အကီနို ကြိုက်နှစ်သက်လို့ စုဆောင်းထားတဲ့ ကဗျာလေးတွေကို ဖော်ပြထားပါတယ်။
နှုတ်ဆက်ခြင်း
ငြိမ်သက်နေတဲ့ လမ်းကလေးပေါ်
နီယွန်မီးတွေဖြာကျ
ကြေကွဲခြင်းရဲ့ နောက်ဆုံးညပေါ့ ကောင်လေးရေ…
အခန်းတခုထဲမှာ
ဂစ်တာရယ် သံစဉ်ရယ် ခံစားတတ်တဲ့နှလုံးသားရယ်ကို
အပြီးတိုင်သော့ခတ် သိမ်းဆည်းလိုက်တော့မယ်
ချစ်ခြင်းအပြည့်နဲ့ အနီရောင်ကျောပိုးအိတ်ကလေးကိုတော့
မင်းလွယ်သွားပါ…
ဒဏ်ရာတွေကိုယ်ဆီနဲ့ ဝေးသွားချိန်မှာ
နှုတ်ဆက်ဖို့ မကြိုးစားပါနဲ့
ဝမ်းနည်းခြင်းတွေနဲ့ ငါမငိုချင်ဘူး
ရှေ့ဆက်ရမဲ့ မင်းရဲ့လမ်းတွေ
ပျော်ရွှင်စေဖို့ ဆုတောင်းရင်း
မနက်ဖြန်များစွာမှာ
ငါမင်းကို မလွမ်းဘဲ
သတိရနေမှာပါ…..
သတိတရ
ငါမြင်နေရတဲ့ မျက်နှာတွေ
အများကြီးပါ ဒါပေမဲ့
ငါမြင်ချင်တဲ့ မျက်နှာတခုကရှိမနေဘူး
ငါတွေ့နေရတဲ့ ပုံရိပ်တွေက
အများကြီးပါ ဒါပေမဲ့
ငါတွေ့ချင်တဲ့ ပုံရိပ်တခုကတော့ ရှိမနေဘူး
ငါဆုံဆည်းနေရတဲ့ လူတွေ
အများကြီးပါ ဒါပေမဲ့
ငါဆုံဆည်းချင်တဲ့ လူတယောက်က ရှိမနေဘူး
ငါ့ကို သတိရနေတဲ့ လူတွေ အများကြီးရှိနေနိုင်ပါတယ်
ဒါပေမဲ့
ငါသတိရနေတဲ့ သူတယောက်ကတော့
ငါ့ကိုမေ့နေလေရဲ့
အလွမ်း
လမ်းမမီးရောင်များ
မှုန်ရီဝိုးတ၀ါး
ကြယ်တွေမစုံတဲ့
ညတညမှာ
ခပ်ပြင်းပြင်းအလွမ်း သီချင်းတပုဒ်ကို
အေးစက်စက် ကော်ဖီတခွက်လောက်နဲ့
မျောချလိုက်နိုင်ပေမဲ့
တမ်းတလွမ်းဆွတ်စွာ
မင်းအကြောင်း
စဉ်းစားရင်းနဲ့ ငိုခဲ့ရတဲ့
ညတွေမှာ
ဆူညံသွားတဲ့ ကားတစိးသံ
ကြွေကျသွားတဲ့
ကြယ်ပွင့်တပွင့်ကတောင်
ဖျက်ဆီးနေရာ မယူနိုင်ခဲ့ပါဘူး
ဝေးခဲ့ရသူရေ…..
အမေ
ဘ၀ဟာ ညခင်းဆို
အမေဟာ လတစင်းပါ
အားလုံးကမလိုချင်တော့တဲ့ အချိန်မှာတောင်
အမေက ငြိုငြင်ချင်းမရှိ
အလင်းအတိပေးခဲ့တယ်
စကားချိုချိုပြောသံတွေရဲ့ နောက်မှာ
အယုံလွယ်တဲ့ အမေ့သမီးလေး
အသည်းလည်းကွဲခဲ့ဖူးပြီ
ချစ်ခြင်းတရားလက်နက်ပုန်း
ခင်မင်မှုလက်နက်တွေကြားမှာ
ရှောင်ချိန်မရ ပုန်းချိန်မရ
အံအားသင့်နေတုန်းမှာ
နောက်ဆုံးတော့
မီးသာလျင်ပြိုလဲခဲ့ရတယ်
(တွန်းချခံရတယ်)
ထမင်းတနပ် ဟင်းတခပ်ကို
မျက်နှာကြည့်ရင်း မျိုချ
အဲဒီနေရာမှာ
အမေသာဆိုရင်…..
