Today Save Our Earth for Tomorrow

August 5, 2009

အကီနိုမနေ့က အသင်းတခုက ပြုလုပ်တဲ့ Save The Planet Earth Seminar ကိုသွားတတ်တော့
အဲဒီ Seminar မှာ Speakers တွေပြောတဲ့ Topic လေးတွေကို သဘောကျတာနဲ့ ဒီစာလေးရေးဖို့ စိတ်ဖြစ်လာပါတယ်။
ဒီမတိုင်ခင်တရက်ကလည်း အကီနိုတို့ သင်တန်းမှာ Pros and cons for the Living In Urban ဆိုပြီးဆွေးနွေးခဲ့ရတုံးကလဲ ဒီခေါင်းစဉ်လေးနဲ့ သွားစပ်ဆက်နေပါတယ်။ အကီနို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီး သိပ်အများကြီး မသိပါဘူး ဒါပေမဲ့ ကမ္ဘာမြေကြီးပေါ်မှာနေထိုင်နေတဲ့ လူသားတစ်ယောက်အနေနဲ့ ကိုယ်နေထိုင်ရာ ကမ္ဘာမြေကြီး အတွက်
တတ်စွမ်းသလောက် ကူညီ အကျိုးပြုချင်ပါတယ်။ အခု ကမ္ဘာမြေကြီးမှာ Global warming ဆိုတဲ့ ကမ္ဘာကြီးပူနွေးတဲ့ ပြသနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အကြောင်းအရင်းတွေ အများကြီးကြောင့် ပျက်စီးတယ်ဆိုပေမဲ့လည်း ပြုလုပ်သူဟာ လူသားတွေဖြစ်သလို ပြန်လည် ပြုပြင်သူတွေဟာလည်း အကီနိုတို့ လူသားတွေပဲဖြစ်သင့်ပါတယ်။ အခုနေအချိန် အခါမှာ အဖွဲ့အစည်းကိုယ်စီ နိုင်ငံကိုယ်စီ ပြန်လည် ပြုပြင်ဆောင်ရွက်မှုတွေလုပ်နေတဲ့ အချိန်မှာ အကီနိုတို့လဲ တဖက်တလမ်းကနေ ပါဝင်သင့်တယ်လို့ ကိုယ်ကိုကိုယ် ထင်မြင်မိလာပါတယ်။ အမှန်တိုင်းပြောရရင့်တော့ အကီနို တနေ့တာလှုပ်ရှားမှုများမှာ အကီနိုကိုယ်ကျိုးအတ္တတွေ အတွက်ပဲရှေ့တမ်းတင်နေတဲ့ အတွက် ကမ္ဘာမြေကြီး ပြန်လည် စိမ်းလန်းသာယာလာအောင် ဘာတခုမှ လုပ်ပေးနေသလို ခံစားမိပါတယ်။ အကီနိုတို့ ကိုယ်တိုင်လက်နဲ့မသတ်ပဲ ဇီဝမျိုးကွဲပေါင်းများစွာ တနေ့တနေ့သေကျေပျက်စီးနေရပါတယ်။ လူသားဦးရေ တိုးပွားလာမှု (population explosion)ကြောင့် မြို့ ပြမြေနေရာများတိုးချဲ့မှု(Urban Sprawl )တွေပြုလုပ်လာကျပါတယ်။အဲဒီလို Urban Sprawl ပြုလုပ်လာကျတော့ သက်ရှိတရိစ္ဆာန်များရဲ့ စားကျက်နေရာများ ပျက်စီးဆုံးရခြင်း သစ်တောများပြုန်းတီးခြင်း ရာသီဥတုများ ပြောင်းလဲဖောက်ပြန်ခြင်းတို့ဖြစ်ပေါ်ပြီး ကမ္ဘာကြီးပူနွေးမှုပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ (Weather Changing)ရာသီဥတုဖောက်ပြန်ခြင်းကြောင့် မုန်တိုင်းများ(Storms )၊မိုးခေါင်ရေရှားဖြစ်ခြင်း(drought )
