံမှားရိုက်ထားသည့် အီးမေးလ်ဖြစ်ပြီး ထိုအီးမေးလ်တွင် ပါရှိသော လင့်ခ်ကို သွားမည်ဆိုလျှင သင့်အား BarackObama.exe ဟု အမည်ရသည့် ဖိုင်ကို သင်၏ ကွန်ပျူတာအတွင်းသို့ သွင်းဖို့ အချက်ပေးမည် ဖြစ်သည်။ ထိုဖိုင်အား ကွန်ပျူတာ အတွင်းသို့ သွင်းလိုက်သည်နှင့် တပြိုင်နက် သင်၏ ကွန်ပျူတာတွင် ထို trojan ဗိုင်းရပ်စ် ၀င်ရောက်သွားမည် ဖြစ်သည်။
Add comment February 8, 2009
ဖေဖော်ဝါရီ ၁၄
ဖေဖော်ဝါရီလရဲ့ ချစ်သူများနေ့တောင်နီးလာပါပြီ နေရာတိုင်းမှာ ချစ်သူများနေ့ အထိမ်းအမှတ်ပို့စကတ်လေးတွေ၊သီချင်းလေးတွေ့ပြင်ဆင်ရောင်းချနေကြပါပြီ။သူငယ်ချင်းတစ်ယောက်ကပို့ပေးလိုက်တဲ့ချစ်သူများနေ့မှာပျော်ရွှင်ပါစေဆိုတဲ့
Emailလေးကိုရလို့ အကီနိုပြုံးမိလာပါတယ်။ချစ်သူများနေ့ဟာလည်း အကီနို့အတွက်တော့ သာမာန်နေ့တနေ့ပါပဲ ထူးပြီးတော့ ပျော်ရွှင်စရာလည်းမရှိပါဘူး။သူများတွေအတွက်တော့ အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်လဲ မသိပေမဲ့ အကီနိုအတွက်တော့ အချစ်ဆိုတာကို ပေးဆပ်ခြင်းလို့ပဲသတ်မှတ်ပါတယ်။အချစ်ဆိုတာ ချစ်သူတစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ အကီနိုချစ်တဲ့ လူသားတိုင်း၊အရာတိုင်းကို အကီနိုနဲ့ ပတ်သတ်ရင်ပျော်ရွှင်နေတာ စိတ်ချမ်းသာနေတာကိုပဲ မြင်စေချင်တာပါ။ အကီနို ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်မဆင်းရဲစေချင်သလို ဘယ်သူကြောင့်မှလည်း အကီနိုရဲ့ စိတ်ကိုမညစ်နွမ်းစေချင်ပါဘူး။
အကီနိုတို့ ဘာသာအရ အကီနိုတို့ ဟာ ဒီလူ့လောကကြီးမှာ ခဏလာနေရတဲ့ ဧည့်သည်တွေပါပဲ။ ခဏတာလာရတဲ့ အချိန်လေးအတွင်းမှာ ကိုယ့်ကြောင့်သူများ
ပျော်ရွှင်နေတာ စိတ်ချမ်းသာနေတာကိုမြင်ရရင် အကီနိုကျေနပ်ပါတယ်။ အချစ်ဆိုတာကိုလည်း အကီနိုသိပ်မသိပါဘူး။ အကီနိုသတ်မှတ်ထားတဲ့ ချစ်သူဆိုတာ
တစ်ယောက်အပ်ါတစ်ယောက် နားလည်မှုရှိရမယ်…စာနာရမယ်…တန်ဖိုးထားတတ်ရမယ်…
သစ္စာရှိရမယ်…ကာကွယ်တတ်ရမယ်…စောင့်ထိန်းနိုင်ရမယ်…အဲဒါတွေနဲ့ပြည့်စုံမှ ချစ်သူလို့ သတ်မှတ်တာ…ဒါပေမဲ့ အခုထိမတွေ့သေးပါဘူး။ မိန်းကလေးတွေအတွက် အချစ်ဆိုတာ ဘ၀တခုလုံးဖြစ်ပြီး အချစ်အတွက် ဘ၀ကိုတောင်စွန့်ရဲကြပေမဲ့
