Water Under The Bridge(စီးဆင်းသွားသော စမ်းချောင်းကလေး)

July 22, 2009

ဒီ၂၀၀၉ခုနှစ်ကတော့ အကီနိုအတွက် challenging ahkeno 2009ပါပဲ။ ယှဉ်ပြိုင်ရင်း ရုန်းကုန်ရင်းနဲ့ပဲ ကုန်လွန်နေပါတယ်။
စာတွေရေးကောင်းတယ် သူငယ်ချင်းတွေကပြောလောက်အောင် အရေးကောင်းခဲ့သလောက် တကယ်တမ်းဖြစ်ပျက်လာတော့ စိတ်ဓာတ်ကတော့ ထုံးစံအတိုင်းကျမြဲပါပဲ။ အကီနို စိတ်ကလဲ အတက်အကျအရမ်းမြန်ပါတယ်။စိတ်ဓာတ်တက်ကြွနေတဲ့ အခါမှာ အကီနိုမှာ ရည်မှန်းချက် မျှော်လင့်ချက် အိမ်မက်တွေနဲ့ မနက်ဖြန်မှာ ဘာလုပ်မယ်ဆိုတာနဲ့ပဲပြည့်နှက်နေတယ်။
တကယ်တန်း စိတ်ဓာတ်ကျပြီဆိုနဲ့ ရေးထားတဲ့ စာတွေကော ဖတ်ထားတဲ့ စာတွေကော အားလုံးအလကားဖြစ်ပြီး ဘယ်သူပြောပြော ဘယ်သူကယ်ကယ် မရလောက်အောင် စိတ်ဓာတ်က အောက်ဆုံးထိအောင် ကျဆင်းသွားတာပဲ။ ဒီတခေါက်ကတော့ တော်တော်လေးကို ဆိုးရွားတယ်ပြောရမှာပေါ့ အသက်ရှင်ချင်စိတ်တွေပါ ကုန်ဆုံးသွားပါတယ်။ပထမဆုံးကတော့ ၀ရုန်းသုံးကားနဲ့လုပ်လိုက်ရတဲ့ defense ပါပဲ။ မနက်ဖြန်လုပ်ရမဲ့ defense မှာ laptop မရှိလို့ ငိုလိုက်ရပါသေးတယ် တခါ။ပြီးတော့ စာရွက်စာတမ်း၊ဖိတ်စာ၊အောင်စာရင်း ၊
အမှတ်စာရင်း တွေ အလုပ်ကနေကျောင်း ကျောင်းကနေအလုပ် ပြေးလွှားထုတ်ပြီး ၀ရုန်းသုံးကားနဲ့ လုပ်လိုက်ရပေမဲ့ အောင်မြင်သွားလို့ စိတ်ဒုန်းဒုန်းချမယ် ကြွားမယ် ကျန်ကာရှိသေးတယ် အကီနိုအတွက် မိသားစုဝင်ကလေး အကီနိုခွေးမလေးက အကီနိုမိသားစုထဲကထွက်သွားပါတယ်။ ဘာရောဂါ မှမရှိဘဲ ရုတ်တရက်ကြီးထွက်ခွာသွားတော့ အကီနိုတို့မှာ လက်ခံဖို့အင်အားမရှိအောင်
ကြောင်တောင်တောင်ကြီးဖြစ်ကျန်ခဲ့ပါတယ်။ အကီနိုနဲ့ အကီနိုအမေ ဘ၀တိုက်ပွဲဝင်နေချိန်မှာ ဘေးနားကရှိနေတဲ့ သက်ရှိလူတွေထက် တန်ဖိုးကြီးစွာရပ်တည်လာပေးခဲ့တဲ့ မိသားစုဝင်လေးဟာ အခုအရာရာတည်ငြိမ်လာချိန်ကျတော့မှ ထွက်ခွာသွားတော့ ဘယ်လိုပြောပြောမဖြေနိုင်ပါဘူး။ တဖြည်းဖြည်းနဲ့ ဘုရားစာတွေပြန်ဖတ် အကီနိုလဲရင် အကီနို အမေပါလဲမှာမို့ အိမ်မှာဘာမှမဖြစ်အောင်
လူကြီးပုံစံဖမ်း ဘာမှမဖြစ်ချင်ယောင်ဆောင်ပြီး အပြင်ရောက်မှ မျက်ရည်ကျခဲ့ရပါတယ်။ အလုပ်တွေဖိလုပ် စာတွေပြန်ဖတ်နဲ့ တည်ငြိမ်လာမယ်ကျန်တော့မှ အကီနို အလုပ်မှာ ပြသနာဖြစ်ပါတယ်။ကိုယ်မမှားဘူး ကိုယ်မှန်တယ်ဆိုတာ သိပေမဲ့ တခါတလေတော့ လောကကြီးက မတရားပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ်ဟာကိုရပ်တည်နေတဲ့ လူငယ်တယောက်ကို အနာဂတ်တွေ ပျောက်ပျက်သွားလောက်အောင် ၀ိုင်းနှိပ်စက်တတ်ကျပါတယ်။ အကီနို ဘယ်သူ့ဘ၀ကိုမှလဲ မနာလိုမဖြစ်ဘူးဖူး မရှုတ်ချဘူးဖူး။လူတိုင်းမှာ မျော်လင့်ချက် အိမ်မက်နဲ့ ကိုယ်ပိုင်သီးခြားပျော်ရွှင်မှု ကိုယ်ဆီတော့ ရှိကျမှာပါပဲ။ငါသူဌေးကြီးမို့ နင်တို့ဘ၀ထက်တော့ ပျော်ရွှင်တယ်ဆိုတာမျိုးမရှိပါဘူး။တကယ်တမ်းသာ ဘ၀ဆိုတာကြီးက ကိုယ်တိုင်ရွေးချယ်တိုင်းသာဖြစ်မယ်ဆို အကီနိုအဖေဟာ သူဌေးကြီးဆို အကီနိုကလဲ သူဌေးမကြီးဖြစ်လာမှာပါပဲ။ ဒါပေမဲ့ အကီနိုကတော့ လူတယောက်ရဲ့တန်ဖိုးကို အဲဒီ