စတဲ့ သဘာပတ်ဝန်းကျင်ဖောက်ပြန်ခြင်းတွေဖြစ်ပေါ်လာတဲ့အတွက် မလိုလားအပ်တဲ့ အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးနေရပါတယ်။
ကောင်းပါပြီ ဒါဆိုဘာတွေစလုပ်မလဲ ဘယ်လိုလုပ်မလဲဆိုတာကတာ့ လွယ်ပါတယ် အသင်းဖွဲ့ကြီးနဲ့မှ ၊အဖွဲ့စည်းနဲ့မှ မဟုတ်လည်း ကိုယ်ကိုတိုင်(Myself) ကိုယ့်မိသားစု (My Family)ကိုယ့်သူငယ်ချင်း (My friends ) ကိုယ့်ပတ်ဝန်းကျင်(My Environment)ကနေတဆင့် ကိုယ့်တိုင်းပြည် (My Country)ကိုယ့်ကမ္ဘာမြေကြီး(My Earth)ကို ကယ်တင်ပါ။ အမှိုက်များကိုစနစ်တကျပစ်ပါ၊ ကြွပ်ကြွပ်အိပ်ကို ဆန့်ကျင်ပါ၊ သစ်ပင်များများစိုက်ပါ၊ တကိုယ်ရည်သန့်ရှင်းကျန်းမာ အောင်နေပါ ယင်လုံအိမ်သာသုံးပါ။ အခု အကီနိုပြောနေတာတွေဟာ အခြေအခံအချက်တွေဖြစ်သလို နေ့တိုင်း ရုပ်မြင်သံကြားမှာ စာစောင်တွေ သတင်းစာတွေမှာ ပါနေကျစကားလုံးတွေပါ။ ဒါပေမဲ့ တကယ်လိုက်နာသလားဆိုတော့ အကီနိုကိုယ်တိုင်တောင်မလိုက်နာမိပါဘူး။ အခုချိန်ထိ လစ်ရင်လစ်သလို အမှိုက်ကို စည်းမဲ့ကမ်းမဲ့ ပြစ်မိတုန်းပါပဲ။ အခုဆို အကီနိုတို့ဟာ ပြသနာအရင်းခံတွေသိရှိပြီးတဲ့နောက်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အခုပင်လုပ်သင့်ပါတယ်။ မနက်ဖြန်ဆိုတာ အရမ်းနောက်ကျနေပြီဖြစ်တဲ့ အတွက် ဒီနေ့ပဲသင့်ရဲ့ ကမ္ဘာမြေကို ကယ်ဆယ်ကြပါစို့။

Entry Filed under: အကီနို ခံစားချက်များ. .

2 Comments Add your own

  • 1. kwi kwi arsenal  |  September 5, 2009 at 11:03 am

    Green! Green evolution is responsible for our society. Saving our enviroment means, saving our generations!
    Good to read ur bolg sis, keep on!

    Reply
  • 2. heinlattzaw  |  November 27, 2009 at 7:14 am

    အဲဒီလို seminor လေးတွေကျနော်လဲတက်ချင်ပါတယ်။
    heinlattzaw.ucsy@gmail.com ကိုဆက်သွယ်ပေးပါ။

    Reply

Leave a Comment

Required

Required, hidden

Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Trackback this post  |  Subscribe to the comments via RSS Feed


Blog Stats

Facebook

Recent Posts

Archives

Meta

Recent Comments

NweYoe on The elixir of life(အသက်ရှ…
ဇာဏီ on ဝေဖန်ပေးပါ(CBox)
လေတံခွန် on ဝေဖန်ပေးပါ(CBox)
ဇာဏီ on ဝေဖန်ပေးပါ(CBox)
အနော် on The elixir of life(အသက်ရှ…