ယောကျာင်္းလေးအတွက်ကတော့ အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းလေးတခုပါပဲ ၊ဘ၀အတွက်အချစ်ကိုတောင်စွန့်နိုင်ကြပါတယ်။ ဒါကလည်း အကီနိုကြုံတွေ့ရတဲ့ ယောကျာင်္းလေးတော်တော်များများရဲ့ စိတ်ဓာတ်ပါပဲ။ ဒါပေမဲ့ လောကမှာလူဆိုတာ ကိုယ့် အတ္တအတွက် ကိုယ်အသက်ရှင်ကြတာဆိုတော့ အရမ်းချစ်တတ်တဲ့သူမှာသာ အပြစ်ရှိတာပါ။အဓိကတော့ အချစ်ထက်မေတ္တာထားတာ အအေးချမ်းဆုံးပါပဲ။ ကိုယ်ချစ်တဲ့သူပျော်ရွှင်နေမယ်ဆို ကိုယ့်အတွက်လည်းအေးချမ်းပါတယ်။ အသည်းကွဲနေရတဲ့သူတွေ စွန့်ပြစ်ခံရတဲ့ သူတွေကို အကီနို အရမ်းစာနာပါတယ်၊ အားလည်းပေးပါတယ် သူတောင်စွန့်ပစ်ရက်လို့စွန့်ပစ်သွားနိုင်သေးတာ ကိုယ်လည်းနေနိုင်အောင်နေရမှာပေါ့ မဟုတ်ဘူးလား။ အကီနို သူငယ်ချင်းတော်တော်များများလည်း အသည်းကွဲတာကို မြင်ဘူးပါတယ် ကိုယ့်ချစ်သူက အခြားတစ်ယောက်ပြောင်းချစ်သွားတာ၊ ကိုယ်ချစ်သလောက်ပြန်မချစ်တာတွေဟာ လောကမှာ အပူလောင်ဆုံးလို့ထင်ပါတယ်။ အကီနိုဆို ကီနိုအဖေကိုစွန်လွှတ်ရတဲ့အချိန်ဟာ အကီနိုအသက်အရွယ်နဲ့ မမျှအောင်ခံစားခဲ့ရပါတယ်။ဒါကြောင့် သူငယ်ချင်းတွေ အသည်းကွဲတာမြင်ရင် အတတ်နိုင်ဆုံးပျော်အောင်ထားပေးပါတယ်။ ကိုယ်ငိုနေတဲ့အချိန်မှာ သူပျော်နေတာကို မြင်ရရင် ငိုနေတဲ့ နင့်မျက်ရည်တွေ တိတ်လိုက်ပါတော့လို့ အားပေးပါတယ်။အကီနိုကတော့ လွန်ခဲ့တဲ့ ချစ်သူများနေ့မှာ စိုင်းစိုင်း ရှိုးပွဲကို အမေနဲ့သွားပြီး သီချင်းတွေအားရပါးရအော်ဆိုဘူးတယ် အမေ၀ယ်ကျွေးတဲ့ ချောကလက်ကို အ၀စားပြီး ပျော်ဘူးပါတယ်။ အကီနိုအတွက်တော့ ဘ၀ဆိုတာနေတတ်ရင်ပျော်စရာပါပဲ၊ ချစ်သူများနေ့မှာ ချစ်သူနဲ့လျောက်မလည်ပဲ အမေနဲ့ပဲလျာက်လည်ပစ်လိုက်တယ် ပိုတောင်ပျော်ဖို့ကောင်းသေးတယ်။ ဘယ်သှူဆီကမှ မရနိုင်တဲ့အချစ်ကို ကိုယ့်အမေဆီက အပြည့်အ၀ရထားမှတော့ အကီနိုဘ၀ဟာပြည့်စုံနေပါပြီ။ ဘာပဲဖြစ်ဖြစ် ချစ်သူများနေ့မှာ ချစ်သူတိုင်းပျော်ရွှင်ကျပါစေ……အကီနိုချစ်တဲ့သူတိုင်းလည်း ပျော်ရွှင်ပါစေ….…။
Add comment February 6, 2009
ကွန်ပျူတာတက္ကသိုလ်ရဲ့ မဟာတန်း(အပိုင်း ၂)