လူတယောက်ရဲ့ တန်ဖိုးနဲ့ပဲတိုင်းပါတယ်။ အဲဒီလူနောက်က အသိုင်းအ၀ိုင်း ဥစ္စာတွေ ပကာသနတွေဟာ အဲဒီလူရဲ့တန်ဖိုးမဟုတ်ပါဘူး။ အကီနိုလုပ်ပိုင်ခွင့်လုပ်နိုင်ခွင့်ရှိသလောက်တော့ အကီနိုကြိုးစားသွားအုံးမှာပါပဲ။ အကီနိုမှာရှိတဲ့ စိတ်တခုက အလုပ်တခုခု ကိစ္စတခုခုကို မလုပ်ခင်မှာ သေချာဆုံးဖြတ်ပါတယ် ငါမှန်တယ် ငါလုပ်ချင်တယ်ဆို လုပ်ပါတယ်။လုပ်ပြီးမှ ဖြစ်လာမဲ့ကောင်းကျိုး ဆိုးကျိုးကိုလဲ ကိုယ်တိုင်ပဲ ခံယူပါတယ်။အကီနို နောင်တရတာ တောင်းပန်တာတွေကို မုန်းတယ်။ နောက်ပြီး အကီနိုက ကိုယ်ဖြစ်နေတာတွေကို
သူများနားလည်အောင် သနားအောင်မပြောပြတတ်ဘူး ။ကိုယ်ဖြစ်နေတာ ကိုယ်ပဲလှိမ့်ပိန့်ပြီးခံပါတယ် နေသာထိုင်သာရှိလာတော့မှ ပြန်ပြောပြတတ်တော့ တယောက်ထဲပဲလိမ့်ခံရပါတယ်။ဒီတခါဆို အကီနိုပြန်မထချင်တော့ပါဘူး။လောကဓံကြီးက အကီနိုပြန်ထလာတဲ့ အခါပြန်လဲကျအောင်လုပ်အုံးမှာပဲဆိုပြီး စိတ်ဓာတ်အောက်ဆုံးအထိကိုကျသွားပါတယ်။အဲဒီလို ကျနေတဲ့ အချိန်ကလေးမှာ အကီနိုစာလေးတခုကို သွားဖတ်မိပါတယ်
ကောင်းမှုတခုနေ့စဉ်ပြုပါ။
အရှုပ်ထဲမှာ ရှင်းအောင်နေပါ။
တယောက်ထဲနေ တစိတ်ထဲထားပါ။
ကိုယ့်စိတ်ကို ကိုယ်ဖြူအောင်ထားပါ။
ကိုယ်ထားတဲ့စိတ် ကိုယ်ပြန်ရမည်။
အဲဒီစာသားလေးတွေကြောင့်ပဲပြန်ထလာပါတယ်။ ဘာအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် အကီနိုရဲ့ ခံယူချက် သဘောထား စိတ်ထားတို့ကို မပြောင်းလဲပဲ ဆက်လက်ရှင်သန်ချင်လာတာကြောင့် အကီနိုပြန်ထလာပါတယ်။အရာအားလုံးဟာ တချိန်မှာ ကျန်ခဲ့မယ့် အရာတွေပါ။တံတားအောက်က စမ်းချောင်းကလေးလို ဖြတ်သွားတဲ့ အခါမှာ အေးချမ်းသာယာမှုကိုပေးပြီး ကိုယ်သွားရမဲ့ လမ်းကြောင်းဆီကို ဆက်လက်ထွက်ခွာလာရမှာပါ။အကီနိုလဲနေ စိတ်ဓာတ်ကျနေတဲ့ အချိန်အတွင်းမှာ ဘေးနားကနေဖေးကူမပေးကျတဲ့ အကီနိုအမေနဲ့ သူငယ်ချင်းအားလုံးကိုလဲ အရမ်းပဲကျေးဇူးတင်ပါတယ်။ဘာပဲဖြစ်ဖြစ်နေ့သစ်တွေရှိနေအုံးမှာပဲလေ။

Entry Filed under: အကီနို ခံစားချက်များ. .

Leave a Comment

Required

Required, hidden

Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Trackback this post  |  Subscribe to the comments via RSS Feed


Blog Stats

Facebook

Recent Posts

Archives

Meta

Recent Comments

NweYoe on The elixir of life(အသက်ရှ…
ဇာဏီ on ဝေဖန်ပေးပါ(CBox)
လေတံခွန် on ဝေဖန်ပေးပါ(CBox)
ဇာဏီ on ဝေဖန်ပေးပါ(CBox)
အနော် on The elixir of life(အသက်ရှ…