Archive for September, 2009

လူသားဆန်မှု

လူသားဆန်ဖို့အတွက်ဘာတွေလုပ်ရမှာလဲ။ လူဆိုတာ တရိစ္ဆာန်နဲ့ကွားခြားတာဟာ လူမှာ အမှားအမှန်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စိတ်ရှိတယ်။ အဲဒီစိတ်ဟာပဲဖြစ်သင့် မဖြစ်သင့်တဲ့အရာတွေကို ထိန်းချုပ်နိုင်တယ်။ လူသားဆန်ဖို့ အတွက် လူသားဆန်တဲ့ စိတ်ကိုမွေးမြူပါ။ အခုလိုဖွံဖြိုးတိုးတက်ပြောင်းလဲ လာတဲ့ ခေတ်ကြီးမှာ အကီနိုတို့လိုအပ်သမျှအရာတွေ အရင်က အိမ်မက်အဖြစ်မှတ်ယူခဲ့ရတဲ့ အရာအားလုံးကို လက်တွေ့ရနိုင်လာတယ်။ ကမ္ဘာတဖက်ခြမ်းနဲ့ တဖက်ခြမ်းကွာဝေးနေတာတောင် တခဏချင်း ဆက်သွယ်နိုင်တယ် သတင်းပညာ တွေမျှဝေနိုင်တယ်။ လူသားတို့ရဲ့ မှတ်ဥာဏ်အားတိုးတက်လာတဲ့ ဒီနေခေတ်ကြီးမှာ လက်မှတ်တွေ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာခဲ့ပေမဲ့ အခြေခံ လောကနီတိ(Ethic) မှေးမိန်ပျောက်ကွယ်လာတယ်။ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများရဲ့ ဘေးထွက်ဆိုးကျိုးများ အရ cyber crime တွေတိုးတက်လာတယ်။ရုပ်ဝတ္ထုတွေတိုးတက်လာသလို လူသားတွေရဲ့ စိတ်မှာလဲ အရာတိုင်းကို ရုပ်ဝတ္ထုတွေနဲ့ တိုင်းတာတွက်ချက်လာကျတယ်။ ကိုယ်ချင်းစာတရားခေါင်းပါးပြီး ကူညီတတ်မှု (Helping)
နားလည်ပေးနိုင်မှု (Understanding )မျှဝေပေးနိုင်မှု (Sharing) တွေ ရှားပါးလာကျတယ်။ လူရဲ့ စိတ်ထဲမှာ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့စိတ်တွေရှိပါတယ်။ ကာတွန်းတွေထဲကလို ကောင်းတဲ့စိတ်က အဖြူရောင် နတ်သားလေးဖြစ်ပြီး မကောင်းတဲ့စိတ်ကတော့ အနီရောင်နတ်ဆိုးလေးဆိုပါတော့။ ကောင်းတဲ့ အရာ ကောင်းတဲ့ စိတ်ကို မွေးမြူရာမှာ ခဲယဉ်းသလောက် မကောင်းတဲ့စိတ်ဆိုတာကတော့ အလွယ်တကူပဲ မွေးဖွားနိုင်ပါတယ်။
မကောင်းတဲ့စိတ်ဆိုတာကလဲ ဒေါသ၊မောဟ၊ အတ္တ၊မခံချင်စိတ်နဲ့ တဏှာလောဘတွေကြောင့်ပဲ အလွယ်တကူ ပေါ်ထွက်လာပါတယ်။ ငါ့ဟာ ငါ့ပစ္စည်း ငါ့ အပိုင်ဆိုတဲ့ ငါစွဲ တွေကြောင့်ပဲ အနီရောင်နတ်ဆိုးလေးက အမြဲအနိုင်ယူသွားနိုင်ပါတယ်။ အဲဒီလို အနီရောင်နတ်ဆိုးလေး
မထွက်လာခင်မှာ အသိစိတ်လေးကိုထိန်းပြီး အဖြူရောင်နတ်သားလေးအနေနဲ့ စဉ်းစားကြည့်ပါ အကြောင်းအရာကိစ္စတခုခုမှာ ငါသာ သူ့နေရာမှာဆိုရင်တွေးကြည့်ပြီး
လောကအတွက်အဖြစ်အသင့်ဆုံးလေးကို ဖြည့်ဆည်းကြည့်ပေးပါ။ ကိုယ့်ဘက်က ပေးဆပ်မှုကြောင့် ပျော်ရွှင်မှု သာယာမှုတိုးလာတဲ့လောကကြီးရဲ့ ပီိတိကို စားသုံးကြည့်ကြပါ။အကြောင်းအရာ အကြီးအမားမရှိပဲနဲ့ ကိုယ်ကြောင့် တပါးသူ ရဲ့ ဘ၀ ၊ အခြေအနေ အကြောင်းအရာတခု ပျက်ဆီးဆုံးရှုံးမှုမဖြစ်ပါစေနဲ့။ နောက်တခုက တောင်းပန်ပါတယ် နဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေးကို သုံးဖို့ဘယ်တော့မှ မရှက်ရွံပါနဲ့ ။ကိုယ့်အမှားတခုကို ရည်ရွယ်၍သော်လည်းကောင်း မရည်ရွယ်၍သော်လည်း ကျူးလွန်မိရင် ကိုယ့် အမှားအတွက် တောင်းပန်ပါ။ တပါးသူကြောင့် ကိုယ်အဆင်ပြေ ချောမွေ့သွားရင် စိတ်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ပြုံးပြီး ကျေးဇူးတင်ပါတယ် ပြောလိုက်ပါ။ လောကကြီးကို အပြုံးလေးတွေဖြင့် ပြန်လည်တည်ဆောက်ကြပါ။(မေလ်းတခုထဲက အကြောင်းအရာလေးကြောင့် ဒီပိုစ်လေးကို ရေးဖြစ်သွားတာပါ။)

Add comment September 6, 2009


Blog Stats

Facebook

Recent Posts

Archives

Meta

Recent Comments

NweYoe on The elixir of life(အသက်ရှ…
ဇာဏီ on ဝေဖန်ပေးပါ(CBox)
လေတံခွန် on ဝေဖန်ပေးပါ(CBox)
ဇာဏီ on ဝေဖန်ပေးပါ(CBox)
အနော် on The elixir of life(အသက်ရှ…