ဟာသများ

ဟာသတွေကို အကီနိုသဘောကျတယ်။ဟာသတွေဖတ်ရင်းနဲ့ ဘ၀ရဲ့အမောတွေကိုဖြေဖျောက်ခဲ့ရတာတွေလည်းရှိတယ်။အကီနိုကြိုက်နှစ်သက်တဲ့ဟာသလေးတွေကို သူငယ်ချင်းတွေအားလုံးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

*တတိယ*
ကျား ။ ။ မင်းငါ့တတိယ မယားနဲ့တူတယ်
မ ။ ။ ရှင်ဘယ်နှစ်ခါ လက်ထပ်ဖူးလဲ
ကျား ။ ။ ၂ ခါ

*အားသလား*
ကျား ။ ။ ဒီထိုင်ခုံ အားနေသလား။
မ ။ ။ အားပါတယ်။ ရှင် ထိုင်ချရင် နောက် ထိုင်ခုံ တစ်ခုလည်း အားသွားပါလိမ့်မယ်။

*လက်ဆောင်*
ကျား ။ ။ ကျွန့်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ်။
မ ။ ။ ၀မ်းနည်းပါတယ်။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။

*သွားမလား*
ကျား ။ ။ မင်းနေရာ သွားမလား၊ ကျူပ်နေရာ သွားမလား။
မ ။ ။ရှင်က ရှင့်နေရာသွား၊ ကျွန်မက ကျွန်မနေရာသွားမယ်။

**ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား**

မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။”ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား”
သား။ ။ ”မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။”
အဖေ။ ။ ”အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။”

*ကောင်းရော….*
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို
သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
“အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့” ဟူတည်း။

*ကွာရှင်းလိုကြောင်း*
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
“ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ” အမျိုးသမီးက ရှင်းပြသည်မှာ
“ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ”
(၁) သြော်…ယောက်ျား
တွေ့စ
ဟာ.. ချစ်စရာလေး…ဖြူလွှလွှလေး… နတ်သမီးလေးကျနေတာပဲ။

ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး….ငါ့သူ့ကိုပဲ လက်ထပ်မယ်။

လက်ထပ်ပြီး(၁)နှစ်
ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ စိတ်ကောက်တတ်တာလေး တစ်ခုပဲ။

လက်ထပ်ပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့ မရတော့ဘူး။

လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ…အကျိုးသင့် အကြောင်းသင့် မစဉ်းစားတတ်တဲ့ မိန်းမ ငါဘာလို့ သူ့ကို လက်ထပ်မိပါလိမ့်…

လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။

လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။ ငါ့ကိုလည်း နားလည် ပေးတတ်တယ်။

လက်ထပ်ပြီး အနှစ်(၄၀)
ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို.. လူမူရေးမှာလည်း သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင် သူ့ကိုပဲ ငါလက်ထပ်မယ်။

မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မိန်းမတစ်ဦးကို ဆုံးရှုံးလိုက်ရပြီ….

(၂) သြော်…..မိန်းမ
တွေ့စ
ဟင်း..မအူမလည်လေး… တုံးအအ ပုံစံလေးနဲ့…ချစ်ဖို့ကောင်းတယ်

ချစ်စ
သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး..ငါ့သူနဲ့ပဲ လက်ထပ်မယ်။

လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။ ယောက်ျားပီသတယ်။

လက်ထပ်ပြီး (၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။ ကြိုးစားတယ်။

လက်ထပ်ပြီး (၁၀)နှစ်
သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ မလဲတောင် မသိဘူး။

လက်ထပ်ပြီး အနှစ်(၂၀)
သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား…

လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊ ခေါင်းက မာသေး…

လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော မယူဘူး…

ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ….

