Monthly Archives: May, 2009


free counters

ဘ၀၏အဖိုးတန်သော အချိန်လေးများ


စာမရေးတာလဲကြာပြီ လာကြည့်နေတဲ့သူငယ်ချင်းတွေကိုလည်း အားနာလာတာရော လောလောလတ်လတ်
အကီနိုရေးချင်တဲ့ အကြောင်းအရာလေးလဲရှိလာတာကြောင့် ဒီပိုစ်လေးကိုရေးလိုက်တာပါ။ဒီရက်ပိုင်းအတွင်းမှာ အကီနိုအလုပ်မှာ တော်တော်လေးကိုမအားပါ။တခါတလေရေးနေရင်းနဲ့ ငါဘယ်သူလဲ ဘာလုပ်နေလဲ စဉ်းစားမရတော့တဲ့ အထိအောင်ထုံသွားပါတယ်။ အလုပ်အရမ်းများတယ်ဆိုလို့ အရမ်းလဲ အထင်တွေကြီးမသွားပါနဲ့ သာမာန်ထက်ပို ပူတတ်၊ပိုသိချင်တဲ့ ကိုယ့်စိတ်ကြောင့်ပဲ အလုပ်ပြီးသွားလဲ သိချင်တာလေးတွေလိုက်လုပ်ရင်းနဲ့ အချိန်တွေကုန်သွားတာပါ။ အခုရက်ပိုင်း အလုပ်လေးနဲနဲရှင်းသွားတဲ့ အချိန်ကျမှ ကိုzack ပေးထားတဲ့ မေလ်းလေးဖတ်ရင်းနဲ့ မေ့ထားတဲ့ အကြောင်းအရာလေးတွေကို သတိထားမိလာပါတယ်။ စာလေးကတော့ ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါပဲ ကိုယ်လိုချင်တဲ့ အရာဆီကို သွားရင်းနဲ့ လိုအပ်မယ်ထင်တဲ့နောက်တွေဆီကိုလိုက်ရင်းနဲ့
အချိန်တွေ ကုန်လွန်သွားတာကိုပြောထားတာပါ။ တကယ်တော့လည်း စာလေးထဲကလိုပဲ အချိန်ဆိုတာ အကီနိုတို့အတွက် အလွန်ပဲတန်ဖိုးရှိပါတယ်။ ပြန်မရနိုင်တဲ့ အရာနဲ့ အကီနိုတို့ဖြုန်းပစ်နေတဲ့ အရာကတော့ အချိန်ပါပဲ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရင်တောင် အကီနိုမှာ အလုပ်မရှိတဲ့ အချိန်မှာ အချိန်တွေဟာကုန်ခဲပြီး အလုပ်တွေများနေတဲ့ အချိန်မှာ ရုံးဆင်းချိန်အိမ်ပြန်ချိန်ကို ဘယ်လိုရောက်သွားမှန်းမသိအောင်ပါပဲ။အကီနိုဘ၀မှာလည်း မလိုပဲဖြုန်းပစ်ခဲ့တဲ့အချိန်တွေ အများကြီးရှိခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ ဘာမဟုတ်တဲ ကိစ္စလေးနဲ့ စိတ်ကောက်ပြီး မခေါ်တာ တနှစ်ကျော်လောက်ကြာပါတယ်(ကောက်ကြီးတာ)။ကိုယ်တကယ် ပြန်တွေ့ချင် ပြန်ပြောချင်တော့ သူငယ်ချင်းတွေက အဝေးကိုရောက်ကုန်ပြီ။ အကီနိုပေါ်ကောင်းတဲ့ သူငယ်ချင်းလေးတွေကတော့ စိတ်ကောက်ပြေမှ ပြန်ခေါ်တာတောင် အရင်လိုနွေးထွေးစွာကြိုဆိုနေတုန်းပါပဲ။
အကြောင်းပြချက် ကြီးကြီးမားမား မရှိခဲ့ရင် အရာရာပေါ်မှာ ခွင့်လွတ်လိုက်ပါ။ခွင့်လွတ်ချင်းဟာ အငြိမ်းချမ်းဆုံးပါပဲ။ဒါပေမဲ့လဲ ခဏခဏတော့ မမှားစေနဲ့ပေါ့။ မှားပြီးမှ ခွင့်လွတ်ခိုင်းတာထက် မမှားအောင်ကြိုနေကြည့်ကျပါ။နောက်ပြီးတော့ အကီနိုထင်တာကတော့ ကိုယ့်ဘ၀မှာ ဘာဖြစ်ချင်လဲ ဘာလိုချင်လဲဆိုတာကို မမေ့လိုက်ပါနဲ့။ အကီနို အရင်က အလုပ်တခုလိုချင်လို့ ရရာနေရာမှာ ၀င်လုပ်ရင်းနဲ့ ကိုယ်လုပ်ချင်တဲ့ webအပိုင်းနဲ့ ၂လလောက်ဝေးကွာခဲ့ရပါတယ်။ အခုတော့ ဘုရားသခင်ကောင်းမှုကြောင့် ကိုယ်လုပ်ချင်တာတဲ့ web အပိုင်းလေးဆီကိုပြန်ရောက်လာသေးလို့ အကီနို လမ်းကြောင်းလွဲမသွားသေးတာ။အချိန်တိုင်း စက္ကန့်တိုင်းမှာ ကိုယ့်အတွက် တန်ဖိုးရှိတာတဲ အချိန်တွေပါပဲ။ငယ်ငယ်က သူငယ်ချင်းတယောက်က အခုမှပြန်တွေ့ပြီး အကီနိုကိုပြောတယ် နင့်ကမ္ဘာလေးကကျဉ်းကျဉ်းလေး ပါတဲ့။ ဟုတ်ပါတယ် အကီနို ကမ္ဘာလေးက ကျဉ်းကျဉ်းသေးသေးလေးပါ။ ဒါပေမဲ့ အဲဒီကမ္ဘာလေးထဲမှာပဲ အကီနိုအေးချမ်းပျော်ရွှင်နေပါတယ်။ ညအိပ်ရာဝင်ခါနီးလို့ ငါဒီနေ့ အဖို့ဘုရားသခင်မကြိုက်တာဘာလုပ်မိလဲ ငါ့အမေမကြိုက်တာ ဘာလုပ်မိလဲ ငါ့သူငယ်ချင်း ငါ့ပတ်ဝန်းကျင် စိတ်မချမ်းသာအောင် ဘာလုပ်မိလဲ
တွေးကြည့်လို့ ဘာမှ မရှိခဲ့ရင် အကီနိုဖို့ ကောင်းသောအိပ်စက်ချင်းပါပဲ။

Follow

Get every new post delivered to your Inbox.

Join 1,031 other followers