“အကယ်၍…ဒါပေမဲ့”
အကယ်၍…
မင်းငါ့ကို မမြင်ချင်ရင်
ငါပုန်းနေပါ့မယ်
ဒါပေမဲ့
ပြန်လာမရှာမှာ…စိုးရိမ်တယ်
အကယ်၍…
ငါ့စကားတွေကို မင်းမကြားချင်ရင်
ငါမျိုသိပ်ထားပါ့မယ်
ဒါပေမဲ့….
ငါ့ရင်ထဲကို မင်းမမြင်မှာစိုးရိမ်တယ်
အကယ်၍
ငါ့ငိုနေခဲ့ရင်တောင်မှ
အလှဆုံးပြုံးနေပါ့မယ်
ဒါပေမဲ့….
ငါပျော်နေတယ်လို့မင်းထင်မှာစိုးတယ် ….
နေ
ရောင်ပြန်တုံးတစ်တုံးမဟုတ်တဲ့
ကမ္ဘာဆီကို
မိုင်ပေါင်း
ကိုးကုဠေနှစ်သိန်းသုံးသိန်းဝေးတဲ့နေက
အလင်းတွေပေးနေတာ
ကြာလှပေါ့
ငါလည်းနင့်ဆီကို
နေတစ်စင်းလို ချစ်ခြင်းတွေပေးနေတာ
ကြာ….လှပေါ့
Be my man
you are the one who’s by my side
you help me thought the tough times
and when I lost hope
You cry with me at sad time and
laught at all my jokes
You never seem to judge me or ever put me down
You are more than just my friends
You are better than my brother
You are present for me from the god sent me…
Always
I wish you were here
I wish you were close
and those are the times that
I wishing the most
I want you so bad to hold
and to touch and to love
That is because I love you so much
and I want you to know whatever you do…
I will always be still beside you and
I will always be love you.
ကြယ်
ညမှာဘာမှမရှိတဲ့
ကောင်းကင်ထဲက
ကြယ်ကလေးတစင်း
ဖြစ်ချင်တယ်
ဖြစ်ခွင့်သာရမယ်ဆိုရင်
အိပ်ပျော်နေတဲ့
ချစ်သူလေးဆီ
မီးမှိတ်ထားတဲ့
သူ့အခန်းလေးဆီကို
အလွမ်းတွေ
ထိန်းချုပ်မရတဲ့အခါ
တိတ်တဆိတ်
ကြွေဆင်းလာချင်တယ်….
”မာန”
မခေါ်လိုလျင်
မလာတော့ဘူး
ကွယ်ရာမှာပဲကြိတ်ငိုမယ်
မလာလိုလျင်
မခေါ်တော့ဘူး
မျှော်လင့်ချက်တွေမြိုသိပ်မယ်
ထားရစ်ခဲ့လျင်
မလိုက်တော့ဘူး
ဒဏ်ရာတွေနဲ့ရပ်တည်မယ်
”ခေါ်သံ”
ပြိုကျမယ့်
မျက်ရည်တွေတောင်
ဘယ်နေရာစီးမျောရမလဲ
ငါ့မြစ်ဝှမ်းတစ်ပြင်လုံး
အလွမ်းတွေပြည့်သိပ်လို့
မျိုသိပ်မှုတွေ
ပွန်းပဲ့လှနီးပြီ
မင်း…ရင်ထဲ
င့ါရဲ့ခေါ်သံတွေ
တစ်စွန်းတစမျှ
ပဲ့တင်ထပ်မနေဘူးလား
ချစ်သူရယ်…….