လွန်ခဲ့တဲ့အပတ် အင်္ဂါနေ့က အကီနို Third Seminar ပြီးသွားပါတယ်။ Third Seminar ဟာအတော်ပင်ပန်းပြီး အောင်မြင်မှုရခဲ့တယ်လို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ Seminar ကိုစက်နှစ်လုံးပြရမှာဖြစ်တဲ့အတွက် Laptop နှစ်လုံးတောင်မသွားခဲ့ရတဲ့အတွက် တော်တော်ပင်ပန်းခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်း ကွန်ပျူတာတက္ကသိုလ်ရဲ့ တော်ဝင်လမ်းအကြောင်းပါတယ်။ အင်မတန်ရှည်လျားပြီး ကျောင်းကိုရောက်ဖို့တော်တော်လေးဝင်ရလို့ တော်ဝင်လမ်းလို့ခေါ်တာပါ။ ကိုယ့်ဇောနဲ့ကိုမို့ မပင်ပန်းပေမဲ့ ဘေးကအဖော်လိုက်လာပေးရတဲ့ အမေကတော့ (ဘာမှမကိုင်ဘဲ)မောနေပါပြီ။ သူ့ကြည့်ပြီး ကိုယ်မောတာတောင်ပျောက်သွားပါတယ်။ကျောင်းရောက်တော့ အမေနဲ့ စက်တွေကို Seminar အခန်းရှေ့မှာထားခဲ့ပြီး Projector ဌားဖို့အတွက် သင်တန်းမှူးဆီပြေးရပါတယ်။ဟိုလည်းရောက်ရော သင်တန်းမှူးကအစည်းအဝေးလုပ်နေတာကြောင့် Seminar အခန်းကိုပြန်ပြေး စက်တွေကိုစင်ကြည့် ပြီးတာနဲ့ Supervisor ကိုသွားခေါ်ပါတယ်။ပြီးတော့ Projector ကိုပြန်ဌား စက်နဲ့ချိတ်တော်တော်လေး အလုပ်ရှုပ်သွားပါတယ်။ ကိုယ်လည်းအားလုံးလည်းပြီးရော Second seminar လုပ်မဲ့ DSAကအကိုကြီးတွေရောက်လာပါတယ်။သူတို့က Second seminar မို့ Power point လိုတာမို့ ကိုယ်ကစက်ပေးမဲ့အကြောင်းပြောတော့ တယောက်မှ မပါလာဘူးတဲ့ ကောင်းလေစွ။
Third seminar ကလည်းကိုယ်တစ်ယောက်ထဲ စက်ပြရမှာလည်းကိုယ်တစ်ယောက်ထဲဆိုတော့ အားတင်းထားတဲ့ကြားက နည်းနည်းတော့ စိတ်လှုပ်ရှားမိပါတယ်။ တသက်နဲ့တကိုယ် ပထမဆုံး လူရှည့် သူရှည့် Projector နဲ့ထွက်ပြောရမှာဆိုတော့လေ။အရင် အလုပ်လုပ်တုန်းကတော့ Program ကို customer နဲ့ကိုယ်နဲ့ကြားပဲ ပြောပြရတာဆိုတော့ သိပ်စိတ်မလှုပ်ရှားရဘူးပေါ့။ဒီကြားထဲ Master တန်းက ကလေးတွေက အတန်းအားတာနဲ့ တပြုံတမကြီး လာကြည့်ကြတယ်။ ကိုယ့်အသိကလေးတွေလည်းပါတယ်ဆိုတော့ ဟန်ကိုယ်ဖို့ရတော့တာပေါ့။နောက်တော့ သင်တန်းမှူးတွေကို တစ်ယောက်ဆီလိုက်ဖိတ်ရတာပေါ့။ အဲဒီမှာ အကီနိုရဲ့ ချစ်မာမီက Seminar တတ်တဲ့ကလေးတွေနဲ့လေပေးဖြောင့်နေတာ အကီနိုလည်းပြန်လာရော ကလေးတွေအကုန်လုံးက အမ အမ နဲ့ ၀ိုင်းပြီးမေးကြတော့တာပါပဲ။