စာမေးပွဲကျတဲ့ သူငယ်ချင်း တစ်ယောက်က သူစာမေးပွဲကျရတာ
စာကျက်ချိန်မရလို့ပါတဲ့။ တစ်နှစ်မှာ ၃၆၅ ရက်ပဲရှိတော့ ဘယ်လိုလုပ်ပြီး
စာကျက်ချိန်ရတော့မလဲလို့ပြောပြီး သူကသေသေချာချာ တွက်ပြပါတယ်။
“”တစ်နှစ်မှာ တနင်္ဂနွေနေ့ပေါင်း ၅၂ နေ့ရှိတယ်လေ။ တနင်္ဂနွေဆိုတာက နားရက်လေ၊
ဘယ်လိုလုပ်ပြီး စာကျက်မလဲ၊ ကဲ- တစ်နှစ်မှာ ၃၆၅ ရက်ရှိတော့ ၅၂ ရက်ကို နုတ်၊ ၃၁၃
ရက် ကျန်သေးတယ်ထား”"
“”လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီတော့ အိပ်ပေးဖို့ လိုတယ်လေ၊ အဲဒီ့တော့
တစ်နှစ်မှာ ရက်ပေါင်း ၁၇၂ က အိပ်တာနဲ့ပဲ ပြီးသွားရော၊ ဒီတော့ ၁၄၁ ရက်ပဲ
ကျန်တော့တယ်”"
“”ကျန်းမာရေးအတွက် ကစားခုန်စားလုပ်ဖို့ကလဲ လိုအပ်တော့ တစ်နေ့မှာ တစ်နာရီ
ကစားတယ်ဆိုရင် တစ်နှစ်မှာ ၁၅ ရက်က ကစားဖို့၊ ဒီတော့ ၁၂၆ ရက်ပဲ ကျန်တော့တယ်”"
“”ထမင်းစားချိန်ပေးရတာနဲ့၊ ကော်ဖီသောက်ချိန်ပေးရတာနဲ့၊ Chewing gum
ဝါးရတဲ့အချိန်တွေကိုပါ ပေါင်းလိုက်ရင် တစ်နေ့မှာ ၂ နာရီလောက် အချိန်ပေးနေရတော့
တစ်နှစ်လုံးဆိုရင် ရက်ပေါင်း ၃၀ က စားဖို့သောက်ဖို့ အချိန်ပေးလိုက်ရပြန်ရော၊
ကဲ- ဘယ်နှစ်ရက်ပဲ ကျန်တော့လဲ၊ ၉၆ ရက်ပဲ ကျန်တော့တယ်”"
“”လူဆိုတာက လူ့အဖွဲ့အစည်းနဲ့ နေတာဆိုတော့ တစ်နေ့ကို တစ်နာရီလောက်က
စကားစမြည်ပြောရသေးတယ်၊ ဒီတော့ တစ်နှစ်မှာ ၁၅ ရက်က စကားပြောဖို့အချိန်ပေးရတယ်၊
၈၁ ရက်ပဲကျန်တော့တယ်နော်”"
“”လပတ်စာမေးပွဲတွေ၊ ပထမ၊ ဒုတိယအစမ်းစာမေးပွဲတွေ၊ အစစ်ကြီးတွေနဲ့ တစ်နှစ်မှာ
၃၅ ရက်လောက်က စာမေးပွဲချည့် ဖိဖြေနေရတော့ ၄၆ ရက်ပဲ ကျန်တော့တယ်”"
“”နေ့ထူးနေ့မြတ်တွေကလဲ တစ်နှစ်မှာ ရက် ၄၀ လောက်ဖြစ်နေတော့ သွားပြီပေါ့၊ ၆
ရက်ပဲ ကျန်တော့တယ်”"
“”အအေးမိလို့ နှာစေးလို့ နားနေရတာက တစ်နှစ်လုံးမှာ ၃ ရက်ပဲ ရှိတယ်ထားဦး၊ ၃
ရက်ပဲ ကျန်တော့တယ်”"
“”တစ်နှစ်မှာ ၂ ရက်ပဲ ရုပ်ရှင်သွားကြည့်တယ်ထားပါ၊ ၁ ရက် ပဲကျန်တော့တယ်”"
“”အဲဒီတစ်ရက်ကျတော့လဲ ကျွန်တော့်မွေးနေ့ ဖြစ်နေရော၊ ကဲ- ဘယ်လိုလုပ်ပြီး
စာကျက်တော့မလဲ”"

သူငယ်ချင်းတစ်ယောက်ရဲ့ Blogspotထဲကဟာသလေးပါ

Direction မှားသွားတဲ့ mail တစ်စောင်ကြောင့် . . .

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ
အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီးအီးမေးလ်တစ်စောင်ပို့လိုက်တယ်။
ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။
အဲဒီအချိန် ….
ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကိုစစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားကအပြေးလေးဝင်လာတော့
အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက
သို့ … ချစ်ဇနီးအကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီနေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ
ကိုယ်သိနေတယ်။သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကိုအီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်းအဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင်ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။မနက်ဖြန် တွေ့ကြတာပေါ့။မင်းကိုချစ်တဲ့မောင်….

5 Comments Add your own

  • 1. အောင်လင်း  |  March 27, 2009 at 3:47 am

    ဟာသလေးတွေလည်း ကောင်းတယ်…အဆင့်မြင့်တယ်…

    Reply
  • 2. khinmgkyaw  |  July 21, 2009 at 4:17 pm

    Good for life . ရီသောသူအသက်ရှည်တယ်ဆိုဘဲ

    Reply
  • 3. khinmgkyaw  |  July 21, 2009 at 4:18 pm

    အချိန်ရရင် ebook တွေဖတ်အုံးမယ်နော်

    Reply
  • 4. khinmgkyaw  |  August 29, 2009 at 1:28 am

    သိပ်ကောင်းတဲ့ဟာသလေးတွေပါ။မိန်းကလေးတွေက ယောက်ျားလေးတွေအပေါ်ထားတဲ့ဟာသလဲဖော်ပြဦးနော်

    Reply
  • 5. Aung Thu Ra  |  November 2, 2009 at 8:53 am

    My dear Ahneko,

    Pls upload some more jokes when you free?

    Best wishes
    Aung Thu Ra

    Reply

Leave a Comment

Required

Required, hidden

Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Trackback this post  |  Subscribe to the comments via RSS Feed