”ကျေးဇူး”
နေအလင်းရောင်ရဲ့ ပြင်းပြမှုအောက်မှာ
နားမလည်ခြင်းများစွာနဲ့ ငါစောင့်နေတုန်းပါ
ငါသိထားတဲ့ အချစ်ဆိုတာနဲ့
ငါသိလိုက်ရတဲ့အချစ်နဲ့ ဘာကြောင့်များမတူညီရတာလဲ
တကယ်ဆို အဖြူစင်ဆုံးဆိုတာတွေကိုပဲ ပေးဆပ်ခဲ့တာပါ
ငါမရှိတဲ့ ကမ္ဘာတစ်ဖက်မှာ သူဘာလုပ်နေမလဲ
သူမရှိတော့တဲ့ ငါ့ကမ္ဘာဟာ တိတ်ဆိတ်ခြောက်ကပ်ဆဲပါ
ဘာပဲဖြစ်ဖြစ်
ဟောဒီ ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာ
အသက်ရှင်ရပ်တည်နေပေးတဲ့အတွက်ကျေးဇူးပါပဲ…
”အရှုံး”
လှည့်ကြည့်မှတဲ့လား
ရင်ထဲမှာ ပုံရိပ်ရှိပြီးသားပါ
နှုတ်ခမ်းစေ့ထားပေမဲ့
မျက်ဝန်းတွေမှာ စကားတွေဖိတ်လျှံဆဲပါ
ထားရစ်ခဲ့တယ်ဆိုပေမဲ့
လှစ်ဟကြည့်မယ်ဆိုရင်
အရှုံးများနဲ့ ချစ်သူပျော်စေဖို့
အမြဲပေးဆပ်ချစ်နေတုန်းပါ













အကီနို ရဲ့ site လေးကို ပထမဆုံးရောက်လာတာပါ။ http://www.thadarphyu.net ကတစ်ဆင့်တွေ့တာလေ။
ကဗျာလေးတစ်ပုဒ်ကိုအရမ်းကြိုက်တယ်သိလား။စာရေးလဲကောင်းတယ်နော်။
ဟုတ်ကဲ့ပါရှင်လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဘယ်ကဗျာလေးကိုကြိုက်တာလဲမသိဘူး…
မင်္ဂလာပါ…….
ကဗျာလေးတွေရှာဖွေရင်း ahkeno ရဲ့ site လေးကို ရောက်လာပါတယ်..
ကဗျာအားလုံးကို ကြိုက်တယ်…….
အားပေးနေမယ်နော်….
ခွင့်ပြုမယ်ဆိုရင်..ကူးယူသွားခြင်းပါတယ်……
မင်္ဂလာပါရှင်
လာလည်တာကျေးဇူးပဲနော်
ဟုတ်ကဲ့ပါ သဘောကျရင် ကူးပါ အကီနိုလဲ ကဗျာချစ်သူပါ
like
မင်္ဂလာပါ…….
ကဗျာလေးတွေရှာဖွေရင်း ahkeno ရဲ့ site လေးကို ရောက်လာပါတယ်..
ကဗျာအားလုံးကို ကြိုက်တယ်…….
အားပေးနေမယ်နော်….
ခွင့်ပြုမယ်ဆိုရင်..ကူးယူသွားချင်ပါတယ်……
ကျေးဇူးပါ……ကူးသွားပြီးနော်……
ပျော်ရွှင်ပါစေ…..
ကဗျာလေးတွေ ကောင်းတယ်အမ
အရှေ့အရပ်က နေထွက်တယ
်အနောက်အရပ်က နေ၀င်တယ်
တောင်အရပ်မှာ ပင်လယ်ပြာရှိတယ်
မြှောက်အရပ်မှာ ဓူဝံကြယ်ရှိတယ်
ငါ့ခေါင်းပေါ်မှာ ကောင်းကင်ကြီးရှိတယ်
ငါ့အောက်မှာ ငါ့အရိပ်ရှိတယ်
ငါ့ရင်ထဲမှာတော့မင်းရှိတယ်။
winenox6
ထားရစ်ခဲ့လျင်
မလိုက်တော့ဘူး
ဒဏ်ရာတွေနဲ့ရပ်တည်မယ်
အရမ်းပဲ ခိုက်တယ် အဲဒါလေးကို သဘော အကျဆုံးပဲ
အစ်မ ကဗျာလေးတွေက အရမ်းကောင်းတယ် ၊ ကြယ်ဆိုတဲ့ ကဗျာကို ကြိုက်တယ်
အားပေးနေမယ်
Play Boy သန်းနိုင်က ဘုရားပေးတဲ့ ဆု တဲ့ …
ညီမလေး အကီနို ကတော့ Be my man ပေါ့လေ … glorious thought !
That poem was I copy from somewhere!
ကျတော်ကိုလဲ ကဗျာလေးတွေ ကူးခွင့်ပေးပါဗျ
ကဗျာတွေကခံစားရတယ်