တော်သေးတာက ဆရာမတွေ အကုန်လုံးက အတန်းသင်နေရတာမို့ ခဏစောင့်ခိုင်းတာမို့ အားနေတာနဲ့ သူတို့ မေးတာတွေကို ပြန်ဖြေရင်းနဲ့ စိတ်လည်းတော်တော်တတ်ကြွလာပါတယ်။ ကလေးတွေအနေနဲ့ဆိုတော်တော် တော်တယ်လို့ပြောလို့ရမှာပါ။ အကီနိုတို့တုန်းက ဒီအချိန်ဆို ကင်တန်းထိုင်လို့ကောင်းတုန်း၊ ကျောင်းပိတ်ထားတာကြာလို့ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ အတင်းပြောကောင်းတုန်း(ကြားထဲမှာ ဖုန်းမနားတမ်းပြောတာ အပထား) Seminar ဆိုတာ ဘယ်မှာဆိုတောင် မသိဘူး။သူတို့မေးတာတွေဖြေပြီးတော့
ဆရာမတွေ အကုန်ဆုံလာတော့ ပထမဆုံး စပေးဖြစ်တာက အကီနိုဖြစ်နေတယ်။ အကီနို Seminar မှာ တော်ရုံတန်ရုံ Seminar မှာ တွေရခဲတဲ့ သင်တန်းမှူးတွေပါပါလာတော့ ကံကောင်းသွားပါတယ်။Third Seminar မှာ ဆရာမကြီးတွေပါပြီး ကိုယ့် program ပြင်စရာရှိတာ၊လိုတာကို တခါတည်းပြောသွားတော့ Defense ကျရင် အသင့်ပြရုံပါပဲ။ အကီနို ကိုလည်း ဆရာမတွေကမေး အကီနိုကလည်းပြန်ဖြေနဲ့ ကိုယ့်ကိုကိုယ် Seminar လုပ်နေတယ်လို့တောင်မထင်တော့ဘဲ Program ဆွေးနွေးနေတယ်လို့ပဲ ခံစားလာမိပြီး
ပွဲလေးဟာအောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါတယ်။အဓိကကျေးဇူးတင်ရမှာတော့ အကီနို အမေနဲ့ လာမေးတဲ့ ကလေးတွေကျေးဇူးပါပဲ။ သူတို့တွေသာလာမမေးခဲ့ရင် ကိုယ်လည်းဒီလောက်တတ်ကြွသွားမယ်မထင်ပါဘူး။ ဘယ်လိုပြောပြရမလဲ ကိုယ်လုပ်တဲ့ အလုပ်ကိစ္စတစ်ခုကို သူများက အထင်ကြီးလေးစားနေတယ်ဆိုတဲ့ ခံစားချက်မျိုးကြောင့် အားတက်သွားတာပါ။ အကီနိုအမေကတော့ ပြောစရာ အထူးမလိုတော့ အောင်ပါပဲ၊အကီနိုဘေးမှာ အကီနိုအမေပါလာတယ်ဆိုတဲ့ အသိကြောင့်လည်းကောင်း ၊ငါ့အမေပါလာတယ် သူဂုဏ်ယူရအောင်ငါလုပ်ပြရမယ်ဆိုတဲ့ အသိကြောင့် ကြိုးစားသွားဖြစ်တာပါ။အကီနို အမေကပြောပါတယ် သူ့ဘ၀မှာပျော်ရွှင်စရာ၊ ဂုဏ်ယူစရာတွေဟာ အကီနိုလုပ်ပေးမှရတာတဲ့ အဲဒါကြောင့် အကီနိုက အမေလိုချင်တာကိုဖြည့်ပေးရင်းနဲ့ ကိုယ်လိုအပ်ချက်တွေပြည့်သွားတာပါ။မိဘကျေးဇူးပေါ့။ Third Seminar နောက်ဆက်တွဲကတော့ Paper တင်ဖို့ နဲ့ Defense လုပ်ဖို့ပဲကျန်တော့တာမို့ နောက်မှဆက်လက်ရေးပါတော့မယ်
Add comment January 28, 2009
ကွန်ပျူတာတက္ကသိုလ်ရဲ့ မဟာတန်း
စာမေးပွဲမဖြေခင် Second semester လောက်မှာ proposal တောင်းပါတယ်။အထူးအကြံပေးလိုတာက Proposal ဟာနောင်နှစ်မှာ ကိုယ်ရေးမဲ့
