February လက စပိန် နိုင်ငံ ဘာဆီလိုနာ မှာပြု လုပ်တဲ့Mobile World Congress မှာ Mozilla က Boot to Gecko အကြောင်းကို စတင် မိတ်ဆက်ခဲ့ပါတယ်။
What is Boot to Gecko?
Boot to Gecko ဆိုတာ is the development of a “complete, standalone operating system for the open Web.” သူ့ရဲ့ ပထမဆုံးခြေလှမ်းကတော့ 2011 july မှာ စတင်ကြေငြာခဲ့ပါတယ်။ ယနေ့ခေတ်စားလှတဲ့ မိုဘိုင်း OS တွေဖြစ်တဲ့ Apple’s IOs တို့ Google’s
Android တို့ နဲ့ အပြိုင် မိုဘိုင်း browser တွေရဲ့ နံပါတ်တစ် Mozilla Firefox ရဲ့ အနာဂတ် ၀ဘ်လောကရဲ့ ခြေလှမ်းသစ်တရပ်ဖြစ်ပါတယ်။ B2G ကို Mozilla Firefox ရဲ့ developers တွေက စတင်ခဲ့တဲ့ခြေလှမ်းလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Samsung Galaxy S2 မှာ စမ်းသပ်ပြသခဲ့ပါတယ်။ B2G ဟာ Web developer,application developers တွေအတွက် အလုပ်အကိုင် နည်းပညာ အခွင့်အလမ်း အသစ်တရပ်လည်း ဖြစ်လာအုံးမှာပါ။ နောက်ထပ် သတင်းကောင်း တခုကတော့ B2G ဟာ Iphone ထက် ဆယ်ဆဈေးသက်သာပါတယ်။ B2G ရဲ့အရှိန်အဟုန်လာ အင်မတန်လျှင်မြန်လာပါတယ် ဘာလို့လဲဆိုတော့ သူက Open source ဖြစ်တာကြောင့် စိတ်ဝင်စားတဲ့သူတိုင်း GitHub ပေါ်ကနေ စမ်းသပ် အသုံးပြုလာကြလို့ပါပဲ။ B2G ဟာ Mozilla ရဲ့ Platform မဟုတ်ပါဘူး ပြီးတော့ Web ကလည်း ထူးပြီးတော့ Platform အသစ်မဟုတ်တော့ပါဘူး web ပေါ်မှာ အရမ်းကို strong/powerful ဖြစ်တဲ့ apps တွေက နေရာယူပြီးသားလည်းဖြစ်နေပါပြီ ဒါပေမဲ့ ခင်ဗျားတို့ web ပေါ်မှာ မလုပ်နိုင်တာလေးတွေတော့ ရှိသေးတယ် ဒါတွေကတော့ text message ပို့တာ ၊ ဖုန်းခေါ်တာ မျိုးလေတွေပေါ့ ။ အဲဒါတွေကို ကျတော်တို့က API ဆောက်လိုက်တယ် ။ ကဲ ခုတော့ web ပေါ် မလုပ်နိုင်တာ မရှိတော့လောက်အောင်ပေါ့ လို့ Johnathan Nightingale, Firefox ရဲ့ senior director of Firfox engineer က PCMag ရဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
င်္Firefox Engineer Paul ကတော့
WebAPIs, for bluetooth, sms, telephony, …
WebRTC, for streaming, webcam, P2P..
တွေအတွက် New Javascript APIs အသစ်တွေကိုထပ်ထည့်ထားပါတယ်လို့ သူ့ရဲ့ ဘာလော့မှာ B2G အကြောင်းရှင်းပြထားပါတယ်။
http://paulrouget.com/e/b2gdemo/
What is it aims?

B2G ရဲ့ ရည်ရွယ်ချက်ကတော့ Mozilla ရဲ့ Opensource မိုဘိုင်း OSအဖြစ် မိုဘိုင်း devices တွေမှာ အသုံးပြုနိုင်အောင်ရည်ရွယ်ပါတယ်။
ပြီးတော့ သူက Open Web Devices platform တွေရဲ့ Framework တခုအဖြစ် ရည်ရွယ်ပါသေးတယ်။
တဆက်ထဲမှာပဲ Johnathan က ခင်ဗျားမှာ Android phone ရှိပြီး ခင်ဗျားစိတ်ကြိုက်ဝယ်ထားတဲ့ apps တွေဟာ ခင်ဗျားရဲ့ Ipad2 ပေါ်မှာ အလုပ်မလုပ်နိုင်ပါဘူး။ဒီတော့ ခင်ဗျားနောက်ထပ် ထပ်ဝယ်ဖို့လိုလာပါလိမ့်အုံးမယ်။ အကယ်၍များ အဲဒီ apps တွေဟာ HTML5 based apps တွေဖြစ်ခဲ့ရင်တော့ ခင်ဗျားရဲ့ Iphone,android တွေပေါ်မှာ အလုပ်လုပ်နိုင်ပါတယ်။ ဒါကတော့ ကျတော်တို့ရဲ့ B2G ရဲ့ ရည်ရွယ်ချက်ပါ ကျတော်တို့ က အလယ်မှာ ခံနေတဲ့ ကြားခံတခုကိုဖျောက်ပြီး web ဟာ phone ပေါ်မှာ အကုန်လုပ်နိုင်အောင်ရည်ရွယ်ထားပါတယ်။
Hacks Mozilla ရဲ့ ဘလော့မှာ B2G aim ကို ဒီလိုပြောကြားထားပါတယ်။ It aims at making web technologies the number one choice for applications on desktop and mobile, and we believe it can displace proprietary, single-vendor stacks for application development.

B2G မှာ Web လောရဲ့ ရှေ့ပြေး HTML5ကိုအခြေပြု အသုံးပြုထားတာကြောင့် Web Developer တွေက web ပေါ်ကနေပြီးတော့ အဆင့်သင့် apps တွေကို ဖန်းတီးရေးဆွဲနိုင်ပါတယ်။B2G ကိုနောက်ထပ် တမျိုးလေး တင်စားလို့ရပါတယ် ဒါကတောါ Budget-friendly mobile -powered by HTML5 ပါပဲ
HTML5 ဟာ တနည်းအားဖြင့် Web pages တွေရဲ့ အနာဂတ် မျိုးဆက်သစ် Languages တခုပါပဲ။ ဘာကြောင့်လဲဆိုတော့ HTML 5 ဟာ Open standard ဖြစ်တယ် လူတိုင်းဟာ B2G ပေါ်မှာ apps တွေကို standard tools တွေနဲ့ တည်ဆောက်နိုင်တယ်။
Referr:
https://wiki.mozilla.org/B2G
https://developer.mozilla.org/en/Mozilla/Boot_to_Gecko
Test on Online simulator
http://paulrouget.com/gaia/
http://hacks.mozilla.org/2012/02/mozillas-boot-to-gecko-the-web-is-the-platform/
http://joshcarpenter.ca/Boot-to-Gecko
Images Refer:
http://chinese.engadget.com/2012/03/01/mozilla-boot-to-gecko-chinese-hands-on-video/
http://joshcarpenter.ca/Boot-to-Gecko
All are my review on Blog posts about Boot to Gecko,Feel free to comments