Thesis အတွက် Supervisor ချဖို့အတွက် အခုထဲကခေါင်းခဉ်တောင်းတာပါ။Language တွေTheoryတွေ မပါဝင်ပေမဲ့ ကိုယ်ရေးမဲ့ အထူးပြုဘာသာ တော့ပါဝင်တယ်။ကျောင်းသားတွေဟာ မိမိစိတ်ဝင်စားမဲ့ဘာသာ၊အကျွမ်းကျင်ဆုံးဘာသာကိုရွေးချယ်ပြီးတော့ တင်ပေးပါ။နောက်ပိုင်းမှာ ခေါင်းစဉ်ပြောင်းလို့ရတယ်ဆိုပေမဲ့ ကိုယ်ကျတဲ့ဆရာမ/ဆရာကတော့ ပြောင်းလို့မရတော့ပါဘူး။ဥပမာ Data Mining ကျွမ်းတဲ့ဆရာမဆီမှာ AAရေးချင်တဲ့သူသွားကျရင် ကိုယ်ရေးချင်တာကိုအထောက်အကူမပြုပဲဖြစ်မှာမို့ စာသင်နှစ်ထဲက
ကိုယ်ဘယ်ဘာသာရပ်မှာ စိတ်ဝင်စားလည်းဆိုတာပါတခါတည်း လေ့လာထားသင့်ပါတယ်။အကီနိုကတော့ ကံကောင်းပါတယ် Third Yearထဲ Database ကိုကြိုက်နှစ်သက်လို့ Master ရောက်တော့ Distributed ပေါင်းလိုက်တော့ Distributed Database ကို ကိုယ်သဘောကျတဲ့ဆရာမနဲ့ပဲကျပါတယ်။စာမေးပွဲပြီး သွားရင်တော့ အရင်ဆုံးလုပ်သင့်တဲ့ အရာကတော့ ကိုယ့် Thesis မှာရေးမဲ့ Language ကိုကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားဖို့ပါပဲ။ တတ်စရာရှိတဲ့သင်တန်းတွေလည်း လိုအပ်မယ်ဆိုကြိုတင်ပြီးတော့တတ်ထားပါ။ Supervisor ကျပြီလို့ ကျောင်းကကြေငြာတာနဲ့ ကိုယ်ကအဆင်သင့်ဖြစ်ရင် Seminar ပေးလို့ရပါပြီ။ First Seminar ကတော့စာရွက်ပဲဖတ်ပြရမှာဖြစ်ပြီး Second Seminar မှာတော့ စာရွက်နဲ့ Power Point ။Third Seminarမှာတော့ Power Pointရော Program ရော စာရွက်ပါပါရပါမယ်။
Seminar အတိုင်းအတွက် စာရွက်ရေးနည်းကတော့ အခြေခံ ၆မျိုးအဓိကပါပါတယ်။အဲဒါတွေကတော့
Abstract
Objectives
Introduction
Theory
System Flow
Conclusion တို့ဖြစ်ပါတယ်။
အားလုံးပြီးစီးသွားလို့ Supervisor ကလည်းသဘောကျကြိုက်နှစ်သက်ရင်တော့ သင်တန်းမှူးဆီမှာ ရက်ချိန်းတောင်း
ဌာနအလိုက်ဆရာ/မတွေကိုလိုက်ဖိတ် ကျောင်းမှာကြော်ငြာကပ် စာရွက်တွေကို ကော်ပီကူးပြီး အသင့်ပြင်ဆင်ပြီး Seminarပေးနိုင်ပါပြီ။
Second နဲ့ Third ဆိုရင်တော့ projectorလိုတာမို့ ကျောင်းရောက်တာနဲ့ သွားဌားပြီး Seminar roomမှာ ကြိုပြင်ဆင်ထားပါ။ အကီနိုလည်းအခုမှ Third Seminar ပဲရှိသေးတာမို့ Paper တင်တာရယ် နောက်ဆုံးအပိုင်းအောင်စာရင်းထွက်တဲ့ ဒီဖရန့် ကိုတော့ နောက်မှပဲ ဆက်ရေးပါတော့မယ်။ဒီထက်အသေးစိတ်သိချင်ရင်တော့ အကီနိုကိုမေလ်းပို့ပြီးမေးနိုင်ပါတယ်။
Continue Reading Add comment January 12, 2009
